ဆီးချိုသွေးချိုရောဂါရှိသူများအတွက် ကိုယ်ခံစွမ်းအားမြှင့်တင်ပေးနိုင်မယ့် အစားအသောက်များ
ဆီးချိုသွေးချိုရောဂါရှိသူများအတွက် ကိုယ်ခံစွမ်းအားမြှင့်တင်ပေးနိုင်မယ့် အစားအသောက်များ
ဦးစားပေးလုပ်ဆောင်ရမယ့်အရာတစ်ခုဖြစ်ပါတယ်။ ဆီးချိုသွေးချိုရှိသူတွေအတွက် သွေးတွင်းဂလူးကို့စ် ပမာဏကိုထိန်းထားနိုင်ဖို့ နဲ့ ခုခံစွမ်းအားတိုးတက်ဖို့အတွက် အရိုးရှင်းဆုံး၊အန္တရာယ်အကင်းဆုံး နည်းလမ်းကတော့ အာဟာရပြည့်ဝအောင် စားသောက်နေထိုင်ခြင်းပဲဖြစ်ပါတယ်။ ဒီလိုနေထိုင်ရာမှာ ဆီးချိုသွေးချိုရှိသူတစ်ယောက်အနေနဲ့ သာမန်လူတစ်ယောက်ကဲ့သို့လုပ်ဆောင်လို့မရတာမျိုးရှိပေမဲ့ ကောင်းတာဆိုးတာတွေကို ခဏလောက် မစဉ်းစားဘဲ ဘာတွေ လွတ်လွတ်လပ်လပ်စားသောက်လို့ရမလဲ ဆိုတာကို ဆက်လက်ကြည့်နိုင်ပါတယ်။1, 7
ဘာတွေကို ရှောင်ရမလဲဆိုတာကိုအရင်ဆုံးကြည့်ရအောင်
ဆီးချိုသွေးချိုရှိသူတွေဟာ ‘ဒီဟာမစားနဲ့’ ‘ဟိုဟာမစားနဲ့’ ဆိုတဲ့ စကားလုံးတွေကိုကြားရပါများလို့ စိတ်ညစ်နေလောက်ပါပြီ။ ဒါပေမဲ့ ဒီအကြောင်းအရာဟာ ကျွန်တော်တို့ဆွေးနွေးရမယ့် ပျော်စရာမကောင်းတဲ့ ခေါင်းစဉ်တွေထဲမှာပါပါတယ်။ အခြေခံတွေကတော့ ရိုးရှင်းလှပါတယ်၊ သဘာဝမဟုတ်တဲ့ အချိုတွေပါတဲ့ သောက်စရာများ သောက်သုံးမှုကို ကန့်သတ်လျှော့ချပါ၊ အလွန်ချိုတဲ့အသီးအနှံများ (မိမိရဲ့ ဆီးချိုသွေးချို အခြေအနေအပေါ်မူတည်ပြီး) နဲ့ သကြားနဲ့ အချိုအလွန်အကျွံပါဝင်တဲ့ မုန့်ပဲသရေစာများ စားသုံးခြင်းကိုလျှော့ပါ။ သွေးတွင်းဂလူးကို့စ်ပမာဏ အတက်အကျဟာ ကစီဓာတ်နဲ့ သက်ဆိုင်တာကြောင့် သွေးတွင်းအချိုဓာတ်အညွှန်းကိန်း မြင့်မားတဲ့အစားအသောက်များစားသုံးခြင်းကို ရှောင်ကြဉ်ပါ( GI- Glycemix Index သည် သွေးတွင်းဂလူးကို့စ် ပမာဏ ဘယ်လောက်မြန်ဆန်စွာတက်စေလဲ အပေါ်မူတည်ပြီး ၀ မှ ၁၀၀ အထိ အညွှန်း)၊ သွေးတွင်းအချိုဓာတ်အညွှန်းကိန်း မြင့်မားတဲ့ အစားအသောက်တွေကို ဥပမာဆိုရရင် ထမင်းဖြူ၊ ပေါင်မုန့်ဖြူ၊ အရသာများထည့်သွင်းထားသော cereal အထုပ်များ၊ နဲ့ ဂျုံ မဟုတ်သော ပါစတာ(non-wheat pasta) များဖြစ်ပါတယ်။ သဘာဝကရရှိတဲ့ အစားအသောက်များဟာ အကောင်းဆုံးဆိုပေမဲ့လည်း ပျားရည်၊ ဝတ်ရည်ပါသောအချိုရည် (agave nectar) နဲ့ မေပယ် အချိုရည် (maple syrup) တို့မှာတော့ သကြားဓာတ်မြင့်မားစွာပါရှိတဲ့အတွက်ကြောင့် ဆီးချိုသွေးချိုရှိသူတွေအတွက် အနည်းငယ်သာစားသုံးသင့်ပါတယ်။2, 4, 5
ဆီးချိုသွေးချိုရှိသူများအတွက် အရသာရှိသောစားသောက်မှုပုံစံ
ဘာတွေ စားနိုင်မလဲဆိုတဲ့ အပိုင်းကိုပြောရအောင်၊ အခြေခံကတော့ ဆီးချိုသွေးချိုရှိသူတစ်ယောက်ရဲ့ စားသောက်မှုပုံစံဟာ အသီးအနှံ၊အရွက်၊ အဆီနည်းပါးသော အသား(lean meat)၊ ကစီဓာတ် ဖြည်းညင်းစွာ ထုတ်လုပ်ပေးတဲ့ အစားအသောက်များ(slow-release carbs) နဲ့ ဂျုံ၊ပြောင်း စသည်တို့ကိုသာ စားရန် (သို့မဟုတ်) များများပါဝင်စေဖို့ဖြစ်ပါတယ်။
ကြက်သွန်နီ၊ ကြက်သွန်ဖြူ နဲ့ မှို များများစားပါ – အစားတစ်နှပ်ကို ပြည့်ဝစေပြီး (အမျှင်ဓာတ်ဟာ အချိန်ကြာကြာပိုမိုဗိုက်ပြည့်စေတဲ့အတွက် စားသောက်ချင်စိတ်ဖြစ်ပေါ်ခြင်းကို ထိန်းသိမ်းပေးပါတယ်) အရသာများဖြည့်စွက်ပေးရုံသာမက ကြက်သွန်နီ၊ကြက်သွန်ဖြူ၊မှို တို့မှာ antioxidant များစွာပါဝင်ပါတယ်။ ဗီတာမင် ဘီ နဲ့ အခြား မရှိမဖြစ်လိုအပ်သော သတ္တုဓာတ်များလည်းပါဝင်တဲ့အတွက် သင့်ရဲ့ ကိုယ်ခံစွမ်းအား ဆဲလ် တွေကို သန်မာစေပြီး ရောဂါပိုးဝင်ရောက်မှု၊ကူးစက်မှုတွေကို ကြာကြာတွန်းလှန်စေနိုင်ပါတယ်။ ကိုယ်ခံအားနည်းပါးနေတဲ့ ဆီးချိုသွေးချိုရှိသူတစ်ယောက်ကို ခွန်အားတွေဖြည့်ပေးနိုင်မှာဖြစ်ပါတယ်။2, 3, 4
ကျန်းမာရေးနဲ့ ညီညွှတ်သော အသီးအနှံအချိုပွဲ- ကျန်းမာရေးနဲ့ ညီညွတ်ပြီး လတ်ဆတ်တဲ့ အသီးများ အားလုံးစားသုံးနိုင်ပါတယ်။ အချဉ်ဓာတ်ပါဝင်သော သစ်သီးအမျိုးအစားများ၊ အရောင်တောက်ပသော သစ်သီးများကို ပိုစားပေးပါ။ အဆိုပါ သစ်သီးတွေမှာ ပိုတက်ဆီယမ်၊ ဖောလစ် အက်ဆစ်၊ ဗီတာမင် စီ၊ ဖလေဗိုနွိုက်ကွန်ပေါင်း(flavonoid compound) များနဲ့ အမျှင်ဓာတ်များပါဝင်တဲ့အတွက် နှလုံးနဲ့ပတ်သက်သော ရောဂါများ နဲ့ အလွန်အမင်း ယောင်ရမ်းခြင်းများကို ကာကွယ်ပေးပါတယ်။ အလွန်အမင်းယောင်ရမ်းနေတဲ့ ဆီးချိုသွေးချို ရှိသူတစ်ယောက်ဟာ (Plaque build up) အာဟာရရရှိမှု ပိတ်ဆို့ခြင်း၊ ခုခံအား ဆဲလ်များအလုပ်မလုပ်နိုင်ခြင်း ဖြစ်ပေါ်နိုင်ပြီး အခြားကိုယ်တွင်းအင်္ဂါများ ရဲ့ လုပ်ဆောင်မှုကို ထိခိုက်စေနိုင်တာကြောင့်ဖြစ်ပါတယ်။ 2, 3, 4
ကျန်းမာရေးနဲ့ ညီညွတ်သော သရေစာများ- ဆီးချိုသွေးချိုရှိသူများဟာ သရေစာ လုံးဝမစားရဘူးဆိုတာ မှားယွင်းတဲ့ အယူအဆတစ်ခုပါ။ အပေါ်မှာဖော်ပြထားတဲ့ အလားတူစားသုံးမှုပုံစံအတိုင်း အမျှင်ဓာတ်မြှင့်မားပြီး၊ အစေ့အဆံ နဲ့ ပရိုတင်းဓာတ်တွေ ပါတဲ့ သရေစာတွေကို ကျန်းမာရေးနဲ့ညီညွတ်စွာစားသုံးနိုင်ပါတယ်။ ဒါတွေဟာ အဓိက အစာအုပ်စုကြီး ၃ ခုမှာပါဝင်တဲ့အစားအစာတွေလည်းဖြစ်ပြီး သေးငယ်သောအစိတ်အပိုင်းသာ စားရပါမည်။2, 3, 4
အစားအသောက်ကရရှိတဲ့ အာဟာရက သင့်အတွက်မလုံလောက်တဲ့အခါ သို့မဟုတ် နေမကောင်းဖြစ်နေချိန် အစာမစားချင်တဲ့အခါတွေမှာ အာဟာရဖြည့်စွက်စာ တွေက အထောက်အကူများစွာဖြစ်စေနိုင်ပါတယ်။ ဆီးချိုသွေးချိုရှိသူ များနဲ့ ကိုက်ညီစွာထုတ်လုပ်ထားတဲ့ အာဟာရဖြည့်စွက်စာများဖြစ်စေဖို့တော့ လိုပါတယ်။ အစားအစာ အစားထိုး(meal replacement) တွေ သုံးစွဲတဲ့အခါမှာ မှာ သွေးတွင်ဂလူးကို့စ်ပမာဏကို ထိန်းသိမ်း နိုင်ဖို့အတွက် သွေးတွင်းအချိုဓာတ်အညွှန်းကိန်းနည်းပါးတဲ့ ဖြည့်စွက်စာများကို သုံးစွဲဖို့ အထူးသဖြင့်အရေးကြီးပါတယ်။ ဥပမာအားဖြင့် ဆီးချိုသွေးချိုရှိသူတွေဟာ Glucerna ကိုသောက်သုံးနိုင်ပါတယ်။ Glucerna ဟာ အရွယ်ရောက်ပြီးလူကြီးများအတွက် သိပ္ပံနည်းကျဖော်စပ်ထားသော ဖြည်းညင်းစွာထုတ်ပေးသည့် အဆင့်မြင့် ကစီဓာတ်စနစ်* ပါဝင်ပြီး ကိုယ်ခံစွမ်းအားကို ထောက်ပံ့ပေးသော အဆင့်မြင့် ဗီတာမင် နဲ့ သတ္တုဓာတ်များ (ပရိုတင်း၊ ဗီတာမင် အေ၊ ဗီတာမင် ဒီ၊ ဗီတာမင် စီ၊ ဗီတာမင် အီး၊ ဇင့်) လည်းပါဝင်ပါတယ်။Glucerna မှာ Myo inositol ၄ ဆ^ ပါဝင်သောကြောင့် အင်ဆူလင်ရဲ့ လုပ်ဆောင်မှုတွေကို အလားတူလုပ်ဆောင်ပေးပြီး၊ သွေးတွင်းဂလူးကို့စ်များစုပုံမလာစေဖို့အတွက် အင်ဆူလင်အာရုံခံနိုင်စွမ်းကို တိုးစေဖို့အတွက်ဖြစ်ပါတယ်6 ။ အမေရိကန်နိုင်ငံရှိ ဆရာဝန်များ၏ထောက်ခံမှုအများဆုံး နံပါတ်(၁) ဆီးချိုသွေးချိုရှိသူများအတွက် ဖြည့်စွက်အာဟာရဖော်မြူလာ+ တစ်ခုဖြစ်ပြီး သင့်ရဲ့ ဆီးချိုသွေးချို အခြေအနေကို ၃ လအတွင်း# တိုးတက်စေနိုင်မှာဖြစ်ပါတယ်။7
ဆီးချိုသွေးချိုရှိသူတွေဟာ အလွန်အကျွံယောင်ရမ်းမှုများကြောင့် ရောဂါပိုးများဝင်ရောက်လေ့ရှိတဲ့အတွက်ကြောင့် ကိုယ်ခံစွမ်းအားကို မြှင့်တင်ခြင်းက ရောဂါပိုးများနဲ့ နာမကျန်းဖြစ်ခြင်းများကို ခုခံတားဆီးနိုင်ဖို့ အဓိက သော့ချက်ဖြစ်ပါတယ်။ ဆီးချိုသွေးချို ရှိသူတစ်ယောက်အတွက် အကောင်းဆုံး စားသောက်မှုပုံစံကတော့ ပန်းကန်တစ်ချပ်မှာ ပရိုတင်းပါသောအစားအစာ ၄ ပုံ ၁ ပုံ၊ အသီးအနှံ နဲ့ အရွက်များက ပန်းကန်ရဲ့ တစ်၀က် နဲ့ ကျန်တဲ့ ၄ ပုံ ၁ ပုံကိုတော့ ကစီဓာတ်ပါသော အစားအစာများ စားရမှာဖြစ်ပါတယ်။8 ဖြည်းညင်းစွာအစာခြေသော ကစီဓာတ် အစားအစာတွေဟာ သွေးတွင်း ဂလူးကိုစ့်အနည်းငယ် မြင့်တက်ခြင်းကို ဖြစ်စေနိုင်တဲ့အတွက် အစားအသောက်ကပဲ တဆင့် ကစီဓာတ်ကို ရရှိနိုင်ဖို့ခက်ခဲသော အခြေအနေတွေမှာ Glucerna က အထောက်အကူပေးနိုင်ပါတယ်။ Glucerna သည် အစားအစာအစားထိုး (meal replacement) အနေ နဲ့ ဒါမှမဟုတ် အဆာပြေ အနေနဲ့ သုံးစွဲပြီး သင့်ရဲ့ ဆီးချိုသွေးချိုအခြေအနေ နဲ့ ကိုယ်ခံစွမ်းအားကို ထောက်ပံ့ပေးနိုင်ပါသည်။ အချက်အလက်များ ပိုမိုသိရှိနိုင်ဖို့အတွက် နဲ့ နမူနာ များရရှိဖို့ ၊စုံစမ်းခြင်းများ ပြုလုပ်လိုပါက Glucerna Myanmar ကို ဒီနေ့ပဲ ဝင်ရောက်ကြည့်ရှုလိုက်ပါ။7
References:
- https://www.thediabetescouncil.com/can-you-increase-your-immunity-if-you-have-diabetes/
- https://www.healthline.com/health-news/diabetes-foods-to-boost-the-immune-system-020114#
- https://www.healthline.com/health/foods-healing-power-garlic
- https://www.healthline.com/health/type-2-diabetes-diet#add-fruits-and-veggies
- https://www.healthline.com/nutrition/foods-to-avoid-with-diabetes#_noHeaderPrefixedContent
- https://abbottfamily.com.sg/articles/diabetes/inositol
- https://glucernamyanmar.com/eng/
- https://mypositiveparenting.org/2020/06/30/quarter-quarter-half-a-guide-to-healthy-balanced-meals/
^ Compared to previous formula of Glucerna
# Sun et al. Asia Pac J Clin Nutr. 2008.
+ IQVIA, using the ProVoice Survey, fielded to 14,550 physicians from September 1, 2020 to August 31, 2021
* Jenkins et al. Diabetologia. 1982