ဆီးချိုသွေးချိုရှိသူများအတွက် အမျှင်ဓာတ်မြင့်မားခြင်း၏ အကျိုးကျေးဇူးများ။

fiber

သင်၏ အဘိုးအဘွားများထံမှ အကြံဉာဏ်ပေးကဲ့သို့ပင် ကျန်းမာသော အစားအစာကို တွေ့ရှိသူ မည်သူမဆို သင့်အား စစ်မှန်သောအစားအစာနှင့် အမျှင်ဓာတ်များပိုမိုစားသုံးရန် ပြောကြားလိမ့်မည်။ ရိုးရှင်းစွာပြောရလျှင် အမျှင်ဓာတ်သည် သင်၏ဆာလောင်မှုကို အချိန်ကြာမြင့်စွာ ဖြည့်တင်းပေးနိုင်ပါသည်။ အမျှင်ဓာတ်၏ အခြားကျန်းမာရေး အကျိုးကျေးဇူးများမှာ အဘယ်နည်း။ အမျှင်ဓာတ်သည် သင့်၏ဆီးချိုသွေးချိုထိန်းညှိခြင်းကို မည်သို့ ကူညီနိုင်မည်နည်း။

အမျှင်ဓာတ်သည် သင်စားသောအစာအစားများ၏ အများစုဖြစ်သည်။

အမျှင်ဓာတ်ဖြည့်တင်းသည့်အချက်သည် အစားအစာ ခေတ်ရေစီးကြောင်းတွင် ထင်ဟပ်နေသည်ဟု ယူဆခံရပြီး အံ့ဩဖွယ်ရာ အရာနှင့် ပတ်သက်၍ အငြင်းပွားရန် မည်သူမဆို စျေးကွက်ရှာဖွေနေသည်။ အမျှင်ဓာတ်များကို စားသုံးခြင်းသည် သစ်ခေါက်များကိုစားခြင်း သို့မဟုတ် ကြံခြောက်များ ကိုဝါးခြင်းနှင့်တူသည်ဟု အချို့ကယုံကြည်ကြသည်။

အမှန်တကယ် အမျှင်ဓာတ်ကို အလွန်ပေါပေါများများနှင့် အရသာမျိုးစုံဖြင့် တွေ့ရှိရပါသည်။  အမျှင်ဓာတ်ကို မြန်မာလူမျိုးများအကြိုက် သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ အစေ့များနှင့် ပဲများ၌ တွေ့ရသည်။ အကယ်၍ သင်အလိုရှိပါက နိုင်ငံအတွင်းတွင် ရောင်းချသော အမျှင်များစွာပါဝင်သည့် ဖြည့်စွက်အာဟာရ များကိုတွေ့ရမှာဖြစ်သည်။

အမျှင်ဓာတ်များကို အများအားဖြင့် အစာအစုအဝေးဟု ခေါ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ကျွန်ုပ်တို့ခန္ဓာကိုယ်မှ အစာခြေနိုင်ခြင်း သို့မဟုတ် စုပ်ယူနိုင်ခြင်းမရှိသော အစိတ်အပိုင်းများဖြစ်သည်။ ကျွန်ုပ်တို့သည် အစားအသောက်အမျှင်များကို ဖြိုခွဲရန် နည်းပညာအရ အင်ဇိုင်းများကို မထုတ်လုပ်နိုင်သော်လည်း   ကျွန်ုပ်တို့၏ အူအတွင်းတွင်နေထိုင်သော ဘက်တီးရီးယား ပိုးမွှားများက ထိုအရာကို လုပ်ဆောင်သည်။ ၎င်းတို့သည် အာဟာရဓာတ်စုပ်ယူမှု၊ သင်၏ကိုယ်ခံအားစနစ်နှင့် အူသိမ်လှုပ်ရှားမှုများကို ထိန်းသိမ်းရန် ကူညီပေးပါသည်။

၎င်းတို့၏အမျိုးအစားများနှင့် အကျိုးကျေးဇူးများမှာ အဘယ်နည်း

အမျှင်ဓာတ်အမျိုးအစား (၂) မျိုး ရှိပါသည်။

ပျော်ဝင်နိုင်သော အမျှင်ဓာတ်အမျိုးအစား- ၎င်းသည် ရေတွင်အလွယ်တကူပျော်ဝင်နိုင်ပြီး ခန္ဓာကိုယ်အတွင်းရှိ ကိုလက်စထရောနှင့် အချိုဓာတ်ပမာဏကို လျော့ချရာတွင်ကူညီပေးပါသည်။ သင်စားသောအစားအစာမှ သကြားနှင့် အဆီများစုပ်ယူမှုကို နှေးကွေးအောင်ပြုလုပ်ပေးသည်။ ၎င်းသည် သင်၏ အစားအသောက်ရွေးချယ် မှုကြောင့် ဖြစ်ပေါ်လာသော ကိုယ်ခန္ဓာအတွင်း ရောင်ရမ်းခြင်းကို လျော့နည်းစေသည်။ အကယ်၍ သင့်တွင် ဆီးချိုသွေးချိုမရှိပါက အမျှင်ဓာတ်မြင့်မားခြင်းသည် ဆီးချိုသွေးချိုအမျိုးအစား ၂ ဖြစ်ပေါ်နိုင်သည့် ဆိုးကျိုးကို လျော့နည်းစေသည်။

မပျော်ဝင်နိုင်သော အမျှင်ဓာတ်အမျိုးအစား – ၎င်းသည် သင်၏အစာခြေလမ်းကြောင်းမှ အရာများကို ရွေ့လျားစေရန်ကူညီပေးသည့် အမျှင်ဓာတ်အမျိုးအစားဖြစ်သည်။ အကယ်၍ သင့်တွင် ပုံမှန်မဟုတ်သော အူသိမ်လှုပ်ရှားမှုရှိပါက သင်၏အစားအစာတွင် အမျှင်ဓာတ်များများပါအောင်စားသုံးခြင်းဖြင့် အူသိမ်လှုပ်ရှားမှု ပုံမှန်ဖြစ်အောင် ကူညီပေးခြင်း သို့မဟုတ် မသက်မသာဖြစ်သော ရောဂါလက္ခဏာများကို သက်သာစေနိုင်ပါသည်။ ၎င်းအမျှင်များသည် ရေဖြင့် ရောသွားခြင်းနှင့် စေးပျစ်ခြင်းကိုဖြစ်စေသည်။ အကယ်၍ ၎င်းအရာများသည် သင့်ခန္ဓာကိုယ်တွင် ကောင်းမွန်စွာ ရွေ့လျားလာပါက ရောင်ရမ်းမှုနည်းခြင်း၊ အာဟာရဓာတ်များပိုမို ဖြန့်ဖြုးနိုင်ခြင်းနှင့် သင့်ခန္ဓာကိုယ်ရှိ အခြားအစိတ်အပိုင်းများ၏ စွန့်ပစ်ပစ္စည်းများကို ဖယ်ရှားရန်အချိန် ၂ ဆမလိုအပ်ပါ။

အကောင်းဆုံးအမျှင်ဓာတ် အမျိုးအစားများ

ကောင်းသော အမျှင်ဓာတ်များအတွက် အကောင်းဆုံးအကြံဉာဏ်မှာ ၎င်းကို အပြည့်အဝထိန်းသိမ်းထားရန်နှင့် တတ်နိုင်သမျှ သဘာဝအတိုင်းပြုလုပ်ရန်ဖြစ်သည်။ ဆီးချိုသွေးချိုရှိသူများအတွက် တစ်နေ့လျှင် အမျှင်ဓာတ် ၃၅ မှ ၅၀ ဂရမ်စားသုံးရန် လိုအပ်ပါသည်။ အကြံပြုထားသော မြန်မာလူမျိုးများအတွက် အမျှင်ဓာတ်အမျိုးအစားများမှာ ပဲနီကလေး၊ ပဲကတ္ထီပါ ပဲဖြူ၊ ဆန်လုံးညို၊ ရာသီအလိုက်ထောပတ်သီးများနှင့် ရွှေရောင်သစ်တော်သီးတို့ဖြစ်သည်။  အသီးအရွက်များတွင် ကိုက်လန် (တရုတ်ပန်းဂေါ်ဖီစိမ်း) သို့မဟုတ် ကျွန်ုပ်တို့ကြိုက်သော အစိမ်းရင့်ရောင်ရှိ အရွက်များဖြစ်သည်။ အိမ်တွင်လုပ်သည့် လတ်ဆတ်သော ပြောင်းဖူးပေါက်ပေါက်သည် အမျှင်ဓာတ်များစွာ ပါဝင်သော မုန့်အမျိုးအစားဖြစ်သည်။

အမျှင်ဓာတ်ကြွယ်ဝသောအစားအစာများက သင်၏ဆာလောင်မှုကို ကြာရှည်စွာထိန်းသိမ်းထားပြီး ရောင်ရမ်းမှုများကို လျော့ကျစေသည်။ သို့သော် အကူအညီလိုအပ်နေသူများအတွက် အာဟာရဓာတ်များပြားစွာ ပါဝင်သော Glucerna မှ ကူညီနိုင်သည်။ ထိရောက်မှုရှိသော အစားအစာများတွင် မရှိမဖြစ်လိုအပ်သော ဗီတာမင်၊ သတ္တုဓာတ်များနှင့် အမျှင်ဓာတ်များ ကြွယ်ဝပြည့်စုံစေခြင်းဖြင့် Glucerna သည် အချို့သော အစားအစာများအတွက် အစားထိုးအစားအစာတစ်ခု သို့မဟုတ် ပါဝင်ပစ္စည်းတစ်ခုအနေဖြင့် သင်၏ဆီးချိုသွေးချိုရောဂါကို ပိုမိုကောင်းမွန်အောင် ကူညီထိန်းညှိပေးနိုင်သည်။ စီစဉ်ထားသော အစားအစာကို လေ့ကျင့်ခန်းများနှင့် တွဲဖက်ပြီး ပြုလုပ်ပါက သင်သည် ဆီးချိုသွေးချိုရောဂါနှင့် အဆင်ပြေစွာ ယှဥ်တွဲနေထိုင်နိုင်မည် ဖြစ်ပါသည်။ သို့သော် အစားအသောက်အစီအစဉ်တစ်ခု မစတင်မီ သို့မဟုတ် Glucerna သည် သင့်အတွက် မည်ကဲ့သို့သင့်တော်သည်ကို သိရှိလိုပါက ဆေးဖက်ဆိုင်ရာပညာရှင်တစ်ဦး သို့မဟုတ် အာဟာရပညာရှင်တစ်ဦးဦးနှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။

References:

  1. https://www.mayoclinic.org/healthy-lifestyle/nutrition-and-healthy-eating/in-depth/fiber/art-20043983
  2. https://diabetesaction.org/article-fiber
  3. https://www.everydayhealth.com/hs/type-2-diabetes-live-better-guide/fiber-rich-foods-pictures/
  4. https://glucerna.ca/en/products
      1.