ကိုယ်ခံအားကောင်းမွန်ပါက ဆီးချိုသွေးချိုရောဂါကို ပိုမိုကောင်းမွန်စွာထိန်းချုပ်နိုင်သည်။
ကိုယ်ခံအားကောင်းမွန်ပါက ဆီးချိုသွေးချိုရောဂါကို ပိုမိုကောင်းမွန်စွာထိန်းချုပ်နိုင်သည်။
ဆီးချိုသွေးချိုရှိသူများသည် သွေးတွင်းဂလူးကို့စ်အလွန်များလွန်းသည့်အခါ သို့မဟုတ် နည်းလွန်းသည့်အခါမျိုးတွင် ဆီးချိုသွေးချိုဝေဒနာကို ခံစားရပါလိမ့်မည်။ ဆီးချိုသွေးချိုရောဂါ၏ ထိုလက္ခဏာ (၂) မျိုးသည် သင်၏စွမ်းအင်အဆင့်မှ နေ့စဉ်လှုပ်ရှားသွားလာမှုဆိုင်ရာ ပြဿနာများအထိ နေ့စဉ်ဘဝအပေါ်တွင် သက်ရောက်မှုရှိသည်။ ထိန်းချုပ်မှုမရှိသော ဆီးချိုသွေးချိုရှိသူများသည် ခုခံအားစနစ်ကို ဟန့်တားနိုင်သောကြောင့် ဆီးချိုသွေးချိုရှိသူများသည် သွေးလည်ပတ်မှုအားနည်းကြသည်ဟု သိရှိကြသည်။ သင်သည် ကောင်းမွန်သောဘဝတစ်ခုကို ဦးဆောင်ပြီး ကျန်းမာရေးနှင့်ညီညွတ်သောအစားအစာများကို အစားထိုးရွေးချယ်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုများကို ပြုလုပ်ခြင်းနှင့် ဆီးချိုသွေးချိုနှင့်ပတ်သက်သော သဘောထားများအားလုံးကို ပြောင်းလဲခြင်းအားဖြင့် ဆီးချိုသွေးချိုကို ထိန်းချုပ်အောင်မြင်နိုင်ပါသည်။
ဆီးချိုသွေးချိုကို ထိန်းချုပ်နိုင်ခြင်းသည် သင်စားသောက်မှုပိုမိုကောင်းမွန်လာခြင်းကိုဆိုလိုသည်။
အဓိက အစားအသောက်များ အား ပြောင်းလဲပြောင်းလဲး မှု ပြုလုပ်ခြင်းသည် ၎င်းတို့၏ ဆေးဘက်ဆိုင်ရာလိုအပ်ချက်များကို ဖြည့်ဆည်းရမည်ဖြစ်သောကြောင့် ဆီးချိုသွေးချိုရှိသူများအတွက် စိန်ခေါ်မှုတစ်ခုဖြစ်သည်။ သို့သော် အစားအစာများကို မှန်ကန်စွာစားသောက်သည့် အကျိုးကျေးဇူးမှာ ပိုမိုလန်းဆန်းလာခြင်း၊ စွမ်းအင်များပိုမိုရရှိခြင်း နှင့် ဆေးစစ်မှုနည်းပါသွားခြင်းကဲ့သို့သော အခြားကျန်းမာရေးအကျိုုးကျေးဇူးများစွာရရှိပါသည်။ အစားအစာသည် ကျွန်ုပ်တို့ ဘဝ၏ကဏ္ဍများစွာနှင့် ဆက်စပ်နေပြီး ၎င်းသည် သင်စားလိုက်သော အစားစာနှင့် ပတ်သက်သော်လည်း ၎င်းသည် သင်စားသုံးလိုက်သည့်ပမာဏနှင့် ကျန်းမာစေမှုများအတွက် လဲလှယ်ပေးပါသည်။
ဆီးချိုသွေးချိုရှိသူများသည် အစားအစာများတွင် Glycemic Index (GI အဆင့်သတ်မှတ်ချက် ၁ မှ ၁၀၀ ထိသတ်မှတ်ထားပြီး၊ နံပါတ်အနိမ့်များသည် သွေးတွင်းသကြားဓာတ်တက်မှုကို နှေးစေပြီး၊ GI နံပါတ်အမြင့်များသည် သွေးတွင်းသကြားဓာတ်တက်မှုကိုမြန်စေသည်) ) များပါသည်ကို သတိရပါ။ အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များ၊ အနီရောင်ရှိသောအသားများနှင့် သဘာဝအတိုင်းရှိသော အစေ့အဆံများသည် GI နည်းပါးပြီး အမျှင်ဓာတ်များစွာပါဝင်သောကြောင့် သင့်အားအချိန်ကြာမြင့်စွာ ဗိုက်ပြည့်နေစေပါသည်။ အစားအသောက်တစ်ခုတည်းစားရုံနှင့် အာဟာရမလုံလောက်သည့်အခါတွင် အာဟာရဖြည့်စွက်စာများ နှင့် အစားထိုးနိုင်ပါသည်။ ၎င်းဖြည့်စွက်စာများသည် သွေးတွင်းဂလူးကို့စ်များ အလွန်များခြင်း သို့မဟုတ် နည်းခြင်းများမဖြစ်စေရန် ဆီးချိုသွေးချိုရှိသူများအတွက် တိကျစွာထုတ်လုပ်ထားပါသည်။ ဥပမာအားဖြင့် လက်တွေ့လေ့လာမှုပေါင်း ၅၀ ကျော်နှင့် နှစ်ပေါင်းများစွာ သုတေသနပြုလုပ်ထားသော Glucerna သည် ပိုမိုကောင်းမွန်သော သွေးတွင်းဂလူးကို့စ် စီမံခန့်ခွဲမှုအတွက် အဆင့်မြင့် ကာဗိုဟိုက်ဒရိတ် (Myo-inositol) စနစ်ဖြင့် ထုတ်ထားပြီး Glucerna သည် စားသုံးမှုတိုင်းတွင် Gl နိမ့်သောကြောင့် ကောင်းမွန်သည့် သွေးတွင်းသကြားဓာတ် ထိန်းချုပ်မှုကို ရရှိစေပါသည်။ Glucerna သည် ပြီးပြည့်စုံပြီး မျှတသော အစားအစာများအတွက် ဗီတာမင် နှင့် သတ္တုဓာတ် ၂၈ မျိုးနှင့် ဖော်စပ်ထားပါသည်။ ဆေးပညာရှင်များမှ သတ်မှတ်ထားသော သင်၏ခန္ဓာကိုယ်ပေါ်မူတည်၍ Glucerna သည် သင့်အား ၃ လအတွင်း ပိုမိုကောင်းမွန်သော သွေးတွင်းဂလူးကို့စ် တုံ့ပြန်မှုကို ပေးစွမ်းနိုင်ပါသည်။
ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးခြင်းဖြင့် ဒဏ်ရာများနှင့် ဒဏ်ရာကုသခြင်းများကို ပိုမိုကောင်းမွန်စေသည်။
သွေးလှည့်ပတ်မှုမကောင်းပါက အနာကျက်ခြင်းကို နှေးကွေးစေသည် အဘယ်ကြောင့်ဆိုသော် ဘက်တီရီးယားများသည် သွေးတွင်းသကြားဓာတ်မြင့်မားသည့်အခါ ရှင်သန်နိုင်သောကြောင့်ဖြစ်သည်။ ခုခံအားဆဲလ်များသည် သွေးတွင်းသကြားဓာတ်မြင့်မားသည့်အခါတွင် လုပ်ဆောင်မှုများနည်းသောကြောင့် ရောဂါလက္ခဏာကို ပိုမိုဆိုးရွားစေပါသည်။ ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်းသည် ၎င်းဆိုးကျိုးများကို တိုက်ဖျက်ရန် လွယ်ကူသောနည်းလမ်းတစ်ခုဖြစ်သည်။ လေ့ကျင့်ခန်းလုပ်ခြင်းသည် ကြွက်သားများရှိ ပိုလျှံနေသော သကြားဓာတ်ကို အသုံးပြုရသောကြောင့် သကြားဓာတ်မြင့်တက် ခြင်းကို ကာကွယ်ပေးပါသည်။ သင်သည် ပုံမှန်အတိုင်းပြုလုပ်လာသည်နှင့်အမျှ ကိုယ်အလေးချိန်ထိန်းချုပ်ခြင်း၊ ကိုယ်ခံစွမ်းအားနှင့် အိပ်စက်ခြင်းတို့ကို ပင် တိုးတက် ကောင်းမွန်လာစေပါသည်။
ထိန်းချုပ်နိုင်ခြင်းသည် စိတ်ခံစားချက်နှင့် အိပ်စက်ခြင်းအရည်အသွေးကို တိုးတက်စေသည်။
ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အမူအကျင့်များမမှန်သောအခါ အဆစ်အမြစ်များရောင်ရမ်းခြင်းနှင့် ဖက်တီးအက်စစ်များ မြင့်တက်ခြင်းကို ဖြစ်စေပါသည်။ သင်သည် ဆာလောင်မှုကို ဖြစ်စေပြီး အစားအစာရွေးချယ်မှု နည်းသွားသောကြောင့် ရောဂါဘယများနှင့် သွေးတွင်းသကြားဓာတ်များမြင့်တက်လာ သည်။ အကယ်၍ သင့်တွင် ယခင်က ဆီးချိုသွေးချိုရောဂါမရှိခဲ့ပါက ဤအရာသည် သင့်တစ်သက်တာတွင် အန္တရာယ်ရှိသောအရာ ဖြစ်လာနိုင်သည်။ ဆီးချိုသွေးချိုသမားများသည် “Sleep Apnea” ဟုခေါ်သော အိပ်မပျော်ခြင်းရောဂါကို လည်းခံစားရတတ်ပါသည်။ အိပ်ပျော်နေစဉ်အသက်ရှူရပ်သွား တတ်သော ကြောင့် နှလုံးကြွက်သားကို ဒဏ်ဖြစ်စေပါသည်။ အဆီပိုများသည် အသက်ရှူလမ်းကြောင်းကို ဖိအားဖြစ်စေသောကြောင့် အဝလွန်သော ဆီးချိုသွေးချိုသမားများတွင် ပိုမိုအဖြစ်များပါသည်။
ညဘက်ကောင်းမွန်စွာ အိပ်စက်ခြင်းသည် ခန္ဓာကိုယ်ကို ပြန်လည်ကောင်းမွန်စေရုံသာမက သင့်နှလုံးကိုလည်းကျန်းမာစေပါသည်။ စွမ်းအင်များတိုးလာပါက လေ့ကျင့်ခန်းလုပ်ရန် ပိုမိုစိတ်အားထက်သန်လာသောကြောင့် ကယ်လိုရီများကို ပိုမိုလောင်ကျွမ်းစေပါသည်။
Sources & References:
- https://glucerna.ca/en/diabetes-101/about-diabetes
- https://glucerna.ca/en/managing-diabetes
- https://www.thediabetescouncil.com/can-you-increase-your-immunity-if-you-have-diabetes/
- https://glucerna.ca/en/diabetes-101/debunking-myths
Supplementary Listening
5. Interview with Dr. U Ye Myint
https://www.facebook.com/453478048178106/videos/1084679995262150
https://www.facebook.com/watch/?v=767924324000204