ဆီးချိုသွေးချိုအတွက် ကိုယ်ခံစွမ်းအားကို မြှင့်တင်ခြင်းသည် ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအစာ တစ်ခုထက် ပိုပါသည်

article

မည်သည့်ရာသီမဆို နှစ်သက်စရာများရှိသော်လည်း ၎င်းတို့တွင် ရာသီဥတုဆိုးရွားခြင်းကြောင့် ပိုးမွှားများနှင့် ဖျားနာမှုများလည်းရှိသည်။ ဆီးချိုသွေးချိုရှိသူများသည် သွေးတွင်းသကြားဓာတ် မြင့်တက်ပါက သွေးစီးဆင်းမှုကန့်သတ်ခြင်းနှင့် အာရုံကြောကို ထိခိုက်စေသော ရောင်ရမ်းနာကျင်မှုများ ပိုဖြစ်နိုင်သည်။ အစားအသောက်နှင့် လေ့ကျင့်ခန်းသည် သွေးစီးဆင်းမှုကို ကောင်းမွန်စေရန် အကောင်းဆုံးလုပ်ဆောင်ချက် ဖြစ်သော်လည်း ဆီးချိုသွေးချိုအတွက် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးခြင်းသည် ထိုထက် အနည်းငယ်ပိုပါသည်။ အောက်တွင် ဆီးချိုသွေးချိုရှိသူများအတွက် သတိထားရမည့်အရာများကို ဖော်ပြထားပါသည်။

သင့်ရဲ့ ခြေထောက်အခြေအနေက ဘယ်လိုရှိလဲ။

အာရုံကြောများနှင့် သွေးကြောများပျက်စီးခြင်းကြောင့် ခြေဖဝါး၌ ထိခိုက်လွယ်မှုသည် ဆီးချိုသွေးချိုရောဂါတွင် အဖြစ်များပါသည်။ သင်၏ခြေထောက်သည် သင်၏ကျန်းမာရေးကို ညွှန်ပြသောကြောင့် ဆိုးကျိုးများ မဖြစ်ပွားမီ ဂရုစိုက်သင်ယူခြင်းသည် အကောင်းဆုံးဖြစ်သည်။ ဆီးချိုသွေးချိုရှိသူများတွင် သက်သာပျောက်ကင်းမှု နှေးကွေးသောကြောင့် လိုအပ်သလိုစောင့်ကြည့်ကုသနိုင်ရန် အောက်ပါအရာများကို မကြာခဏစစ်ဆေးပါ။

  • ဒဏ်ရာဖြစ်ပြီးနောက် သို့မဟုတ် လမ်းခဏလျှောက်ပြီးချိန်တွင် ခြေထောက်နာကျင်ခြင်း
  • ပေါင်၊ တင်ပါးနှင့် နောက်ကျောနာကျင်မှုကို ဦးတည်သော ခြေထောက်နာကျင်ခြင်း
  • အနားယူနေသည့်တိုင် ခြေထောက်များရောင်ရမ်းခြင်း
  • ခြေထောက်၌ အမြဲနီနေခြင်း
  • ခြေသလုံးအောက်ပိုင်းတွင် ခြောက်သွေ့အက်ကွဲခြင်း၊ မာကျောခြင်း သို့မဟုတ် ပြောင်လက်နေခြင်း
  • အရည်ကြည်ဖုများ၊ ဒဏ်ရာများ (သို့မဟုတ်) အနာများသည် ပုံမှန်ထက် ကျက်ရန်ပိုကြာခြင်း
  • ခြေဖဝါး သို့မဟုတ် ခြေထောက်နှင့် အခြားနေရာများတွင် ဒဏ်ရာရပြီးနောက်အဖျားတက်ခြင်း
  • ခြေထောက်ထုံကျင်ခြင်း

သင်ရေဓာတ်ပြည့်ဝစွာရပါသလား။

စတင်ဖျားနာခြင်း၊ မကြာခဏပူခြင်း၊ ချမ်းခြင်း၊ ချွေးထွက်ခြင်း (သို့မဟုတ်) မျက်ခွံပူခြင်းနှင့် မျက်လုံးခြောက်ခြင်း တို့ခံစားရလျှင် သင်သည် ရေလုံလောက်စွာ မသောက်ခြင်းကြောင့်ဖြစ်နိုင်သည်။ ဆီးချိုသွေးချိုရှိသူများသည် ခန္ဓာကိုယ်မှ ကျောက်ကပ်နှင့် အသည်းလုပ်ငန်းစဉ်ကို ကူညီရန်နှင့် သွေးတွင်းမှ ပိုနေသောသကြားဓာတ်ကို ဖယ်ရှားရန် ခန္ဓာကိုယ်မှ အရည်များကို ပိုမိုစုပ်ယူရသောကြောင့် ရေဓာတ်ခန်းခြောက်လွယ်သည်။ ရေဓာတ်ခမ်းခြောက်ခြင်းသည် သင်၏ဆဲလ်များကို ခန္ဓာကိုယ်အနှံ့ အာဟာရနှင့် အောက်စီဂျင်များ ကောင်းစွာသယ်ဆောင်ရန် တားဆီးနေသည်။ ထို့ကြောင့် ကူးစက်ရောဂါများနှင့် ဖျားနာမှုများအတွက် ခန္ဓာကိုယ်၏ တုံ့ပြန်မှုကို အဟန့်အတားဖြစ်စေပါသည်။ ဗိုင်းရပ်စ်များသည် သကြားဓာတ်၌ ရှင်သန်ကြသည်။ ထို့ကြောင့် ရေဓာတ်ထိန်းသိမ်းခြင်းသည် ဆီးချိုသွေးချိုရှိသူများအတွက် အလွန်အရေးကြီးသည်။

အပြင်ထွက်တိုင်းအစားအစာယူသွားပါ။

မသန့်ရှင်းသောအစားအစာများကို စားမိလျှင် အစာအဆိပ်သင့်ခြင်း၊ ဝမ်းလျှောခြင်းနှင့် အန်ခြင်းတို့ကြောင့် ခန္ဓာကိုယ်မှရေဓာတ်ကို ပိုမိုဆုံးရှုံးစေသည်။ ရေဓာတ်ခန်းခြောက်ခြင်းကြောင့် ဆီးချိုသွေးချိုနှင့် အခြားကူးစက်ရောဂါများကို တိုက်ထုတ်ရန် ခန္ဓာကိုယ်၏စွမ်းရည်ကို ကျစေပါသည်။ အလွန်အကျွံစားသုံးမိလျှင် ကိုယ်ခံစွမ်းအားကို အဟန့်အတားဖြစ်စေသော လူသိများသည့် ပြုပြင်ထားသော အစားအစာများတွင် အရည်အသွေးနိမ့်သော ပါဝင်ပစ္စည်းများဖြစ်သည့် သကြား၊ ဆား၊ အဆီတို့ဖြင့် ပြည့်နေပါသည်။ သန့်ရှင်းသောအစားအစာများသည် ပါဝင်ပစ္စည်များကို ပိုမိုထိန်းချုပ်ထားသည်။ လတ်ဆတ်သောအစားအစာများ တွင် ဗီတာမင် C၊ ဗီတာမင် K၊ ပိုတက်ဆီယမ်၊ အမျှင်ဓာတ်၊ကယ်လ်စီယမ် နှင့် အခြားအာဟာရများပိုမို ပါဝင်သောကြောင့် လတ်ဆတ်သောအစားအစာများကို ရွေးချယ်ခြင်းသည် ကိုယ်ခံအားကို ပိုမို ကောင်းမွန်စေပါသည်။

ကိုယ်ခံစွမ်းအားကို မြှင့်တင်နေစဉ် သင်၏ ဆီးချိုသွေးချိုရောဂါကို ထိန်းညှိရာတွင် အနည်းငယ် အထောက်အပံ့လိုအပ်သည်ဟု ခံစားရသောအခါ အာဟာရဖြည့်စွက်စာများသည် သင့်ကို ကူညီနိုင်ပါသည်။ ၎င်းတို့အားလုံးတွင် ပါဝင်ပစ္စည်း သကြားဓာတ်ပါဝင်မှုရှိမရှိကို အထူးသတိပြုပါ။ ဥပမာအားဖြင့် Glucerna ထုတ်ကုန်အမျိုးမျိုးသည် အစားအစာများမှ ရရှိသော အာဟာရများကို ထည့်သွင်းထုတ်ထားသောကြောင့် ဆီးချိုသွေးချိုရှိသူများအတွက် အထူးသင့်လျော်ပြီး ကိုယ်ခံစွမ်းအားကို ကောင်းမွန်စေရန် ကူညီပေးပါသည်။

References:

  1. https://www.deccanchronicle.com/lifestyle/health-and-wellbeing/170719/monsoon-essentials-for-people-with-diabetes.html
  2. https://goqii.com/blog/useful-tips-to-boost-immunity-during-monsoon/
  3. https://www.mymetabolicmeals.com/sugar-weakens-immune-system/
  4. https://timesofindia.indiatimes.com/life-style/food-news/these-fruits-improve-immunity-during-monsoon/articleshow/70698700.cms
  5. https://abbottfamily.com.sg/products/range/glucerna