ဆီးချိုသွေးချိုရှိသူများ အမြဲကြားနေရတဲ့ အချက် (၃) ချက်
article 25 thumb

ကမ္ဘာပေါ်ရှိလူဦးရေ ၄၁၅ သန်းခန့်က ဆီးချိုသွေးချိုရှိသူများဖြစ်ပြီး1ကျွန်ုပ်တို့သည်ထိုသူများထဲကတစ်ယောက်ကို ကောင်းမွန်တဲ့အကြံဉာဏ်များပေးနိုင်ဖို့ အခွင့်အရေးများစွာရှိပါတယ်။ ဆီးချိုသွေးချိုရှိခြင်းကို ဖြေရှင်းရခြင်းက တစ်ဘဝလုံးစာဖြစ်လာနိုင်ပြီး အချို့သူများအတွက် ပင်ပန်းလာနိုင်ပါတယ်။ ဆီးချိုသွေးချိုရှိသူများသည် ပတ်ဝန်းကျင်ရှိမိတ်ဆွေများထံမှ အကြံဉာဏ်များနှင့် ဝေဖန်မှုများကို ရနိုင်တာကောင်းမွန်သော်လည်း အချို့ဆီးချိုသွေးချိုရှိသူများအတွက်တော့ အဆင်မပြေဖြစ်နိုင်ပါတယ်။ အစားအသောက်ရွေးချယ်ခြင်း ဖြည့်စွက်စာများ (ဥပမာ – Glucerna) က သွေးတွင်းအချိုဓာတ်ကို ထိန်းချုပ်နိုင်ပြီး အောက်ပါအချက်များသည် ဆီးချိုသွေးချိုရှိသူများ အမြဲကြားနေကြ အချက်အနည်းငယ်ဖြစ်ပါတယ်။2,8

“အဲ့ဒါကပိုဆိုးသွားနိုင်တယ်” သို့မဟုတ် “အနည်းဆုံးတော့ အဲ့လောက်မဆိုးသေးပါဘူး”

သင်သိတဲ့ ဆီးချိုသွေးချိုရှိသူတစ်ယောက်ရဲ့ အကြောင်း ဒါမှမဟုတ် နောက်ဆက်တွဲဆေးဝါးတွေက ဘယ်လောက်စျေးကြီးကြောင်း အခြားသူများကို မျှဝေနေခြင်းကို ခနလောက်ရပ်ထားလိုက်ပါ။ ခြောက်လန့်ခြင်း သတိပေးခြင်းက ဆီးချိုသွေးချိုရှိသူရဲ့ အကြောက်တရားကို ပိုမို တိုးပွားလာစေပြီး အန္တရာယ်ရှိတဲ့ စားသောက်မှုပုံစံကိုပါ အမြဲဖြစ်သွားစေနိုင်ပါတယ်။ ဆီးချိုသွေးချိုရှိသူများဟာ သွေးလည်ပတ်မှုပြဿနာများ၊ အာရုံကြောထိခိုက်ခြင်းများ နှင့် အနာမကျက်လွယ်ခြင်းများကို ကောင်းစွာသိနားလည်ထားကြပါတယ်။3,5

“ငါလည်းသကြားစားပါတယ်၊ ငါ့မှာတော့ ဆီးချိုသွေးချိုမရှိဘူး”

ဤအချက်ကဲ့သို့သောအကြောင်းအရာ၏နောက်ကွယ်တွင် ဖုံးကွယ်ထားသောအချက်မှာ ဆီးချိုသွေးချိုရှိသူများသည် အချိုပါသောအစားအစာများကို မစားသုံးသင့်ပါ။ တစ်ချို့သူတွေက ကွဲပြားစွာမွေးဖွားလာကြပြီးး မျိုးရိုးလိုက်လို့ လည်းဖြစ်နိုင်ပါတယ်။ ဆိုလိုတာက သင့်မှာဆီးချိုသွေးချိုရှိဖို့ အလားအလာမရှိရင် အချိုပွဲတွေ စားရုံနဲ့ ဆီးချိုသွေးချိုမဖြစ်နိုင်ပါဘူး။2 ​ကျန်းမာရေးနဲ့မညီညွတ်တဲ့ စားသောက်မှုအလေ့အကျင့်နဲ့ ပြုပြင်ထားတဲ့ ကစီဓာတ် အများအပြားစားသုံးခြင်း (ဥပမာ ထုတ်ပိုးထားသောအစားအစာများ၊ ပေါင်မုန့်အဖြုူ၊ ထမင်းဖြူ၊ သို့ မပြည့်ဝတဲ့အစားအသောက်ထုတ်ကုန်များ) ပြည့်ဝဆီများနှင့် ပြုပြင်ထားတဲ့အဆီများ (ဥပမာ အကြော်အလှော်များနှင့် သရေစာများ) များက ဆီးချိုသွေးချိုဖြစ်ဖို့ အခွင့်အရေးတိုးလာနိုင်ပါတယ်။4,6  

“ငါပြောသားပဲ၊ အစားအသောက်ဆင်ခြင်ဖို့ကြိုးစားကြည့်သင့်တယ်”

ဘယ်အစားအစာအမျိုးအစားကိုမဆို ဖြတ်ကြည့်ခြင်းသည် သင့်ရဲ့ သွေးတွင်းဂလူးကိုစ့်ပမာဏကိုမမှန်ကန်နိုင်ပါ။ သွေးတွင်းဂလူးကိုစ့်ကိုထိန်းသိမ်းဖို့ အခြေခံစားသောက်သင့်တဲ့ ပုံစံက အစားအစာ ပမာဏကိုသတ်မှတ်ပြီး အာဟာရဓာတ်ညီမျှအောင် စားသုံးသင့်ပါတယ်။ တကယ်လို့ သင်စားရမဲ့ ပမာဏကိုသာသိပြီး မျှတအောင် စားသုံးမယ်ဆိုရင် သင့်မှာ ဆီးချိုသွေးချိုရှိလည်း ကောင်းမွန်စွာနေထိုင်နိုင်ပါတယ်။3,4 အဓိကအချက် ကတော့ အရည်အသွေးမြင့်မားတဲ့ကစီဓာတ် (ဥပမာ- ပြည့်ဝတဲ့အစားအစာများ) ဖြစ်ပြီး အဲ့ဒါက သင့်ရဲ့ သွေးတွင်းဂလူးကိုစ့်ပမာဏကို အဓိကသက်ရောက်စေမှာဖြစ်ပါတယ်။ အစားအစာတွေရဲ့ ကစီဓာတ်ပမာဏကို ဖော်ပြပေးတာကတော့ သွေးတွင်းအချိုဓာတ်အညွှန်းကိန်း ဖြစ်ပါတယ်။ ၁ က နေ ၁၀၀ ထိ သတ်မှတ်မှုပုံစံရှိပြီးတော့ အနည်းဆုံးပမာဏမှာရှိတဲ့အစားအစာတွေက ပြုပြင်ထားတာအနည်းဆုံးဖြစ်ပြီး (ဥပမာ – မုယောစပါး၊ အချိုမပါသော ဒိန်ချဥ်၊ ဂျုံကြမ်း၊ ပဲ၊ ဂျုံလုံး၊ ကစီဓာတ်မပါဝင်တဲ့ ဟင်းသီးဟင်းရွက်များ) သွေးတွင်းဂလူးကိုစ့်ပမာဏကို နှေးကွေးစွာ မြင့်တက်စေပါတယ်။7 ၎င်းတို့သည် ၎င်းတို့မှာပါဝင်တဲ့ အဓိက အာဟာရများနှင့် အမျှင်ဓာတ်များကို ထိန်းသိမ်းထားပေးတဲ့အတွက် ကစီဓာတ်ကို လွယ်ကူစွာ အစာမချေစေတော့ပဲ သွေးကြောထဲကို စုပ်ယူစေပါတယ်။

ဆီးချိုသွေးချိုနဲ့ ပတ်သက်တဲ့မှားယွင်းတဲ့အချက်များကိုလျစ်လျူရှုပြီးတော့ သင့်ဆရာဝန်ပြောတဲ့ စကားများကို လိုက်နာပါ။ တကယ်လို့ ဆီးချိုသွေးချိုရှိသူများအတွက်အထူးဖော်မြူလာ (DSF) ကို သင် စဉ်းစားနေပါက သင်သတိထားမိတဲ့ အရာက သိပ္ပံနည်းကျ သက်သေပြထားတဲ့ အချက်အလက်များဖြင့် ဆီးချိုသွေးချိုရှိသူများအတွက် တံဆိပ်တပ်ထားကြောင်း သေချာပါစေ။ ဥပမာ – အမေရိကန်ရှိ ဆရာဝန်များ၏ထောက်ခံမှုကို နံပါတ် (၁)9 ရထားသော Glucerna သည် ဆီးချိုသွေးချိုရှိသူများအတွက် အထူးဖော်စပ်ထားပြီး နှစ်ပေါင်း (၃၀) ကြာ လက်တွေ့လေ့လာမှုများ (၅၀) ကျေ်ပြုလုပ်ထားပါတယ်။ Glucerna တစ်ကြိမ်သောက်သုံးစာစီတိုင်းကို သွေးတွင်းအချိုဓာတ်အညွှန်းကိန်းနည်းအောင် ဖော်စပ်ထားပြီး ( ၁ မှ ၃ ကြိမ်၊ တစ်ကြိမ်စာအတွက် ၅ဇွန်း နှင့် ရေ ၂၀၀ မီလီလီတာ)8 အသစ်နှင့်အဆင့်မြှင့်ထားသော ကစီဓာတ်12 နှင့် Myo-inositol ၄ ဆ10 ပါဝင်ပါတယ်။ Myo-inositol (သို့ ) Inositol လို့ရည်ညွှန်းတဲ့ဟာသည် သွေးတွင်းဂလူးကိုစ့်ပမာဏကို ထိရောက်အောင် ထိန်းပေးနိုင်တဲ့ အင်ဆူလင်လုပ်ဆောင်ချက်ကို အတုယူသည့်အရေးကြီးသည့် ကစီဓာတ်တစ်မျိုးဖြစ်သည်။13 Glucerna တွင်အမျှင်ဓာတ်များ၊ နှလုံးကျန်းမာရေးကို ကောင်းစေတဲ့ ကောင်းမွန်တဲ့အဆီ၊ ဗီတာမင်နဲ့ သတ္တုဓာတ် ၂၈ မျိုးတို့ပါဝင်ပြီး ပြည့်စုံမျှတတဲ့ အာဟာရကို ရစေရန် ကူညီပေးပါတယ်။ Glucerna ကို သရေစာ (သို့) အစာအစားထိုးအဖြစ် သုံးဆောင်နိုင်ပြီး သွေးတွင်းဂလူးကိုစ့်ပမာဏကို ထိန်းညှိဖို့ကူညီပေးတာကို သုံးလအတွင်းသိသာစေပါတယ်။11 Glucerna ဖြင့် သင့်ရဲ့ ဆီးချိုသွေးချိုကြောင့်ဖြစ်တဲ့ သွေးတွင်းဂလူးကိုစ့်ပန်းတိုင်ကို လွယ်ကူအောင် ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် အကယ်၍သင့် နေ့စဉ်ဘဝနှင့် သင်လုပ်ဆောင်နေသောအရာများက ရုတ်တရက် ပြောင်းလဲသွားပါ။ Glucerna အသင့်သောက်ဘူးကို သင့်အာဟာရအတွက် သွားလေရာယူဆောင်သွားနိုင်သောကြောင့် စိတ်ပူစရာမလိုတော့ပါဘူး။ သင်သွားတဲ့ နေရာကို ယူဆောင်သွားပြီး အသင့်သောက်သုံးလိုက်ရုံပါပဲ။

Glucerna Myanmar ကိုဒီနေ့ပဲဝင်ရောက်လေ့လာပြီး နမူနာများရယူနိုင်ဖို့စာရင်းပေးသွင်းဖို့ဖိတ်ခေါ်ချင်ပါတယ်။

 

References:

  1. https://www.cdc.gov/globalhealth/infographics/diabetes/world-diabetes-day.html#:~:text=Today%20415%20Million%20people%20worldwide,a%20billion%20will%20have%20diabetes.
  2. https://www.abbott.in/corpnewsroom/diabetes-care/10-things-you-didn-t-know-about-diabetes-management.html
  3. https://www.diabetesqld.org.au/news/10-things-not-to-say-to-people-with-type-2/
  4. https://asweetlife.org/10-things-not-to-say-to-a-person-with-diabetes/
  5. https://www.healthpartners.com/blog/seven-things-not-to-say-to-someone-with-diabetes/
  6. https://www.webmd.com/diabetes/diabetes-tough-control
  7. https://www.mayoclinic.org/healthy-lifestyle/nutrition-and-healthy-eating/in-depth/glycemic-index-diet/art-20048478
  8. https://glucerna.ensuremyanmar.com/eng/
  9. IQVIA, using the ProVoice Survey, fielded to 14,550 physicians from September 1, 2020 to August 31, 2021
  10. Compared to previous formula of Glucerna
  11. Sun et al. Asia Pac J Clin Nutr. 2008.
  12. Jenkins et al. Diabetologia. 1982
  13. Chee et al. BMJ Open Diabetes Res Care. 2017; Sun et al. Asia Pac J Clin Nutr. 2008.

 

Supplemental Readings:

  1. https://www.milkandhoneynutrition.com/supporting-someone-with-diabetes-what-to-say-and-what-not-to-say/