Glucerna ၏ အဆင့်မြှင့်တင်ထားသော ကစီဓာတ်

Glucerna ၏ အဆင့်မြှင့်တင်ထားသော ကစီဓာတ်
ကျန်းမာရေးပညာရှင်များသည် ကျန်းမာစွာနေထိုင်ရန်အတွက် ကျန်းမာရေးနှင့် ညီညွတ်သောအစားအစာများကို စားသောက်ကြရန်နှင့် လေ့ကျင့်ခန်းပါ တွဲဖက်ပြုလုပ်ရန် အစဉ်အမြဲ အကြံပြုလေ့ရှိသည်။အကြောင်းရင်းမှာ ဆီးချိုသွေးချိုရောဂါကဲ့သို့သော ကျန်းမာရေးပြဿနာအများစုကို ကောင်းမွန်လာစေရန် နှင့် အသက် အရွယ်ရလာသောအချိန်များတွင် အမှီအခိုကင်းစွာ ရပ်တည်နိုင်စေရန် ဖြစ်သည်။ မှန်ကန်သော ရွေးချယ်မှုအတွက် Glucerna ၏ ရည်မှန်းချက်သည် သင့်အားပြီးပြည့်စုံပြီး မျှတသော အာဟာရများကို လိုအပ်နေသည့်အချိန်တွင် ဖြည့်စွက်ပေးရန် ဖြစ်သည်။ ယနေ့ခေတ်တွင် ကျွန်ုပ်တို့သည် Glucerna တွင်သာရနိုင်သော အဆင့်မြှင့်တင်ထားသည့် ကစီဓာတ်စနစ်၏ အကျိုးကျေးဇူးများနှင့် သင်၏ဆီးချိုသွေးချိုရောဂါအတွက် လိုအပ်သော အစားအစာကို ထောက်ပံ့ပေးနိုင်မည့် အထူးဖော်စပ်ထားသောအာဟာရများ ကို ဆက်လက်ဖော်ပြသွားပါမည်။
ဆီးချိုသွေးချိုအတွက် တိကျသော ပုံသေနည်းများသည် တည်ငြိမ်သော စွမ်းအင်ကိုပေးသည်။
ဆီးချိုသွေးချိုရောဂါရှိသူများသည် သွေးတွင်းအချိုဓာတ်ကို တည်ငြိမ်အောင်ထိန်းပေးသော အာဟာရ လိုအပ်ပါသည်။ အကယ်၍ လိုအပ်သောအာဟာရ အတွက် ဖြည့်စွက်စာတစ်ခုခုကို စားသုံးပါက ထိုသူတို့၏ သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေခြင်း သို့မဟုတ် အာဟာရလုံလောက်စွာမရဘဲ ဘေးထွက်ဆိုးကျိုးများ ဖြစ်စေနိုင်သည်။ လိုအပ်သော စွမ်းအင်ထုတ်လုပ်ရန်အတွက် အရေးကြီးသော အာဟာရမှာ ကစီဓာတ်ဖြစ်ပြီး ခန္ဓာကိုယ်မှ အသုံးပြုရန်အတွက် သကြားဓာတ်အဖြစ်သို့ ပြိုကွဲသွားပါသည်။ ကစီဓာတ်အားလုံးသည် မတူညီသောကြောင့် ဆီးချိုသွေးချိုသမားများသည် သွေးတွင်းအချိုဓာတ်အညွှန်းကိန်း (Glycemic Index) နိမ့်သော အစားအစာများကိုသာ ရွေးချယ်စားသုံးသင့်သည်။ အညွှန်းကိန်း ၁ မှ ၁၀၀ အထိသတ်မှတ်သောကြောင့် ညွှန်းကိန်း နိမ့်လေလေ သွေးတွင်းအချိုဓာတ်တက်မှု နှေးလေလေဖြစ်သည်။ သဘာဝအသီးအနှံများ၊ နို့၊ အမျှင်ဓာတ်များသောအုတ်ဂျုံများ နှင့် Glucerna ၏အဆင့်မြှင့်တင်ထားသော ကစီဓာတ်စနစ်များသည် sucrose (စားပွဲတင်သကြားများ) မပါဝင်ဘဲ စားသုံးသည့်အကြိမ်တိုင်းတွင် သွေးတွင်းအချိုဓာတ် နည်းပါးသည့်အတွက်ကြောင့် ဆီးချိုသွေးချိုသမားများအတွက် တည်ငြိမ်သောစွမ်းအင်ကို ထောက်ပံ့ပေးပါသည်။ Glucerna ကို အစားအသောက်၏ တစ်စိတ်တစ်ပိုင်း သို့မဟုတ် အစာအစားထိုး ဖြည့်စွက်စာ အဖြစ် ပုံမှန်သောက်သုံးပါက ၃ လအတွင်း သွေးတွင်းအချိုဓာတ်ကို စီမံခန့်ခွဲရာတွင် ကူညီပေးပါသည်။
အကောင်းဆုံးအာဟာရပေးနိုင်ရန်အတွက် အထူးထုတ်လုပ်ထားသောအာဟာရတွင် ပါဝင်နေသောပစ္စည်းများ
အစာမကြေလွယ်သော သို့ အသား မ၀ါးစားနိုင်သော အသက်ရလာသည့်မိဘများအတွက် ချစ်ရသော သူများမှ အကြံပြုထားသော သဘာ၀ အစားအစာများသာ (သို့မဟုတ်) ကြိုက်နှစ်သက်သည့် အစားအစာ တစ်ခုတည်း ကိုသာ စားသုံးခြင်းသည် လုံလောက်သော အာဟာရဓာတ်ကို ရရှိနိုင်မည် မဟုတ်ပါ။ လွန်ကဲစွာပြင်ဆင်ထားသော အစားအစာများတွင် အာဟာရဓာတ်အချို့ပါဝင်နိုင်သော်လည်း ၎င်းတို့တွင် ဆိုဒီယမ်ပါဝင်မှုမြင့်မားခြင်းနှင့် ရေရှည်တွင် ဘေးထွက်ဆိုးကျိုးများစွာရှိလာနိုင်ပါသည်။ ဗီတာမင် နှင့် သတ္တုဓာတ် ၂၈မျိုးကို သိပ္ပံနည်းကျ အထူးဖော်စပ်ထားသော Glucerna တွင် ပါ၀င်သည့် ဗီတာမင် B2၊ B12 နှင့် ဗီတာမင် C၊ B6 တို့သည် အားအင်ကုန်ခမ်းခြင်းနှင့် ပင်ပန်းနွမ်းနယ်မှုတို့ကို လျှော့ချပေးသည်။ အဆင့်မြှင့်တင်ထားသော ကစီဓာတ်စနစ် နှင့် ပေါင်းစပ်ထုတ်လုပ်ထားသောကြောင့် ဘေးထွက်ဆိုးကျိုးမရှိဘဲ တည်ငြိမ်သောစွမ်းအင်ကို ထုတ်ပေးပါသည်။ ဇင့်၊ ဗီတာမင် A နှင့် သံဓာတ် ပါ၀င်မှုလည်း များသောကြောင့် ဆီးချိုသွေးချိုသမားများ၏ ကိုယ်ခံအားကိုလည်း ကောင်းမွန်စွာထောက်ပံ့ပေးနိုင်ပါသည်။ မြင့်မားသော သွေးတွင်းအချိုဓာတ် ( အမျိုးအစား ၂ ဆီးချိုသွေးချိုရောဂါ) သည် ရောဂါကိုတိုက်ထုတ်ပေးသော ခုခံဆဲလ်များ၏ စွမ်းရည်ကို ဟန့်တားသောကြောင့် ဆီးချိုသွေးချိုသမားများသည် ကိုယ်ခံအားကောင်းစေရန်အတွက် အရည်အသွေးကောင်းမွန်သော အာဟာရဓာတ်များ လိုအပ်ပါသည်။
Glucerna သည် သင်၏ဆီးချိုသွေးချိုအတွက် အစားအသောက်ပုံစံကို မည်သို့အတိအကျပံ့ပိုးပေးသနည်။
အနံ့ပြင်းသောအစားအစာများနှင့် အရသာြပင်းပြင်းကို မကြိုက်သူများအတွက် အစာ အစားထိုးစားခြင်းသည် အလွန် အဆင်ပြေစေပါသည်။ နှစ်ပေါင်း ၃၀ ကျော်ကြာ သုတေသနပြုလုပ်ထားပြီး လက်တွေ့လေ့လာမှုပေါင်း ၅၀ ကျော်ဖြင့် ပြုလုပ်ထားသည့် Glucerna ၏ကောင်းမွန်ထိရောက်သော အာဟာရပံ့ပိုးမှုများကြောင့်သာမက စွယ်စုံအသုံးပြုနိုင်သည့် အာဟာရမှုန့်အနေဖြင့် ထုတ်လုပ်ထားသောကြောင့် ကျန်းမာရေးစောင့်ရှောက်မှုကျွမ်းကျင်သူများ (HCP) မှ နံပါတ် ၁ ထောက်ခံထားသော အာဟာရမှုန့်အဖြစ် မကြာခဏ အကြံပြုလျက်ရှိသည်။ကောင်းမွန်သောအာဟာရကိုပေးသော Glucerna အမှုန့် ကို သရေစာဖျော်ရည်အဖြစ် သို့မဟုတ် smoothie ဖျော်ရည်ပုံစံဖြင့်လည်းကောင်း၊ ကော်ဖီတွင် နို့အစားထိုး နှင့် ချက်ပြုတ်ရာတွင်လည်း အသုံးပြုနိုင်ပါသည်။ ထို့အပြင် Glucerna တွင် insulin ကဲ့သို့လုပ်ဆောင်သော အာဟာရဓာတ်ဖြစ်သည့် myo-inositol ၄ ဆ ( ငါးဇွန်းလျှင် ၈၀၀ မီလီဂရမ်) ပါ၀င်ပြီး သင့် insulin ၏ တုံ့ပြန်မှုကို တိုးမြှင့်စေသောကြောင့် ဇီ၀ဖြစ်စဉ်ကို တည်ငြိမ်စေရန် ကောင်းစွာကူညီပေးပါသည်။ Glucerna ၏ အဆင့်မြင့်ကစီဓာတ်စနစ်၏ အကျိုးကျေးဇူးမှာ ကစီဓာတ်ကို တဖြည်းဖြည်းချင်း ထွက်စေပါသည်။ Glucerna ၏ အဆင့်မြှင့်တင်ထားသော ကစီဓာတ်စနစ်တွင် အရည်အသွေးမြင့်သော ကစီဓာတ်များ ပါဝင်ရုံသာမက ကိုလက်စထရော နှင့် trans-fat များ ကင်းစင်သောကြောင့် နှလုံးကျန်းမာရေးကို အထောက်အကူဖြစ်စေပါသည်။
References:
- https://abbottfamily.com.sg/products/page/glucerna-triple-care
- https://www.todaysdietitian.com/newarchives/120913p40.shtml
- https://courses.lumenlearning.com/wm-biology1/chapter/reading-types-of-carbohydrates/
- https://abbottfamily.com.sg/articles/diabetes/inositol
- Chee WSS et al.BMJ Open Diabetes Res Care. 2017
- Sun J et al. Asia Pac J Clin Nutr. 2008
- https://abbottnutrition.com.my/products/glucerna
how much per tin?
ɲⱣɼ
Do nothing and earn up to $2,929,680!Just join the VIP and earn money without work!660,000 HD sexy photos download by package!URL:https://baby.much.pw/
100,000 Backlinks only $10,Subject to data from ahrefs.com.After paid $10 by PayPal (My PayPal:helloboy1979@gmail.com),Tell me your URL, email and comment content.I will complete the task within ten days.But It may take up to a month for the data updated from ahrefs.com.