ဆီးချိုသွေးချိုရှိသူများသည် ဆာလောင်မှုနှင့် အရသာငြီးငွေ့မှုကို ဘယ်လိုထိန်းချုပ်ရမလဲ။

Polyphagia

ခန္ဓာကိုယ်​ပြုပြင်ခြင်းအများရှိသလို ဆီးချိုသွေးချိုကလည်း အမျိုးမျိုးရှိပါတယ်။ အများစုကိုတော့ အမျိုးအစား(၁) နဲ့ အမျိုးအစား(၂) တွေမှာအတွေ့များတတ်ပါတယ်။ ထိုအထဲမှာမှ တစ်မျိုးစီတွင် အမျိုးအစားကွဲများ hypoglycemia (သွေးတွင်းသကြားဓာတ်နည်းခြင်း) နဲ့ hyperglycemia (သွေးတွင်းသကြားဓာတ်များခြင်း)) ရှိပါတယ်။ ဆီးချိုသွေးချိုရှိသူအတွက် သီးသန့်အစားအစာရယ်လို့မရှိပေမဲ့ သင့်ရဲ့ဆာလောင်မှုကို အသိဉာဏ်နဲ့ထိန်းညှိစီမံနိုင်ပါတယ်။ အစားအစာများကိုမစားသုံးတော့ခြင်းမဟုတ်ပဲ သင့်ကျန်းမာရေးနှင့်ညီညွတ်သော လဲလှယ်မှုပြုလုပ်တယ်ဆိုတာကို အမှတ်ရပါ။ ပုံမှန်နေထိုင်နေတဲ့ပုံစံကနေအတင်းအကြပ်လုပ်ရတဲ့အခါ စိ်မကျေနပ်မှုတွေဖြစ်တတ်တာကပုံမှန်ပါပဲ။ ဒါပေမဲ့ ဆီးချိုသွေးချိုကိုထိန်းညှိှိအတွက် အာဟာရအထောက်အကူများစွာနဲ့ အာဟာရဖြည့်စွက်စာများ (Glucerna နဲ့ Glucerna Liquid) သည် ဆီးချိုသွေးချိုထိန်းညှိမှုသည် သင့်ရဲဒုတိယသဘာဝဖြစ်လာသည်အထိ အချိန်ကုန်သက်သာစေပါတယ်။1,7

 

သင့်ရဲ့ဆာလောင်မှုကိုစီမံခန့်ခွဲရန် အရေးကြီးခြင်း

ဆီးချိုသွေးချိုရှိသူကဘာလို့ဆာလောင်မှုကို ထိန်းချုပ်သင့်တာလဲ။ ဒါကအဓိကအားဖြင့် သင့်ရဲ့သွေးတွင်း ဂလူးကိုစ့်ပမာဏကို ထိန်းထားရန်ဖြစ်သည်။ အစာရှောင်ခြင်းဖြင့် အစားလျော့ခြင်းသည်ယုတ္တိရှိပုံရပါတယ် ဒါပေမဲ့ ဆီးချိုသွေးချိုရှိသူများအနေနဲ့ တစ်ရက်မှာ အစားသုံးကြိမ်စားဖို့လိုအပ်ပါတယ်။ အစာရှောင်ခြင်းကနေ ခန္ဓာကိုယ်က ကစီဓာတ်ချို့တဲ့ခြင်းကိုမကြိုက်တဲ့အတွက်ကြောင့် “Polyphagia” (ခေါ်)  အစားစားချင်စိတ်ကို ပိုဖြစ်စေပါတယ်။2,3

အစားနည်းပါးစွာစားခြင်းက သင့်ရဲ့ hypoglycemia (သွေးတွင်းသကြားဓာတ်နည်းခြင်း) ကို ပိုဆိုးစေပြီး သွေးတွင်း ဂလူးကိုစ့် ပုံမှန်မဟုတ်ပဲကျဆင်းကာ သင့်ကိုမူးမေ့လဲစေနိုင်ပါတယ်။ ဒါမှမဟုတ် အစားအလွန်အကျွံစားခြင်းကလည်း သွေးတွင်းဂလူးကိုစ့်ကို အချိန်ကြာမြင့်စွာမြှင့်တက်စေပြီး hyperglycemia (သွေးတွင်းသကြားဓာတ်မြှင့်ခြင်း)ကိုကြာရှည်အောင်ထိန်းသိမ်းထားပြီး နှလုံးနဲ့ အာရုံကြောများကိုပျက်စီးစေနိုင်ပါတယ်။ ရောဂါလက္ခဏာများ၊ အစားအသောက်ရွေးချယ်မှုပြောင်းလဲခြင်းများ အားလုံးကို မှတ်ထားပြီး သင့်မိသားစု (သို့) သူငယ်ချင်းများ နှင့် အထူးသဖြင့် သင့်ဆရာဝန် ကိုပြောပြဖို့မရှက်ပါနဲ့။2,5

အစားအသောက်ထိန်းချုပ်ခြင်းကြောင့် အရသာကိုငြီးငွေ့ပြီး အဆင်မပြေဖြစ်မှုများကိုကျော်လွှားပါ။

ကျန်းမာသောအစားအသောက်များသည် “ပေါင်မုန့်နှင့်ရေ” နှင့် ပြုတ်ထားသောဟင်းသီးဟင်းရွက်များသာ ဖြစ်သဖြင့် ဆီးချိုသွေးချိုရှိသူများသည် အစားစားရခြင်းကိုငြီးငွေ့ပြီး အပြစ်ရှိသလိုခံစားရလာခြင်းမှာ မထူးဆန်းပါ။ ဒီအစားအစာကို နှစ်သက်အောင်လုပ်နိုင်ပါတယ်။ အဲ့အတွက် အစီအစဉ်အနည်းငယ်ပဲလိုအပ်တာပါ။ သင့်မီးဖိုချောင်ထဲမှာ တီထွင်ဖန်တီးမှုအချို့နဲ့ အပြင်ထွက်စားတဲ့အခါ ဘာစားရမလဲ စဉ်းစားမိခြင်းတို့ပဲဖြစ်ပါတယ်။ သင့်မှာသာဆန္ဒရှိရင် နည်းလမ်းတစ်ခုအမြဲရှိမှာဖြစ်ပြီး ဘယ်လောက်စားရမလဲဆိုတာ သင့်လိုအပ်ချက်အပေါ်မူတည်မှာပါ။ ဒီကျန်းမာရေးနဲ့ ညီညွှတ်တဲ့ စားသောက်မှုပုံစံကို လိုက်လုပ်ကြည့်ပါ (ပန်းကန်ရဲ့လေးပုံတစ်ပုံက အစေ့အဆန်နဲ့ ကစီဓာတ်၊ နောက်လေးပုံတစ်ပုံက ပရိုတင်းဓာတ်နဲ့ ကျန်တစ်ဝက်ကို အသီးနှင့် ဟင်းသီးဟင်းရွက်များ) ဒါက အစားအစာကို ထိန်းချုပ်မှု​လျော့ချရန် အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။1,6

 

ဆီးချိုသွေးချိုရှိသူများအတွက် ပိုမိုကောင်းမွန်တဲ့ သီးသန့်ဖော်မြူလာရွေးချယ်ခြင်း။

ပိုမိုကောင်းမွန်တဲ့ အစားအစာများကို အမြဲရှာဖွေပြီးတော့ သင်စားချင်တဲ့အစားအစာများထဲမှ အကောင်းဆုံးအရည်အသွေးရှိတဲ့ အသီးများ၊ ဟင်းသီးဟင်းရွက်များ၊ အသား နဲ့ နို့ထွက်ပစ္စည်းများထဲတွင် ဘယ် ဗီတာမင်နဲ့သတ္တုဓာတ်များကိုလိုအပ်သလဲဆိုတာ လေ့လာပါ။ ကစီဓာတ်ကအဓိကပါဝင်ပစ္စည်းဖြစ်တဲ့အတွက် အရည်အသွေးကောင်းတဲ့အရာကို ရွေးချယ်ရန်အရေးကြီးပါတယ်။ ကစီဓာတ်ဖြည်းညင်းစွာ ထုတ်လွှတ်ပေးသောပစ္စည်းများ (သွေးတွင်းအချိုဓာတ်အညွှန်းကိန်းနည်းပါးသောအစားအစာများ၊ ပြုပြင်ထားသောပစ္စည်းများထပ် သွေးတွင်းဂလူးကိုစ့်ကို နှေးကွေးစေသည်) ကိုအလွယ်တကူခွဲခြားနိုင်ပါတယ်။5,6 အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များမှ ပဲများ၊ အဆီနည်းသောအသားများ နှင့် အပင်မှရသော အဆီများအထိ သဘာဝနှင့်နီးစပ်အောင် ပြုလုပ်ထားလေ ဆီးချိုသွေးချိုရှိသူများအတွက် ပိုကောင်းတဲ့ရွေးချယ်မှုဖြစ်လေဖြစ်ပါတယ်။ ဘယ်အရာက သင့်ကိုပိုပြည့်စုံစေတယ်လို့ထင်ပါသလဲ။ လတ်ဆတ်တဲ့ရာသီပေါ် စပျစ်သီးတစ်ခွက်စာလား  သကြားလုံး တစ်ဇွန်းစာလား။ ဒါမှမဟုတ် အရသာရှိတဲ့ ဟင်းသီးဟင်းရွက်နဲ့ ပဲဟင်းရည် နှစ်ခွက်လား ပီဇာပါးပါး တစ်ချပ်လား။4

အကယ်၍ သင်နှင့်ပတ်သက်လာရင် ဆီးချိုသွေးချိုရှိသူများအတွက် အထူးဖော်မြူလာဖြင့် ထုတ်လုပ်ထားသည့် ရွေးချယ်စရာများကို စမ်းကြည့်သင့်ပါတယ်။ အာဟာရဖြည့်စွက်စာအားလုံးက တူညီစွာ ဖန်တီးထားကြတာမဟုတ်ပါဘူး။ နေ့စဉ်အာဟာရ ပြည့်ဝပြီး သွေးတွင်းအချိုဓာတ်အညွှန်းကိန်းနည်းပါးတဲ့ အရာကို ရှာကြည့်ပါ။ ဥပမာ- အမေရိကန်ရှိ ဆရာဝန်များရဲ့ထောက်ခံမှု နံပါတ် (၁)8 ရထားပြီး ဆီးချိုသွေးချိုရှိသူများအတွက် သိပ္ပံနည်းကျဖော်စပ်ထားတဲ့ Glucerna® တစ်ခွက်စာတိုင်းမှာ သွေးတွင်းအချိုဓာတ်အညွှန်းကိန်း နည်းပါးစွာပါဝင်ပြီး အသစ်နှင့်အဆင့်မြှင့်ထားသော ကစီဓာတ်12 ပါဝင်တဲ့ Glucerna မှာ Myo-inositol ၄ဆ9 ပါဝင်ပြီး (အင်ဆူလင် လုပ်ဆောင်ချက်ကို အတုယူသည့် အရေးကြီးတဲ့ ကစီဓာတ်) သွေးတွင်းကလူးကိုစ့်ပမာဏကို ပိုမိုကောင်းမွန်စွာ ထိန်းညှိနိုင်ရန်ကူညီပေးပြီး11 ဆီးချိုသွေးချိုကို ထိန်းညှိပေးပါတယ်။ ဒါအပြင် အမျှင်ဓာတ်နှစ်မျိုးပေါင်းစပ်မှု၊ နှလုံးကျန်းမာစေတဲ့အဆီဓာတ် နှင့် ဗီတာမင်နဲ့ သတ္တုဓာတ် ၂၈ မျိုးပါဝင်ပြီး Glucerna က သွေးတွင်းဂလူးကိုစ့်ကို သုံးလအတွက် ထိန်းညှိဖို့ ကူညီပေးနိုင်ပါတယ်။10

အစားအစာသည် စွမ်းအင်ဖြစ်ပြီး ကောင်းမွန်စွာနေထိုင်ရန် နည်းလမ်းတစ်ခုဖြစ်သည်။ ဆီးချိုသွေးချိုရှိသူအများစု က ဘာကိုလျော့စားရမလဲဆိုတာသိကြပေမဲ့ မျှတတဲ့ အစားအစာ က ဆီးချိုသွေးချိုရဲ့နောက်ဆက်တွဲ ပြဿနာတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။ အစားအစာက သင့်သွေးတွင်းဂလူးကိုစ့်ကိုများစွာပြောင်းလဲခြင်းမရှိပဲ ကျေနပ်ပြီး အာဟာရပြည့်ဝနေစေရန် ကူညီပေးသင့်ပါတယ်။  Glucerna ကိုသင့်ရဲ့ အစားအစာ (သို့) အဆာပြေအနေနဲ့ စဉ်းစားနိုင်ပြီး (ဥပမာ- တစ်ရက် ၂ကြိမ်၊ တစ်ကြိမ်ကို ၅ ဇွန်းနဲ့ ရေ ၂၀၀ မီလီလီတာ) သွေးတွင်းဂလူးကိုစ့် ပမာဏကို ထိရောက်စွာထိန်းညှိဖို့ ကူညီပေးပါတယ်။11 အပြင်သွားလာနေရသူများအတွက် Glucerna အသင့်သောက်ဘူးတွေလည်း ရနိုင်ပြီဖြစ်ပြီး သွေးတွင်းဂလူးကိုစ့်ပမာဏ ကို ထိန်းညှိရန် ပိုမိုလွယ်ကူစွာ ကူညီပေးပါတယ်။7

Glucerna Myanmar ကိုဒီနေ့ပဲဝင်ရောက်လေ့လာပြီး နမူနာများရယူနိုင်ဖို့ စာရင်းပေးသွင်းဖို့ ဖိတ်ခေါ်ချင်ပါတယ်။

 

References:

  1. https://abbottfamily.com.sg/articles/diabetes/defend-against-day-to-day-diet-disasters#
  2. https://www.diabetes.co.uk/symptoms/polyphagia.html
  3. https://glucerna.ca/en/diabetes-101/debunking-myths
  4. https://gettingtoabetterme.tumblr.com/post/21726409348
  5. https://www.diabetes.org.uk/guide-to-diabetes/enjoy-food/eating-with-diabetes/10-ways-to-eat-well-with-diabetes
  6. https://www.healthline.com/health/diabetes/low-blood-sugar-healthy-food-type-1-diabetes#5
  7. https://glucerna.ensuremyanmar.com/eng/
  8. IQVIA, using the ProVoice Survey, fielded to 14,550 physicians from September 1, 2020 to August 31, 2021
  9. Compared to previous formula of Glucerna; 4x Myo-inositol (an important carbohydrate responsible for mimicking insulin action)
  10. Sun et al. Asia Pac J Clin Nutr. 2008.; Help manage blood glucose response in 3 months
  11. Chee et al. BMJ Open Diabetes Res Care. 2017; Sun et al. Asia Pac J Clin Nutr. 2008.
  12. Jenkins et al. Diabetologia. 1982

 

Additional Readings:

  1. https://abbottnutrition.com.my/adult-nutrition/nutrition-the-underutilized-tool
      1.