အာဟာရနှင့် သွေးတွင်းအချိုဓာတ်ထိန်းညှိမှုမှတဆင့် ဆီးချိုသွေးချိုရောဂါကို ကာကွယ်ခြင်း
အာဟာရနှင့် သွေးတွင်းအချိုဓာတ်ထိန်းညှိမှုမှတဆင့် ဆီးချိုသွေးချိုရောဂါကို ကာကွယ်ခြင်း
ဆီးချိုသွေးချို ရောဂါများသည် သွေးထဲတွင် ဂလူးကို့စ်ပါဝင်ခြင်း မြင့်မားသောကြောင့် မလိုအပ်သော ဒဏ်ရာများနှင့် အနာကျက် ကြာခြင်းများကို ဖြစ်စေသည်။ သွေးတွင်း ဂလူးကို့စ်ပါဝင်မှု မြင့်မားခြင်းသည် သွေးကြောငယ်များကို ပျက်စီးစေပြီး ဂလူးကို့စ်ကိုယ်တိုင်က ရောဂါနှင့်ရောဂါပိုးများကို တိုက်ထုတ်သည့် အဓိက ဖြစ်သော သွေးဖြူဉ ဆဲလ်များ၏ လုပ်ဆောင်နိုင်စွမ်းကို အဟန့်အတားဖြစ်စေပါသည်။ ပျက်စီးနေသောသွေးကြောများသည် အာဟာရများ နှင့်ရောဂါပိုးများကို တိုက်ခိုက်သည့် ဆဲလ်များကို ဖြတ်တောက်ကာ သွေးလည်ပတ်မှုမကောင်းခြင်းကို ဖြစ်စေသည်။2 ဤမကောင်းသော လက္ခဏာဆိုးကျိုးများကို တုန့်ပြန်ရန်အတွက် အကောင်းဆုံးနည်းလမ်းမှာ သွေးတွင်းအချိုဓာတ်ကိုကောင်းမွန်စွာ ထိန်းချုပ်နိုင်ရန်ဖြစ်သည်။ သွေးတွင်းအချိုဓာတ်အညွှန်းကိန်း နည်းသောအစားစားများစားခြင်း(GI သည် သွေးတွင်းဂလူးကို့စ် မြန်မြန်တက်ခြင်း သို့မဟုတ် နှေးကွေးစွာတက်ခြင်း အတွက် အစားအသောက်အဆင့်သတ်မှတ်ခြင်း) ကစီဓာတ်၊ အရည်အသွေးမြင့် ပရိုတင်းများနှင့် အာဟာရဖြည့်စွက်စာများ( ဥပမာ ဆီးချိုသွေးချိုရောဂါအတွက် Glucerna) သည် ဆီးချိုသွေးချိုသမားများအတွက် အထူးထုတ်လုပ်ထားပြီး ဆီးချိုသွေးချိုသမားများ၏ အနာဖြစ်ခြင်းကို ကာကွယ်ရန်နှင့် သွေးတွင်းအချိုဓာတ်ထိန်းညှိခြင်းအတွက် အထောက်အကူဖြစ်စေပါသည်။1,6
သွေးတွင်းအချိုဓာတ်ထိန်းညှိခြင်း ဆိုတာဘာလဲ?
သွေးတွင်းအချိုဓာတ်ထိန်းညှိခြင်း၏ ရည်ရွယ်ချက်မှာ သွေးတွင်းဂလူးကို့စ်များသောခြင်း (Hyperglycemia) နှင့်ဆက်စပ်သော လက္ခဏာများ (ဥပမာ ပင်ပန်းနွမ်းနွယ်ခြင်း၊ ရေငတ်ခြင်း၊ နှလုံးရောဂါ၊ မှတ်ဉာဏ်ချို့ယွင်းခြင်း၊ စိတ်ဓာတ်ကျခြင်း ) စသော လက္ခဏာများကို လျော့ချရန်ဖြစ်သည်။1,3 သွေးတွင်းအချိုဓာတ်ကောင်းစွာထိန်းညှိနိုင်သော ဆီးချိုသွေးချိုရှိသူတစ်ဦး၏ (fasting blood Glucose) ပျမ်းမျှ သွေးတွင်းဂလူးကို့စ်သည့် 80 – 130 mg/dL ကြား ရှိသင့်သည်။5 ထိန်းညှိမှုသည် တစ်နေ့တာ၏ အစားအစာတစ်နပ်တည်းအတွက် သီးသန့်မဟုတ်သလို အစားအစားတစ်ခုတည်းအတွက်လည်းမဟုတ်ပါ။ လုပ်ငန်းစဉ်တစ်ခုလုံးသည် အစားအစာတစ်ခုစီ၏ GI တန်ဖိုး၊ နေ့စဉ်ကယ်လိုရီစားသုံးခြင်း၊ အပတ်စဉ်အစားအသောက်အစီအစဉ်များရေးဆွဲခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းသည် သွေးတွင်းသကြားဓာတ်များအရမ်းကျဆင်းသွားခြင်း (hypoglycemia) မဖြစ်အောင် သိရှိရန်အတွက် လိုအပ်သည်။ ခန္ဓာကိုယ်တွင်းရှိ မည်သည့်လုပ်ငန်းဆောင်တာ အမျိုးအစားမဆို စွမ်းအင်လိုအပ်ပြီး အထူးသဖြင့် အနာကျက်စေရန်အတွက် မှန်ကန်သော ကစီဓာတ်ကို ရွေးချယ်ရန် အရေးကြီးပါသည်။ ထုတ်လွှတ်မှုနှေးကွေးသော ကစီဓာတ်အမျိုးအစား သို့မဟုတ် နှေးကွေးစွာချေဖျက်သော အစားအစာများမှာ အုတ်ဂျုံ၊ ဂျုံလုံး၊ ပဲ၊ သစ်တော်သီး၊ လိမ္မော်သီး၊ ပန်းသီးနှင့် ကစီဓာတ်မပါသော ဟင်းသီးဟင်းရွက်များဖြစ်သည့် ပန်းပွင့်စိမ်း၊ ပန်းဂေါ်ဖီနှင့် ကညွတ် စသည်တို့ဖြစ်သည်။1,3
ပရိုတင်းဓာတ်သည် ဘယ်လိုကူညီပေးသလဲ။
ပရိုတင်းဓာတ်သည် တစ်သျှူးများ ကြီးထွားမှုနှင့် ပြန်လည်ရှင်သန်ခြင်းအတွက် မရှိမဖြစ်လိုအပ်ပြီး အနာကျက်ခြင်းနှင့် အနာမဖြစ်အောင်ကာကွယ်ခြင်းများအတွက် အရေးကြီးသည်။ စားသုံးထားသော ပရိုတင်းများပြိုကွဲသွားသောအခါတွင် ၎င်းတို့သည် လိုအပ်သောဆဲလ်များအတွက် စွမ်းအင်ပေးနိုင်သော Arginine နှင့် Glutamine ဟုခေါ်သော အမိုင်နိုအက်စစ် နှစ်မျိုးကို ထုတ်လုပ်ပေးပါသည်။ စားသုံးခြင်းမှ မလုံလောက်ပါက သင့်ခန္ဓာကိုယ်မှ ကြွက်သားများနှင့် ကိုယ်တွင်းအင်္ဂါများမှ အရံဆောင်ထားသော ၎င်းကိုယူသွားခြင်းကြောင့် ဒဏ်ရာများ အနာကျက်ခြင်းနှင့် ပြန်လည်ကောင်းမွန်လာမှုကို နှောင့်နှေးစေပါသည်။ အကောင်းဆုံးပရိုတင်း အရင်းအမြစ်များကို တိရစ္ဆာန် ( ဥပမာ – ငါး၊ ကြက်သား၊ ဥအမျိုးမျိုး၊ နို့ထွက်ပစ္စည်း စသည့်အစားအစာများ) နှင့် ဟင်းသီးဟင်းရွက်များ( ဥပမာ – ပဲပိစပ်၊ ပဲတောင့်ရှည်များ၊ အခွံမာသီးများ၊ အစေ့များ၊ အုတ်ဂျုံ၊ အစိမ်းအရင့်ရောင့်ရှိသော ဟင်းသီးဟင်းရွက်များ) စသည်တို့မှရရှိနိုင်သည်။
စိတ်ထဲတွင်မှတ်သားထားရမည့် အရေးကြီးသော အဓိက အာဟာရများ၊
ဆီးချိုသွေးချိုသမားများသည် ဗီတာမင် A,D,E,K,B,C ပိုတတ်စီယမ်၊ ဖော့စဖရပ်၊ ဇင့်၊ ဆီလီနီယမ်၊ သံဓာတ်တို့ကြွယ်ဝစွာလိုအပ်ပြီး အနာကျက်စေရန် ကူညီပေးပါသည်။ ၎င်းတို့ရရှိရန် အကောင်းဆုံး အစားအစာအရင်းအမြစ်များမှာ အစေ့အဆန်များ၊ အမဲသား၊ အသည်း၊ ဥအမျိုးမျိုးနှင့် မှိုအချို့တို့ဖြစ်သည်။1 ၎င်းအာဟာရများကို ထိရောက်စွာ စုပ်ယူနိုင်ရန်အတွက် ခန္ဓာကိုယ်သည် ကျန်းမာသောအဆီဟု လူသိများသော အိုမီဂါ 3 နှင့် 6၊ Fatty acid တို့ လည်းလိုအပ်ပါသည်။ ၎င်းတို့ကိုရရှိရန်အတွက် အကောင်းဆုံးအစားအစာ အရင်မြစ်များမှာ ပင်လယ်ငါးများ၊ ထောပတ်သီး၊ အခွံမာသီးများနှင့် နေကြာစေ့ကဲ့သို့သော သဘာဝအဆီများသော အစေ့များဖြစ်သည်။ ဤအာဟာရများ၏ စုပေါင်းအားထုတ်မှုသည် ကော်လဂျင်ပေါင်းစပ်မှုကို လှုံ့ဆောင်ပေးပြီး ရောင်းရမ်းမှုကို လျော့ချပေးကာ သွေးစီးဆင်းမှုကို ကန့်သတ်ထားခြင်းကြောင့် ဆဲလ်ပြန်လည်ပြုပြင်ခြင်းအတွက် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါသည်။4,5
ဆီးချိုသွေးချိုရောဂါအတွက် ဒဏ်ရာများ ကာကွယ်ခြင်းနှင့် အနာကျက်ခြင်းသည် ၎င်းတို့၏ သွေးတွင်းအချိုဓာတ်ထိန်းညှိမှု အပေါ်တွင် ကြီးမားစွာမှီခိုနေပါသည်။ ၎င်းတို့အတွက် အကောင်းဆုံးနည်းလမ်းမှာ GI နည်းသော အစားအစာများ၊ နှေးကွေးသော ကစီဓာတ်ထုတ်လွတ်မှုနှင့် အရည်အသွေးမြင့် ပရိုတင်းများအပြင် လေ့ကျင့်ခန်းအချို့ပြုလုပ်ခြင်းဖြစ်သည်။ သို့သော် အစားအစာများမှ ပရိုတင်းကို မစားသုံးနိုင်သော လူကြီးများနှင့် တစ်ဦးချင်းစီအတွက် က ဘယ်လိုလဲ။ ဤနေရာတွင် Glucerna သည် အမေရိကန် နံပါတ် ၁ ဆရာဝန်များမှ အာဟာရဆိုင်ရာဖော်မြူလာများကို ထောက်ခံထားပြီး~ ဆီးချိုသွေးချိုရောဂါအတွက် အထူးထုတ်လုပ်ထားသော ဖြည့်စွက်စာဖြစ်သည်။ နှစ်ပေါင်းများစွာ လက်တွေ့စမ်းသပ်မှုပေါင်း ၅၀ ကျော်ဖြင့် ကျောထောက်နောက်ခံပြုထားသော ဆီးချိုသွေးချိုရောဂါအတွက် Glucerna သည် ပိုမိုကောင်းမွန်သော သွေးတွင်းအချိုဓာတ်ထိန်းညှိမှုအတွက် သီးသန့်ဖြစ်ပြီး ဆန်းသစ်သော ကာဗိုဟိုက်ဒရိတ်^ ကို တီထွင်ခဲ့သည်။ ထို့အပြင် အင်ဆူလင်၏ အာရုံခံနိုင်ရည်ကို တိုးမြှင့်ရန်အတွက် အထိရောက်ဆုံး ကစီဓာတ်ဖြစ်သော myo-inositol ၄ ဆ^ ဖြင့် Glucerna သည် ၃ လအတွင်း သွေးတွင်းဂလူးကို့စ် ထိန်းညှိမှုကို တိုးတက်စေနိုင်သည်။# ဗီတာမင် B,C အိုမီဂါ 3,6,9 နှင့်အရည်အသွေးမြင့်ပရိုတင်းကဲ့သို့ မရှိမဖြစ်လိုအပ်သော ဗီတာမင် နှင့် သတ္တုဓာတ် ၂၈မျိုးအထိ ပါဝင်သောကြောင့် ဆီးချိုသွေးချိုရောဂါအတွက် အလုံးစုံကျန်းမာရေးကို ပံ့ပိုးပေးပါသည်။ ကျန်းမာသော နှလုံးဆိုသည်မှာ အောက်စီဂျင်နှင့် အာဟာရဖြန့်ဖြူးမှုအတွက် သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး ရောင်ရမ်းမှုကို လျော့ကျစေကာ ကိုယ်ခံစွမ်းအားကို ကောင်းစွာထိန်းသိမ်းပေးနိုင်ပါသည်။ နမူနာများနှင့် နောက်ထပ် Glucerna For Diabetes အချက်အလက်များအတွက် Glucerna Myanmar သို့သွားရောက်ကြည့်ရှုနိုင်ပါသည်။
References:
- https://ade.adea.com.au/nutrition-in-wound-healing-for-adults-with-diabetes-a-practice-update/#:~:text=A%20meal%20plan%20with%2040,thus%20vital%20for%20wound%20healing.
- https://www.apcofamerica.com/low-blood-flow-poor-circulation-diabetes/#:~:text=Diabetes%20can%20lead%20to%20poor,blood%20vessels%2C%20impeding%20your%20circulation.
- https://www.hmpgloballearningnetwork.com/site/twc/articles/diabetic-wound-healing-through-nutrition-and-glycemic-control
- https://onlinelibrary.wiley.com/doi/full/10.1111/dme.12509
- https://bmcendocrdisord.biomedcentral.com/articles/10.1186/s12902-019-0421-0
- https://abbottfamily.com.sg/products/page/glucerna-triple-care
Additional Readings:
^ Jenkins – 1982
# Sun et al. Asia Pac J Clin Nutr. 2008.
~ IQVIA, using the ProVoice Survey, fielded to 14,853 physicians from January 1, 2020 to December 31, 2020.