english languae

ယုံကြည်နေကြသော ဆီးချိုသွေးချိုရောဂါဆိုင်ရာ အယူအဆအမှားများ
article 16 thumbnail

ဆီးချိုသွေးချိုနဲ့ ပတ်သက်လာရင် လူတိုင်းမှာ အတွေးအမြင်တွေ အကြံပြုချက်တွေရှိနေပါတယ်။ ထုံးတမ်းဓလေ့တိုင်းမှာလည်း ကျန်းမာရေးကိုတိုးတက်စေဖို့နဲ့ ပျောက်ကင်းစေဖို့ဆိုပြီး နည်းလမ်းတွေရှိပါတယ်။ တကယ်တော့ စားသောက်မှုပုံစံတိုင်းဟာ လူတိုင်းအတွက် သင့်တော်တာမျိုးမဟုတ်ပါဘူး။ မကြာသေးမီကမှ ဆီးချိုသွေးချိုရှိမှန်းသိရတဲ့သူ ဒါမှမဟုတ် ဆီးချိုသွေးချိုရှိနေတာကြာပြီဖြစ်တဲ့လူတွေအတွက်  နေထိုင်ရတာစိတ်ဖိစီးမှုတွေရှိတတ်ပါတယ်။ ကုသခြင်းအတွက် အယူအဆတွေများစွာရှိနေတဲ့အတွက် ကျွန်တော်တို့ဟာ ယနေ့မှာ အများဆုံးတွေ့ရတဲ့ အယူအဆအမှား ၃ ခုကိုဆွေးနွေးသွားမှာဖြစ်ပါတယ်။1, 5

အယူအဆအမှား-ဆီးချိုသွေးချိုဟာ ဆေးမသောက်ရဘူးဆိုရင် မပြင်းထန်ဘူး

 ဆီးချိုသွေးချိုဟာ လူကြီးတွေမှာသာဖြစ်လေ့ရှိတယ်လို့ အချို့ကယူဆထားကြပါတယ်၊တကယ်တော့ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။အထူးသဖြင့် ယနေ့ခေတ်လိုမျိုး အသင့်စား၊ပြုပြင်ထားသော အစားအသောက်များ ပေါများတဲ့ခေတ်မှာပိုလို့ဖြစ်နိုင်ပါတယ်။ အဝလွန်တဲ့သူတွေမှာ ဆီးချိုသွေးချိုဖြစ်နိုင်ခြေပိုများပေမယ့်၊ ကျန်းမာတဲ့ကိုယ်အလေးချိန်ရှိနေတဲ့လူတစ်ယောက်မှာလည်း သွေးတွင်းဂလူးကိုစ့်ပမာဏကို မထိန်းချုပ်ဘူးဆိုရင် ဆီးချိုသွေးချိုဖြစ်နိုင်ပါတယ်။ သင်ဟာ ဆီးချိုသွေးချိုရှိနေပေမယ့် ဆေးမသောက်ရဘူးဆိုရင်တောင်မှ လက်လွတ်စပယ်နေထိုင်မယ်ဆိုရင် နှလုံးရောဂါ၊လေဖြတ်ခြင်း၊မျက်လုံးကွယ်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊ ခြေ၊လက် ဆုံးရှုံးခြင်းလိုမျိုး ပြင်းထန်တဲ့ကျန်းမာရေးပြဿနာတွေဖြစ်လာနိုင်ပါတယ်1, 2, 3

အယူအဆအမှား-ဆီးချိုသွေးချိုဖြစ်တာဟာ သင့်အမှားကြောင့်ဖြစ်တယ်

ဆီးချိုသွေးချိုကို အသက်အရွယ်မရွေးမှာတွေ့ရှိနိုင်ပြီး လူနာကိုပဲအပြစ်ပုံချလို့မရနိုင်ပါဘူး။ အမျိုးအစား (၁) ဆီးချိုသွေးချိုရောဂါအတွက် အခုလက်ရှိမှာ ကြိုတင်ကာကွယ်ခြင်းနည်းလမ်းရော၊ ပျောက်ကင်းအောင်ကုသခြင်းနည်းလမ်းပါမရှိသေးပါဘူး။ အမျိုးအစား (၂) ဆီးချိုသွေးချိုရောဂါမှာတော့ မျိုးရိုးဗီဇဆိုင်ရာ သက်ရောက်မှုတွေပါဝင်နေပါတယ်(မိဘရှိရင်သားသမီးမှာရှိတာ ဒါမှမဟုတ် ဖြစ်နိုင်ခြေများတာ) ဒါတင်မကသေးပဲ နေထိုင်မှုပုံစံများ နဲ့ အစားအသောက်အရည်အသွေးကလည်း အမျိုးအစား (၂) ဖြစ်နိုင်ခြေအပေါ်မှာ ပါဝင်သက်ရောက်နေပါတယ်။အများစုက သင့်မှာ ဆီးချိုသွေးချိုရှိနေပြီဆိုရင် ဘဝဟာပျော်စရာမကောင်းတော့ဘူးလို့ ထင်စေချင်ကြပါတယ်။ ဟုတ်ပါတယ် သင့်မှာ ဆီးချိုသွေးချိုရှိနေရင် ရွေးချယ်စိစစ်မှုတွေပိုလုပ်ရတော့မှာပါ ဒါပေမဲ့ လုံးဝ ကန့်သတ်ရမယ်လို့ မဆိုလိုပါဘူး။ စားသုံးတဲ့ပမာဏကိုပဲ သတိပြုရမှာဖြစ်ပါတယ်။ အထူးသဖြင့် သကြားနဲ့ ကစီဓာတ်များပေါ့။1, 3

အယူအဆအမှား-အထူးပြုလုပ်ထားတဲ့ အစားအစာတွေ စားဖို့လိုတယ်

 ဆီးချိုသွေးချိုရှိသူတွေအတွက်ဆိုပြီးကြော်ညာပြီးရောင်းချတဲ့ ချောကလက်၊အချိုပွဲ နဲ့ အခြား အသင့်စားအစားအစာတွေဟာ သကြားမပါ တာမျိုးဖြစ်နိုင်ပေမယ့် သင့်အတွက် သင့်တော်တယ်လို့ မဆိုနိုင်ပါဘူး။ ဒီလိုအစားအစာတွေဟာ ဈေးကြီးပါတယ် ပြီးတော့ သကြားဟာအန္တရာယ်မဟုတ်ပါဘူး၊ သကြားကိုစားသုံးပုံနဲ့ပမာဏက သာ အန္တရာယ်ဖြစ်ပါတယ်။ သင့်အနေနဲ့ ရွေးချယ်စားသောက်ရမှာဖြစ်ပေမယ့် ကျန်းမာစွာစားသောက်ခြင်း သဘောသဘာဝကတော့ အတူတူပါပဲ။ ဆီးချိုသွေးချိုရှိသူတွေ ပိုသတိထားရမှာက ကစီဓာတ် နဲ့ အစားအသောက်တွေရဲ့ သွေးတွင်းအချိုဓာတ်အညွှန်းကိန်းပဲဖြစ်ပါတယ်။3 ,4

အဆင့် ၀ ကနေ ၁၀၀ အတွင်း ဘယ်လောက်မြန်မြန်သွေးတွင်းဂလူးကိုစ့်ပမာဏကို မြင့်တက်စေလဲဆိုတာကို သတ်မှတ်ထားတာဖြစ်ပြီး ဆီးချိုသွေးချိုရှိသူတွေဟာ သွေးတွင်းအချိုဓာတ်အညွှန်းကိန်းနည်းတဲ့အစားအစာတွေကို ရွေးချယ်ရမှာဖြစ်ပါတယ်။ အချိန်ကြာကြာဗိုက်ပြည့်နေစေဖို့ အမျှင်ဓာတ်များတဲ့ သစ်သီးများ၊အသီးအရွက်များ၊ပဲများ၊ငါး၊ဥအမျိုးမျိုး နဲ့ အဆီနည်းတဲ့ နို့ထွက်အစားအစာတွေကို စားသုံးပေးပါ။2, 3

 

အာဟာရပြည့်ဝစွာရရှိနိုင်ဖို့ အစားအသောက်ကနေပဲရွေးချယ်စားရတာ မလုံလောက်ဘူးလို့ခံစားရရင် ဖြည့်စွက်စာတွေက သင့်လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်ပါလိမ့်မယ်။ သွေးတွင်းဂလူးကိုစ့် ပမာဏမြန်မြန်တက်မလာစေဖို့ ဆီးချိုသွေးချိုရှိသူများအတွက်ရည်ရွယ်ပြီးထုတ်လုပ်ထားတဲ့ ဖြည့်စွက်စာမျိုးကို သာရွေးချယ်အသုံးပြုပါ။ ဥပမာပြရရင် Glucerna ဟာ ဆီးချိုသွေးချိုရှိတဲ့လူကြီးများအတွက် သိပ္ပံနည်းကျထုတ်လုပ်ထားပြီးတော့ အရည်အသွေးမြှင့်တင်ထားတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ် ၂၈မျိုး(ကိုယ်ခံအားတိုးစေတဲ့ဗီတာမင် D အပါအဝင်)၊ နှလုံးအားကောင်းစေတဲ့ အဆီပေါင်းစပ်ပါ၀င်မှု နှင့် အဆင့်မြှင့်တင်ထုတ်လုပ်ထားတဲ့ ကစီဓာတ်စနစ်## ပါဝင်တဲ့အတွက် သင့်ရဲ့ သွေးတွင်းဂလူးကိုစ့်ပမာဏကို ထိန်းညှိ#နိုင်ဖို့ အထောက်အကူပြုမှာဖြစ်ပါတယ်။ ဒါ့အပြင် Glucerna မှာ အင်ဆူလင်ကဲ့သို့လုပ်ဆောင်ပေးပြီး အင်ဆူလင်အပေါ်တုန့်ပြန်မှုကိုတိုးမြင့်စေတဲ့ Myo-inotisol ၄ဆ^ ပါ၀င်ပါတယ်။ 4

Glucerna ကို သင့်ရဲ့ စားသောက်မှုပုံစံထဲမှာ ပုံမှန်ထည့်သွင်းသုံးစွဲမယ်ဆိုရင် ၃ လ^^အတွင်း သွေးတွင်းဂလူးကိုစ့် ပမာဏကို ထိန်းညှိနိုင်မှာဖြစ်ပါတယ်။ 5

ဆီးချိုသွေးချို နဲ့အတူယှဉ်တွဲနေထိုင်ရတဲ့အခါမှာ အခက်အခဲများ၊ ဖြစ်နိုင်ခြေများ၊ လက္ခဏာများ ကိုသေချာသိထားပြီး စားသောက်ပုံကိုလည်း သတိထားမယ်ဆိုရင် အထောက်အကူအများကြီးဖြစ်ပါလိမ့်မယ်။  ဘယ်လိုမျိုးတိတိကျကျစားရမလဲ? ဘယ်လိုပဲဖြစ်ဖြစ် ကျန်းမာစွာစားသောက်ခြင်းက စားသောက်မှုနှင့်ဆိုင်သောနည်းလမ်းတိုင်းမှာအတူတူပဲဖြစ်ပါတယ်၊ လတ်ဆတ်တဲ့သစ်သီးများ၊ အသီးအရွက်များ၊ အဆီနည်းတဲ့အသား၊ အရည်အသွေးကောင်းတဲ့ ပရိုတင်း နဲ့ ဖြည်းညင်းစွာချေဖျက်စေနိုင်တဲ့ ကစီဓာတ်များ (သွေးတွင်းအချိုဓာတ်အညွှန်းကိန်းနည်းသောအစားအစာများ) ကိုစားသုံးခြင်းပဲဖြစ်ပါတယ်။ပိုအကျိုးရှိစေဖို့အတွက်တော့ Glucerna ကိုသောက်နိုင်ပါတယ်။ အမေရိကန်နိုင်ငံမှ ဆရာဝန်များထောက်ခံမှုအများဆုံး နံပါတ်(၁)+ ဆီးချိုသွေးချိုရှိသူများအတွက် ဖြည့်စွက်စာ ဖြစ်ပြီးတော့ စတင်သောက်သုံးတဲ့ ပထမနေ့**ကနေပြီးတော့ ထိရောက်မှုရှိပါတယ်။ အသစ်နှင့်အဆင့်မြှင့်ထုတ်လုပ်ထားတဲ့ Glucerna ကိုစမ်းသုံးကြည့်ချင်တယ်ဆိုရင် Glucerna Myanmar မှာ စာရင်းပေးသွင်းနိုင်ပါတယ်။5

 

References:

  1. https://www.mana.md/common-misconceptions-about-diabetes/
  2. https://www.bhf.org.uk/informationsupport/heart-matters-magazine/nutrition/myths-about-diet-and-diabetes
  3. https://www.medicalnewstoday.com/articles/medical-myths-all-about-diabetes#2.-Diabetes-is-not-serious
  4. https://abbottfamily.com.sg/articles/diabetes/inositol
  5. https://glucernamyanmar.com/eng/

#    Chee et al. BMJ Open Diabetes Res Care. 2017; Sun et al. Asia Pac J Clin Nutr. 2008.

^    Compared to previous formula of Glucerna

**   Glucerna has been shown to lower postprandial rises in blood glucose (Devitt et al. J Diabetes Res Clin Metab. 2012;  Luo et al. J Diabetes Mellitus. 2012; Mottalib et al. Nutrients. 2016; Davila et al. Nutrients. 2019.)

+    IQVIA, using the ProVoice Survey, fielded to 14,550 physicians from September 1, 2020 to August 31, 2021

^^   Sun et al. Asia Pac J Clin Nutr. 2008.

##  Jenkins et al. Diabetologia. 1982