ဆီးချိုသွေးချိုရှိသူများအတွက် တစ်နေ့လျှင် ထမင်း (၃) နပ်ဥပမာများ

tips

ဆီးချိုသွေးချိုရောဂါ စဖြစ်စ သို့မဟုတ် ဖြစ်နေပါက ပုဂ္ဂိုလ်ရေးအရဖြစ်စေ လူမှုရေးအရဖြစ်စေ စိန်ခေါ်မှုများနှင့် အတားအဆီးများစွာ ဖြင့်ရင်ဆိုင်ကြရပါသည်။ အတားအဆီးများသည် အစားအစာများကို ကျန်းမာရေးနှင့်ညီညွတ်သည်ဟု ယူဆပြီး သင့်အတွက် မှန်ကန်သည့်အရာများသည် ကွဲပြားပြီး သတ်မှတ်ထား သည်များကို မလိုက်နာပါက မှားယွင်းနိုင်သည်။ ၎င်းသည် စိတ်ဖိစီးမှုကို ဖြစ်စေပြီး စိတ်ဖိစီးမှုကို ကြောင့် ဖြစ်လာသော ဟော်မုန်းသည် သွေးတွင်းသကြားဓာတ်မြင့်တက်စေသည်မှာ လူသိများသည်။ ဆီးချိုသွေးချိုရှိသူတစ်ဦး၏ လူနေမှုပုံစံပြောင်းလဲခြင်းများစွာထဲမှာ အဓိကအချက် (၃) ချက်မှာ အမြဲတက်ကြွစွာနေထိုင်ရန်၊ ကျန်းမာသော အစားအစာများကိုသာ စားသုံးရန်အတွက် အာရုံစိုက်ရန် နှင့် ဆီးချိုသွေးချိုကို ထိန်းချုပ်ရန်အတွက် စိတ်ဖိစီးမှုကို သေချာစွာစီမံရန်ဖြစ်သည်။

၁။ တက်ကြွစွာနေထိုင်ဖို့ အကြောင်းပြချက် အမြဲရှာပါ။

လေ့ကျင့်ခန်းလုပ်ခြင်း၏ ကောင်းကျိုးမှာ သင်မျှော်လင့်ထားသည့် အမြင့်ဆုံးကိုယ်အလေးချိန်သို့ ကျဆင်းရန် မလိုပါ။ အဘယ်ကြောင့်ဆိုသော် မည်သည့်ပမာဏကျကျ ကောင်းမွန်သောကြောင့်ဖြစ်သည်။ ပျမ်းမျှအားဖြင့် တစ်ပတ်လျှင် မိနစ် ၃၀ မှ ၆၀ အထိ လေ့ကျင့်ခန်း (၃) ကြိမ်ပြုလုပ်လျှင် လုံလောက်ပါသည်။ လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ဖြေးဖြေးနှင့် မှန်မှန်ပြေးခြင်း၊ အားထည့်လမ်းလျှောက်ခြင်း နှင့် အေရိုးဗစ်လေ့ကျင့်ခန်းများ အပါအဝင် လေ့ကျင့်ခန်းလုပ်ခြင်းသည် သင့်နှလုံးခုန်နှုန်းကို မြှင့်တင်ပေးပါသည်။ လေ့ကျင့်ခန်းလုပ်ခြင်းအပြင် လူမှုရေးလှုပ်ရှားမှုများတွင် ပါဝင်ခြင်းသည် သင်၏အချိန်ကြာမြင့်စွာ ထိုင်မိခြင်းကို လျော့နည်းစေနိုင်သည်။ တစ်ယောက်တည်းလေ့ကျင့်ခန်းလုပ်သည့်အခါ ခက်ခဲ့ပါက သင်နှစ်သက်သည့် လုပ်ရိုးလုပ်စဉ်များ သို့မဟုတ် သင်နှစ်သက်သည့် လှုပ်ရှားမှုများပြုလုပ်ခြင်းသည်သင်လေ့ကျင့်ခန်းလုပ်ဖို့ စိတ်တက်ကြွလာရန် ကူညီပေးပါလိမ့်မည်။

၂။ ကျန်းမာရေးနှင့်ညီညွတ်သော ရွေးချယ်မှုများကို ပြုလုပ်ရန် ကြိုးစားပါ။

ကျန်းမာရေးနှင့်ညွီညွတ်သော ရွေးချယ်မှုများပြုလုပ်ခြင်းသည် သင်နှစ်သက်သော အစားအစာများနှင့် သင်စားသင့်သော အစားစာများအကြားတွင် ကျန်းမာသော မျှတမှုကို ပေါ်လွင်အောင် လုပ်ဆောင်ပေးခြင်းဖြစ်သည်။ သင်၏အာဟာရဗေဒပညာရှင်တွင် အကောင်းဆုံးအကြံပြုချက်များ ရှိမည်ဖြစ်သော်လည်း ယေဘုယျအားဖြင့်လိုက်နာရမည့် စည်းမျဉ်းများမှာ သကြားများစွာပါဝင်သော အစားစာများကို ရှောင်ကျဉ်ရန် (ဥပမာ ပြုပြင်ထားသော အစားအစာများတွင် အများဆုံးတွေ့ရသည်) အမျှင်ဓာတ်ကို အပင်မှထုတ်ထားသော အစားအစာများကို အာရုံစိုက်ပါ၊ ပြုပြင်ထားသော အဆီများကို ရှောင်ကျဉ်ပါ ( ဥပမာ ထုထုပ်ပိုးထားသော အသင့်စားအစာအစာများတွင် တွေ့ရသည်) Glycemic Index နိမ့်သော ကာဗိုဟိုက်ဒရိတ်ကို ရွေးချယ်ပါ (သွေးတွင်း သကြားဓာတ်မြင့်တက်မှုကို နှေးစေသောအစားအစာများ)။ တစ်နေ့လျှင် အဓိက စားသုံးသော (၃) ကြိမ်တွင် သင်စားသုံသော အစားအစာများကို ပိုသတိထားပါ၊ ၎င်းသည် သင့်အတွက် အဓိကအာဟာရများရရှိနိုင်သောကြောင့်ဖြစ်သည်။

အစားအသောက်များပြောင်းလဲခြင်းသည် အဆာပြေအစားအစာများ ကို စားသုံးရန် ကန့်သတ်ခြင်းဟုမဆိုလိုပါ၊၊ ကျန်းမာရေးနှင့်ညီညွတ်သော ရွေးချယ်မှုများကို ရွေးချယ်ရန်သာ အဓိကဖြစ်ပါသည်။ အဓိက အစားအစာ၏ အကြွင်းအကျန်ဖြစ်နေလျှင်ပင် သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ ဒိန်ချဉ်၊ အခွံမာသီးများ ကိုရွေးချယ်ပါ။ Glucerna ကဲ့သို့ အားကောင်သည့် လက်တွေ့လေ့လာမှုများမှ  ပံ့ပိုးထားသော ဆီးချိုသွေးချိုရောဂါအတွက် သီးသန့် အာဟာရဖြည့်စွက်အစားအစာ များကိုလည်း ထည့်သွင်းစဉ်းစားနိုင်ပါသည်။ တစ်ခါဖျော်စာအတွက် သွေးတွင်းသကြားဓာတ် မမြင့်တက်စေရန် တစ်ခါဖျော်စာတွင် Glycemic Index နိမ့်သော အဆင့်မြင့်ကာဗိုဟိုက်ဒရိတ် (Myo-inositol) ဖြင့်ဖော်စပ်ထားပါသည်။ အမျှင်ဓာတ်များ၊ ပရိုတင်းဓာတ်၊ နှလုံးကျန်းမာစေသောအဆီများနှင့် အထူးပေါင်းစပ်ထားသော ဗီတာမင်နှင့်သတ္တုဓာတ် ၂၈ မျိုးသည် သင့်အာဟာရလိုအပ်ချက်များကို ဟန်ချက်ညီစေသည်။

၃။ သင့်လျော်သောစိတ်ဖိစီးမှုများကို ကိုင်တွယ်ဖြေရှင်းသည့် နည်းလမ်းကို ကျင့်သုံးပါ။

သွေးတွင်းသကြားဓာတ်မြင့်တက်ခြင်းနှင့် နိမ့်ခြင်း နှစ်မျိုးလုံးသည် အိပ်စက်ခြင်းပေါ်တွင် သက်ရောက်မှုရှိသောကြောင့် ၎င်းသည်သင့်အား ပိုမိုစိတ်တိုစေခြင်း၊ ဟော်မုန်းမညီမျှမှုကို ဖြစ်စေခြင်းနှင့် အကျိုးရလဒ်အနေဖြင့် အားရစရာမကောင်းသော အာဟာရရွေးချယ်မှုကို ဖြစ်စေသည်။ စိတ်ဖိစီးမှုဖြစ်စေသော အရာများကို သင်မထိန်းချုပ်နိုင်သော်လည်း ၎င်းအရာများကို မည်သို့ တုံ့ပြန်ရမည်ဆိုတာကို သင်ကိုယ်တိုင်ထိန်းချုပ်နိုင်ပါသည်။ လူတစ်ဦးချင်းစီအလိုက် လိုက်လျောညီထွေမှုကွဲပြားနိုင်သော်လည်း ၎င်းကိုဖြေရှင်းနိုင်သည့်အဓိကသော့ချက်မှာ အိပ်ရေးဝအောင်အိပ်စက်ခြင်း၊ တက်ကြွစွာနေထိုင်ခြင်းနှင့် ထောက်ပံ့မှုကို လိုအပ်သည့်အခါမှာ ဘယ်တော့မှ ရှက်ရွံ့မှုမရှိခြင်း တို့ဖြစ်သည်။ ကောင်းမွန်သော ပံ့ပိုးမှုစနစ်သည် ပိုမိုကောင်းမွန်သော ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးနှင့်ညီမျှကြောင်း ကျွမ်းကျင်သူများမှ သဘောတူထားသောကြောင့် သင့်သူငယ်ချင်းများ၊ မိသားစုများ၊ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များထံ ဆက်သွယ်ပြီး သင်လုပ်ဆောင်ခဲ့သည့် တိုးတက်မှုများအတွက် အတူတကွပျော်ရွှင်လိုက်ပါ။

နမူနာပစ္စည်းရယူရန်

References:

  1. https://www.webmd.com/diabetes/features/five-ways-to-control-type-2-diabetes
  2. https://glucerna.ca/en/managing-diabetes/exercise
  3. https://glucerna.ca/en/managing-diabetes/overcoming-barriers
  4. https://glucerna.ca/en/managing-diabetes/eating-dos-donts
  5. https://glucerna.ca/en/managing-diabetes/mood-swings-stress

https://glucerna.ca/en/products