Banner Size for Ensure Glucerna Web Page 1920 x 400 01
Banner Size for Ensure Glucerna Web Page 600 x 600 01

FAQ

1. (Ques) Glucerna ကို မည်သူများသောက်သုံးရန် သင့်တော်ပါသလဲ။

(ANS)  အသက် ၁၈ နှစ်နှင့် အထက် ဆီးချို သွေးချိုရှိသူများ (သို့) ဆီးချိုသွေးချိုဖြစ်ရန် အလားအလာရှိ သူများ သောက်သုံးရန်သင့်တော်ပါသည်။

2. (Ques) Glucerna ကို မည်သည့် ထုပ်ပိုးမှုပုံစံများ ဖြင့်ရရှိနိုင်သနည်း။

(ANS) ၈၅၀ ဂရမ် (ဗင်နီလာ အရသာ) နှင့် ၄၀၀ ဂရမ်(ဗင်နီလာ အရသာ) များရနိုင်ပါသည်။

3. (Ques) Glucerna ဟာ အဘယ့်ကြောင့် အခြားသော ဆီးချိုသွေးချိုရောဂါ အထူးပြု ဖော်မြူလာများထက်သာလွန်ကောင်းမွန်ရပါသလဲ။

(ANS) Glucerna သည် ဆီးချိုသွေးချိူ (သွေးတွင်းသကြားဓာတ်) ကိုပုံမှန်ထိန်းညှိရန် သုသေသနများစွာပြုလုပ်ထားသည်။ သိပ္ပံနည်းကျ ဖော်စပ်ထုတ်လုပ်ထားသော ဆီးချိုသွေးချိုဆိုင်ရာဖော်မြူလာဖြစ်ပါသည်။ နှစ်ပေါင်း ၃၀ကြာအောင်  လူနာပေါင်း ၄၀၀၀ကျော်ခန့်တွင် ဆေးသုသေသနပေါင်း ၅၀ ကျော် စစ်ဆေးပြုလုပ်ထားပြီးဖြစ်ပါသည်။ Glucernaသည်ဆီးချိူသွေးချိုရှိသူများအတွက် ထူးခြားကောင်းမွန်သော ပထမဦးဆုံးအာဟာရ ဖြည့်စွက်ဖော်မြူလာဖြစ်ပါသည်။ အမေရိကန်နိုင်ငံတွင် ဆီးချိူသွေးချိုရှိသူများအတွက် နံပတ် (၁) ဆရာဝန်ညွှန်ကြားထားသော အာဟာရဖော်မြူလာဖြစ်သည့်အပြင် ကမ္ဘာပေါ်တွင် နံပတ်(၁) ရောင်းအား ကောင်းသော ဆီးချိုသွေးချိူအာဟာရဖော်မြူလာလည်းဖြစ်ပါသည်။

4. (Ques) Glucerna တွင် ကစီဓာတ် ခေါ် ကာဘိုဟိုက်ဒရိုတ် ထုတ်လွှတ်မှု နှောင့်နှေး(ဖြေးညှင်း)ချင်းမှ ရရှိနှိင်မည့် အကျိူးကျေးဇူးများကို ဖော်ပြပါ။

(ANS)ဖြေးညှင်းစွာထုတ်လွှတ်လိုက်သောကစီဓာတ်ရောနှောမှုသည်ပိုမိုမြင့်မားသောGlycemic Carbohydrate များနှင့်နှိုင်းယှဉ်ပါက လျော့နည်းသော သွေးတွင်းသကြားဓာတ် တုံ့ပြန်မှုကို ရရှိစေသည်။ Glucerna တွင် ပါဝင်သော maltodextrin၊ sucromalt, fructose, maltitol, glycerine နှင့် fructooligosaccaharides (FOS)စသည့်ကစီဓာတ်များသည်သွေးတွင်းသကြားဓာတ်မြင့်မားမှုကိုလျှော့ချရာတွင်ကူညီပေးနိုင်သည်။

5. (Ques) Glucerna တွင် အတုအပ ပြုလုပ်ထားသော ဆေးသကြား စသည် ချိုစေသောအရာများ ပါဝင်ပါသလား။

( ANS) Glucerna တွင် အတုအပ ပြုလုပ်ထားသော ဆေးသကြား စသည် ချိုစေသောအရာများ မပါဝင်ပါ။

6. (Ques)ယခုလက်ရှိစားသောက်မှုပုံစံနှင့်သုံးစွဲနေသောဖြည့်စွက်စာများကိုရပ်တန့်ပြောင်းလဲပစ်ရန် လိုအပ်ပါသလား။

(ANS) နားလည်တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်း (သို့) သက်ဆိုင်ရာ ဆရာဝန်နှင့် တိုင်ပင်၍ အကြံဥာဏ်ယူသင့်ပါသည်။ အညွှန်းတံဆိပ်တွင်ပါရှိသော ဗိုက်တာမင်နဲ့ သတ္တုဓာတ်ပါဝင်မှုများကို သတိပြုပြီး၍ အခြားသောဖြည်စွက်စာနှင့် နေ့စဉ်အာဟာရတွင် မည်သို့ပေါင်းစပ်စားသုံးသင့်သည်ကို တိုင်ပင်၍ အကြံဥာဏ်ယူသင့်ပါသည်။

7. (Ques) Glucerna အရသာဟာ အဘယ်ကြောင့် အချိုများရသနည်း။

(ANS)Glucerna တွင် ပါဝင်သောအချိူဓာတ်သည် (Fructose)မှ အဓိကထုတ်လုပ်ထားခြင်းဖြစ်ပါသည်။ Glucernaတွင် စွမ်းအင်ထုတ်လွှတ်ပေးစွမ်းရန် ကာဘိုဟိုက်ဒရိတ်အမျိုးအစားများစွာပါဝင်သည်။ အရေးကြီးသော အချက်မှာ Glucerna ရှိ ကာဘိုဟိုက်ဒရိတ်အများစုသည် Fructose အပါအဝင် သွေးတွင်းအချိုဓာတ်အညွှန်းကိန်း(GI)နည်းပါးကြသည်။ အချိုဓာတ်အညွှန်းကိန်းနည်းပါးသော ကစီဓာတ်သည် အညွှန်းကိန်းများသောကစီဓာတ်နှင့်နှိုင်းယှဉ်လျှင် သွေးတွင်းအချိုဓာတ်ကို လျော့ကျစေကြောင်း တွေ့ရှိရသည်။

8. (Ques) ဆီးချိုသွေးချိုရှိသူများသည် ၎င်းတို့၏ နေ့စဉ် စားသောက်မှုပုံစံတွင် Glucerna ကို မည်သို့ ဖြည့်စွက်ထည့်သွင်းရမည်နည်း။

(ANS)Glucernaအား မနက်စာ၊နေ့လည်စာအဖြစ်၎င်း၊Glucernaတစ်ခွက်နှင့်အတူထမင်းအချိုးကျစားခြင်းဖြင့်လည်းကောင်း၊ အစာအစားထိုးဖြည့်စွက်စာဖြင့်လည်းကောင်း၊ အဆာပြေစာဖြင့်လည်းကောင် းအသုံးပြုနိုင်ပါသည်။ ဆီးချိုသွေးချိုရှိသူများ၏ အာဟာရဆိုင်ရာဖော်ပြချက်အခြေအနေ၊ ကိုယ်အလေးချိန်နှင်သွေးတွင်းအချိူ ဓာတ်ထိန်းညှိမှုစသည် တို့ အားထည့်သွင်းစဉ်းစားရန် လိုအပ်သောကြောင့် မိမိ၌ ဆီးချိူသွေးချို ရှိပါကတစ်ဦးချင်းဆိုင်ရာအကြံဥာဏ်များကို နားလည်တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်း (သို့) သက်ဆိုင်ရာဆရာဝန်ထံသို့ Glucernaအားမိမိတို့ နေ့စဉ်စားသောက်မှုပုံစံထဲသို့ မည်သို့ထည့်သွင်းဖြည့်စွက်  စားသုံးရမည်ဆိုသည်ကို ဆွေးနွေးတိုင်ပင်၍ အကြံဥာဏ်တောင်းယူသင့်ပါသည်။

9. (Ques)အချို့ဆီးချိုသွေးချိုရှိသူများ Glucernaသောက်သုံးပြီးနောက်သွေးတွင်း သကြားဓာတ်မြင့်တက်မှုအား ခံစားရပြီး ကိုယ်အလေးချိန်တက်လာသည်မှာ အဘယ့်ကြောင့်နည်း။

(ANS)ဆီးချိုသွေးချိုရှိသူများသည် ကောင်းမွန်သောသွေးတွင်းသကြားဓာတ်ထိန်းညှိမှုကိုရရှိရန် Glucernaအားနေ့စဉ်စားသောက်မှုပုံစံထဲတွင်တစ်စိတ်တစ်ပိုင်းပါဝင်မှုအဖြစ်မည်သို့ထည့်သွင်း စားသုံးသင့်သည်ကို ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာကျွမ်းကျင်သူထံတွင်သွားရောက်အကြံ ဥာဏ်တောင်းဆိုပြီး လိုက်နာသောက်သုံးသင့်ပါသည်။

10. (Ques)ဆီးချိုသွေးချိုရောဂါရှိသူများသည်Glucernaသောက်သုံးပြီးနောက် လက်ရှိဆီးချိုသွေးချိုရောဂါအတွက်မှီဝဲအသုံးပြုနေလျက်ရှိသောဆေးဝါးများအား ရပ်တန့်လိုက်သင့်ပါသလား။

(ANS)ဆရာဝန်များနှင့်ဆွေးနွေးတိုင်ပင်ခြင်းများမပြုလုပ်ရသေးဘဲ လက်ရှိဆီးချိုသွေးချိုရောဂါအတွက်မှီဝဲအသုံးပြုနေလျက်ရှိသောဆေးဝါးများအား မရပ်တန့်သင့်ပါ။Insulin(အင်ဆူလင်)ထိုးသွင်းနေရသောလူနာများအတွက်Glucerna စတင်မှီဝဲတော့မည်ဆိုပါကထိုးသွင်းရသောInsulin(အင်ဆူလင်)ပမာဏနှင့်အကြိမ်ရေများကို ပြုပြင်ထိန်းညှိရန်လိုအပ်ပါသည်။သွေးတွင်းသကြားဓာတ်ပါဝင်မှုကို ဂရုတစိုက်ဖြင့် စောင့်ကြည့်မှတ်သား ရန်နှင့်Insulin(အင်ဆူလင်)ပမာဏနှင့်အကြိမ်ရေများကိုနားလည်တတ်ကျွမ်းသောကျန်းမာရေးဝန်ထမ်း (သို့) သက်ဆိုင်ရာဆရာဝန်နှင့် တိုင်ပင်၍ အကြံဥာဏ်ယူသင့်ပါသည်။

11. (Ques)Glucernaအားဆီးချိုသွေးချိုမရှိသောသူများလည်းသောက်သုံးရန်သင့်တော်ပါသလား။

(ANS)ပြီးပြည့်စုံသောအာဟာရကိုပေးစွမ်းနိုင်သောကြောင့်Glucernaအား          ဆီးချိုသွေးချိုမရှိသောသူများလည်း သောက်သုံးရန်သင့်တော်ပါသည်။

12. (Ques) Glucerna သည် အစာပြွန် ဖြင့် အသုံးပြုရန် သင့်တော်ပါသလား။

 (ANS) Glucerna အား အစာပြွန် ဖြင့် အသုံးပြုရန်သင့်တော်ပါသည်။ ဆီးချိုသွေးချို ရှိသူများသည် အာဟာရပညာရှင်(သို့)အစာပြွန်ဖြင့်ထည့်သွင်းရာမှာကျွမ်းကျင်သော ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာကျွမ်းကျင်သူထံမှအကြံပေးညွှန်ကြားချက်များအား လိုက်နာသင့်ပါသည်။

13. Glucerna သည် ကျောက်ကပ်ရောဂါဝေဒနာရှင်များအတွက် သောက်သုံးရန်သင့်တော်ပါသလား။

(ANS) Glucerna သည် ကျောက်ကပ်ရောဂါဝေဒနာရှင်များအတွက် စီမံထုတ်လုပ်ထားခြင်းမဟုတ်ပါ။    Neproဟုခေါ်ဆိုသောကျောက်ကပ်ဝေဒနာရှင်များအတွက်ရည်ရွယ်၍ Abbottမှအထူးပြုထုတ်လုပ် ထားသောအာဟာရထုတ်ကုန်တစ်မျိုးရရှိနိုင်ပါသည်။ နားလည်တတ်ကျွမ်းသောကျန်းမာရေးဝန်ထမ်း (သို့) ဆရာဝန်နှင့်တိုင်ပင်၍ အကြံဥာဏ် ယူသင့်ပါသည်။

14. Glucerna သည် Gluten (ဂျုံများတွင် တွေ့ရတတ်သော စေးကပ်သည့် ကစီဓာတ်) (သို့) Lactose (နွားနို့တွင် တွေ့ရတတ်သော သကြားဓာတ်) တို့ ကင်းလွတ်ပါသလား။

(ANS) ဟုတ်ပါတယ်။ Glucerna သည် Gluten (ဂျုံများတွင် တွေ့ရတတ်သော စေးကပ်သည့် ကစီဓာတ်) (သို့) Lactose (နွားနို့တွင် တွေ့ရတတ်သော သကြားဓာတ်) တို့ ကင်းလွတ်ပါသည်။ သို့သော်လည်း ဂလက်တိုဆီးမီးယား ရောဂါရှိသူများ သောက်သုံးရန်မသင့်တော်ပါ။

15. (Ques)ကိုယ်ဝန်ဆောင်စဉ်ဖြစ်ပေါ်တတ်သော ဆီးချိုသွေးချို (GDM) ရှိသူများ အတွက် Glucerna သည် သင့်တော်ပါသလား။

    (ANS)သင့်တော်ပါသည်။ ဆီးချိုသွေးချိုရှိသော ကိုယ်ဝန်ဆောင်အမျိုးသမီးများတွင် Glucerna နှင့်တိကျ သေချာသော ဆန်းစစ်လေ့လာမှုများ ကိုပြုလုပ်ထားပြီးဖြစ်ပါသည်။ တိကျသော လေ့လာမှုနှစ်ခုအရ Glucerna အား ကယ်လိုရီတူ ပုံမှန်နို့သောက်ချိန် (သို့) သရေစာအဖြစ် အသုံးပြု၍ စမ်းသပ်ခဲ့ရာအစာ စားပြီးပြီးချင်းအချိန်၌ သွေးထဲရှိ သကြားဓာတ် ကောင်းမွန်စေကြောင်းလေ့လာတွေ့ရှိရပါသည်။ ထို့အပြင် လေ့လာမှုတစ်ခုအရ ထိန်းချုပ်မှုအုပ်စုရှိ အမျိုးသမီးများနှင့် Glucerna ကို တစ်နေ့နှစ်ကြိမ်သောက်သုံးရန် ညွှန်ကြားခံထားရသော ၂၆ ပတ်ကြာ GDM (ကိုယ်ဝန်ဆောင်ချိန်ဆီးချိုသွေးချိုလက္ခာတွေ့ရှိရသော) ကိုယ်ဝန်ဆောင်အမျိုးသမီးများ ကို နှိုင်းယှဉ်ရာတွင်

  • HbA1c သိသိသာသာ လျော့ကျသွားခြင်း
  • အချိန်မတန်မှီ အမြှေးပါးပေါက်ပြဲမှုကို သိသိသာသာ နိမ့်ကျသွားခြင်း
  • မွေးကင်းစကလေး အဆုတ်ရောင်ရောဂါဖြစ်ပွားနိုင်ခြေ နည်းပါးသွားခြင်း
  • မွေးကင်းစကလေး ကိုယ်အလေးချိန် လျော့နည်းခြင်း( Glucerna အုပ်စု = ၃.၃၅ ကီလိုဂရမ် ၊ ထိန်းချူပ်အုပ်စု = ၃.၅၅ ကီလိုဂရမ်)

    (Refer to Annex 1 for key nutrient comparision with Glucerna Triple Care (S434)).

16. (Ques)ကိုယ်ဝန်ဆောင် ဖြည့်စွက်စာအဖြစ် Similac Mum/Mom အား သောက်သုံးမှီဝဲနေလျက်ရှိနေသော ကိုယ်ဝန်ဆောင်အမျိုးသမီးအား ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာကျွမ်းကျင်သူမှ(Gestational Diabetes) ခေါ် ကိုယ်ဝန်ဆောင်ချိန်ဖြစ်တတ်သော ဆီးချိုသွေးချိုလက္ခဏာ တွေ့ရှိရသည်ဟု ပြောကြားခံရလျှင် Glucerna အားရွေးချယ်သောက်သုံးသင့်ပါသလား။

(ANS) Glucerna သည်ကိုယ်ဝန်ဆောင်ချိန်ဖြစ်တတ်သောဆီးချိုသွေးချိုလက္ခဏာ ရှိသော ကိုယ်ဝန်ဆောင်အမျိုးသမီးများသောက်သုံးရန် သင့်တော်ပါသည်။ Glucerna သည် ဆီးချိုသွေးချိုရောဂါအမျိုးအစား (၁) (သို့) အမျိုးအစား (၂) နှင့် ကိုယ်ဝန်ဆောင်ချိန်ဖြစ်တတ်သောဆီးချိုသွေးချိုလက္ခဏာ ရှိ ကိုယ်ဝန်ဆောင်အမျိုးသမီးများအား သွေးတွင်းအချိုဓာတ်အား ကူညီထိန်းညှိပေးရန် သုသေတနလေ့လာချက်များဖြင့် စစ်ဆေးတွေ့ရှိပြီးဖြစ်ပါသည်။ Glucerna နှင့် SimilacMum/Mom တို့သည် အာဟာရပါဝင်ပုံခြင်းကွဲပြားခြားနားသောကြောင့် ကိုယ်ဝန်ဆောင်မိခင်တစ်ဦး၏အခြေခံလိုအပ်ချက်များအား ကျန်းမာရေးစောင့် ရှောက်မှုဆိုင်ရာကျွမ်းကျင်သူထံမှ တစ်ဦးချင်းလိုက် ဆုံးဖြတ်ချက်များအား ဆွေးနွေးလက်ခံရပါမည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများ၏ သွေးတွင်းသကြားဓာတ် ထိန်းချုပ်ခြင်း၊ ကိုယ်ဝန်ဆောင်ချိန်ဖြစ်တတ်သောဆီးချိုသွေးချိုလက္ခဏာ ရှိသော ကိုယ်ဝန်ဆောင်အမျိုးသမီးများ ကိုယ်အလေးချိန်တိုးလာခြင်း၊ စွမ်းအင်နှင့် အာဟာရဓာတ်များစားသုံးခြင်း အပြင် Glucerna နှင့် Similac Mom ရရှိသည့်နိုင်ငံများ စသည့်အချက်များကိုထည့်သွင်းစဉ်းစားရန်အရေးကြီးသည်။ အကယ်၍Glucernaသည် GDM(ကိုယ်ဝန်ဆောင်ချိန်ဖြစ်တတ်သောဆီးချိုသွေးချိုလက္ခဏာ) ရှိ ကိုယ်ဝန်ဆောင်အမျိုးသမီးအတွက်သင့်တော်သောရွေးချယ်မှု ဖြစ်ကြောင်းကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာကျွမ်းကျင်သူမှဆုံးဖြတ်ပါက ပြည့်စုံမျှတသောအစားအစာ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့်တစ်နေ့လျှင် Glucerna Triple Care အားသုံးကြိမ်အထိသောက်သုံးနိုင်သည်။

Minerals Units S434 per serving (237 mL) S348 per serving (177 mL)
Sodim mg 211 113
Potassium mg 370 419
Chloride mg 313 254
Calcium mg 168 500
Phosphorus mg 168 476
Magnesium mg 59 108
Iron mg 1.4 6.1
Zinc mg 2.4 10.0
Manganese mg 0.78 0.6
Copper mg 167 0.5
Iodine mg 38 10.5
Selenium mg 16 32
Chromium mg 40 30.0
Molybdenum mg 26 N.A

(Refer to Annex 2 for key nutrient comparison between Glucerna Triple Care (S434) and Similac Mom(S348).

17. (Ques) အကယ်၍ကိုယ်ဝန်ဆောင်ချိန်ဖြစ်တတ်သော ဆီးချိုသွေးချိုလက္ခဏာများခံစားနေရသော ကိုယ်ဝန်ဆောင်မိခင်များသည် ကိုယ်ဝန်ဆောင်ချိန် ဖြည့်စွက်စာအဖြစ်သောက်သုံးနေသော Similac Mom အပြင် Glucerna ပါထပ်မံဖြည့်စွက်သောက်သုံးလို့ ရပါသလား။

(ANS) ကိုယ်ဝန်ဆောင်ချိန်ဖြစ်တတ်သော ဆီးချိုသွေးချိုလက္ခဏာများခံစားနေရသော ကိုယ်ဝန်ဆောင်မိခင်များသည် ကိုယ်ဝန်ဆောင်ချိန် ဖြည့်စွက်စာအဖြစ်သောက်သုံးနေသော Similac Mom အပြင် Glucerna ကိုပါ ကိုယ်ဝန်ဆောင်ကာလအတွင်း စွမ်းအင်နှင့် အာဟာရလိုအပ်ချက်များ မြင့်တက်ဖို့အထောက်အကူဖြစ်စေရန်နှင့် ကျန်းမာသောအစာအာဟာရ ရရှိစေရန် သောက်သုံးနိုင်ပါသည်။ ကိုယ်ဝန်ဆောင်မိခင်သည် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာကျွမ်းကျင်သူထံမှ

နေ့စဉ်စားသောက်မှုပုံစံထဲသို့ Similac နှင့် Glucerna ကို သင့်တင်မျှတသော အလေးချိန် ရရှိစေရန်

 မည်သို့ထည့်သွင်း သောက်သုံးသင့်သည်ကို ဆွေးနွေးတိုင်ပင်၍ အကြံဥာဏ် ယူသင့်ပါသည်။

18. (Ques) ကိုယ်ဝန်ဆောင်ချိန်ဖြစ်တတ်သော ဆီးချိုသွေးချိုလက္ခာများခံစားနေရသော ကိုယ်ဝန်ဆောင်မိခင်များသည် Glucerna ကို ထမင်းမစားခင် အစာပြေ(သရေစာအနေဖြင့်) (သို့) ထမင်းအစားဖြည့်စွက်စာအနေဖြင့် မည့်သို့သောက်သုံးသင့်ပါသလဲ။

 (ANS) ကိုယ်ဝန်ဆောင်ချိန်ဖြစ်တတ်သော ဆီးချိုသွေးချိုလက္ခာများခံစားနေရသော ကိုယ်ဝန်ဆောင်မိခင်များသည် Glucerna ကို အစာပြေ(သရေစာအနေဖြင့်) (သို့) ထမင်းအစားဖြည့်စွက်စာအနေဖြင့်သောက်သုံးရန် ညွှန်းဆိုထားပါသည်။ Glucerna သည် အစားအစာနှင့်ဖြစ်စေ အစားအစာအကြားဖြစ်စေ၊ အိပ်ရာမဝင်မှီဖြစ်စေစားသုံးနိုင်သည်။ အကယ်၍ ကိုယ်ဝန်ဆောင်အမျိုးသမီးသည် Glucernaကိုအစာဖြည့်စွက်စာအဖြစ်အသုံးပြုလိုပါကသူမသည်နေ့စဉ်စွမ်းအင်လိုအပ်ချက်နှင့်ကိုယ်ဝန်ဆောင်နေစဉ်သင့်တင့်သောကိုယ်အလေးချိန်တိုးစေရန် နားလည်တတ်ကျွမ်းသောကျန်းမာရေးဝန်ထမ်း (သို့) သက်ဆိုင်ရာဆရာဝန်နှင့် တိုင်ပင်ဆွေးနွေး၍ အကြံဥာဏ် ယူသင့်ပါသည်။

19. (Ques)(ကိုယ်ဝန်ဆောင်ချိန်ဖြစ်တတ်သော ဆီးချိုသွေးချိုလက္ခာများခံစားနေရသော) GDM ရှိသည့်အမျိုးသမီးများအတွက် Glucerna ကို ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်းသောက်သုံးပြီး မိခင်နို့တိုက်ကျွေးနေစဉ်၌ Similac Mom အားပြောင်းလဲသောက်သုံးလို့ရပါသလား။

(ANS)(ကိုယ်ဝန်ဆောင်ချိန်ဖြစ်တတ်သောဆီးချိုသွေးချိုလက္ခာများခံစားနေရသော)GDMရှိသည့်အမျိုးသမီးများအတွက် Glucerna ကို ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်းသောက်သုံးနိုင်ပြီး

ကလေးမွေးဖွားပြီးနောက် ဆီးချိုသွေးချိုလက္ခာများပျောက်ကင်းသွားပါက SimilacMom

သောက်သုံးလိုပါလျှင်သောက်သုံးနိုင်ပါသည်။ (ကိုယ်ဝန်ဆောင်ချိန်ဖြစ်တတ်သောဆီးချို

သွေးချိုလက္ခာများခံစားနေရသော)GDMရှိသည့်အမျိုးသမီးများသည် နားလည်တတ်ကျွမ်းသောကျန်းမာရေးဝန်ထမ်း (သို့) သက်ဆိုင်ရာဆရာဝန်နှင့် တိုင်ပင်ဆွေးနွေး၍ အကြံဥာဏ် ယူသင့်ပါသည်။  

20. (Ques) မိခင်သည် ပုံမှန်နွားနို့ သောက်သုံးခြင်းအား ရပ်တန့်သင့်ပါသလား။

(ANS) ပုံမှန်နွားနို့ သောက်သုံးလျက်ရှိနေသော (ကိုယ်ဝန်ဆောင်ချိန်ဖြစ်တတ်သော ဆီးချိုသွေးချိုလက္ခဏာများခံစားနေရသော) GDM ရှိသည့် အမျိုးသမီးသည် Glucerna ကို ပုံမှန်သောက်သုံးနေလျှက်ရှိသော နွားနို့ထဲသို့ ထည့်သွင်း၍သော်လည်းကောင်း၊ (ဖြည့်စွက်စာအဖြစ်) ပုံမှန်သောက်သုံးနေကျ နွားနို့အစားသောက်သုံး၍လည်းကောင်း သုံးစွဲနိုင်ပါသည်။ သူမသည် နေ့စဉ်လိုအပ်သော အာဟာရနှင့် စွမ်းအင်ရရှိစေရန် Glucerna ကို မည့်သို့ ဖြည့်စွက်သောက်သုံးရမည်ဆိုတာ နားလည်တတ်ကျွမ်းသောကျန်းမာရေးဝန်ထမ်း (သို့) သက်ဆိုင်ရာဆရာဝန်နှင့် တိုင်ပင်ဆွေးနွေး၍ အကြံဥာဏ် ယူသင့်ပါသည်။  

21. (Ques) (ကိုယ်ဝန်ဆောင်ချိန်ဖြစ်တတ်သော ဆီးချိုသွေးချိုလက္ခဏာများခံစားနေရသော) GDM ရှိသည့်အမျိုးသမီးများအတွက် Glucerna Triple Care ကို တစ်နေ့ သုံးကြိမ်နှင့်အထက် မသောက်သုံးသင့်ပါဟု အဘယ့်ကြောင့် ညွှန်းဆိုထားပါသလဲ။

(ANS) အဓိကအချက်အားဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် ကိုယ်ဝန်ဆောင်ကာလအတွင်း ခရိုမီယမ်ဓာတ် ချို့တဲ့ခြင်းများ ရှိနိုင်သောကြောင့်

 Glucerna ကိုညွှန်းဆိုထားသော ပမာဏထက်ကျော်လွန်၍ မသောက်သုံးသင့်ပါ။ ခရိုမီယမ်ဓာတ်ကို သင့်လျော်သော ပမာဏသာလျှင် စားသုံးပေးသင့်ပါသည်။ ထို ခရိုမီယမ်ဓာတ်ကို

စုံလင်သောအသီးအနှံများ၊ ဟင်းသီးဟင်းရွက်များ၊ ပရိုတင်းဓာတ်ကြွယ်ဝသော အစားအစားများနှင့် ဂျုံတို့မှရရှိနိုင်ပါသည်။ ထို့အပြင် ကိုယ်ဝန်ဆောင် အမျိုးသမီးများတွင် ခရိုမီယမ်စိတ်ချရမှုကို စမ်းသပ်စစ်ဆေးထားမှု မရှိသေးသောကြောင့် ခရိုမီယမ်ကို ခံနိုင်ရည်ရှိသောပမာဏကို မသိရသေးပါ။ ကလေး နှင့်မိခင် ကျန်းမာစေရန် (ကိုယ်ဝန်ဆောင်ချိန်ဖြစ်တတ်သော ဆီးချိုသွေးချိုလက္ခာများခံစားနေရသော) GDM ရှိသည့်အမျိုးသမီးများအတွက် Glucerna ကို သတ်မှတ်ညွှန်းဆိုထားသော အရေအတွက်အတိုင်းသာ သောက်သုံးသင့်ပါသည်။ ခရိုမီယမ်ဓာတ် ပါဝင်မှု မလွန်ကဲစေရန် ညွှန်းဆိုထားသည့်အတိုင်း Glucerna Triple Care ကိုတစ်နေ့ သုံးကြိမ်နှင့်အထက် မသောက်သုံးသင့်ပါ။

22. (Ques) Glucerna သည် Similac Mum(မိခင်အတွက်ဖြည့်စွက်စာ) ထက် ကယ်လိုရီ ပိုများသည်ဟု သိရှိရပါသည်။ ပုံမှန်ကိုယ်အလေးချိန်ထက် ပိုများနေပြီဖြစ်တဲ့ (ကိုယ်ဝန်ဆောင်ချိန်ဖြစ်တတ်သော ဆီးချိုသွေးချိုရောဂါလက္ခဏာများခံစားနေရသော) GDM ရှိသည့်အမျိုးသမီးများအတွက် Glucerna သည် ကိုယ်အလေးချိန်ပိုမိုတက်စေပါသလား။

(ANS) ထုတ်ကုန်များ၏စွမ်းအင်ပါဝင်မှုသည်အောက်ပါအတိုင်းဖြစ်သည် – Glucerna Triple Care – ၂၃၇ mL တွင် ၂၂၆ kcal၊ Similac Mum – ၁၇၇ mL တွင် ၁၂၉ kcal ပါဝင်သည်။ ကိုယ်ဝန်ဆောင်နေစဉ်ကာလအတွင်းစွမ်းအင်လိုအပ်ချက်တိုးလာနိုင်သည်

ဥပမာ ။       ။ ဒုတိယသုံးလပတ်တွင်တစ်နေ့လျှင် ၃၀၀ kcal နှင့်တတိယသုံးလပတ်တွင်တစ်နေ့လျှင်       ၄၅၀ kcal ထပ်ပေါင်းရန်။ (ကိုယ်ဝန်ဆောင်ချိန်ဖြစ်တတ်သော ဆီးချိုသွေးချိုများခံစားနေရသော) GDM ရှိသည့်အမျိုးသမီးများသည် ကိုယ်ဝန်ဆောင်ချိန်ကာလတစ်ဆင့်ချင်းစီ၌ ကိုယ်ဝန်ဆောင်ချိန်အတွင်း ကိုယ်အလေးချိန် တိုးချင်းကို ကာကွယ်ရန် နှင့် လိုအပ်သော စွမ်းအင်ပမာဏကိုသာ ရရှိရန် နားလည်တတ် ကျွမ်းသော ကျန်းမာရေးဝန်ထမ်း (သို့) သက်ဆိုင်ရာ ဆရာဝန်နှင့် တိုင်ပင်၍ အကြံဥာဏ်ယူသင့်ပါသည်။

(ညွှန်းဆိုထားသော စွမ်းအင် လိုအပ်ချက်သည် နိုင်ငံတစ်ခုနှင့် တစ်ခု ကွဲပြားမှုများရှိနိုင်သည်။)

23. (Ques) Glucerna သောက်သုံးနေသော (ကိုယ်ဝန်ဆောင်ချိန်ဖြစ်တတ်သော ဆီးချိုသွေးချို ခံစားနေရသော) GDM ရှိသည့်အမျိုးသမီးများ အတွက် လိုအပ်သော အာဟာရများရရှိစေရန် ဖြည့်စွက်စာထဲသို့ အာဟာရများ ထပ်လောင်းဖြည့်စွက်လို့ ရပါသလား။

(ANS) (ကိုယ်ဝန်ဆောင်ချိန်ဖြစ်တတ်သော ဆီးချိုသွေးချိုခံစားနေရသော) GDM ရှိသည့်အမျိုးသမီးများသည် Glucerna အမှတ်တံဆိပ်ပေါ်တွင်ညွှန်းဆိုရေးသားထားသော ဗိုက်တာမင် နှင့် သတ္တုဓာတ်များပါဝင်မှုကို အထူးသတိပြုသင့်သည်။ နေ့စဉ်လိုအပ်သော အာဟာရကို ရရှိစေရန် Glucerna နှင့် အစားအစာစားသုံးမှုထဲသို့ ဖြည့်စွက်အစာ ထပ်မံဖြည့်သွင်းစားသုံးရန် လိုအပ်မှုရှိမရှိအား နားလည်တတ် ကျွမ်းသော ကျန်မာရေးဝန်ထမ်း (သို့) သက်ဆိုင်ရာ ဆရာဝန်နှင့် တိုင်ပင်၍ အကြံဥာဏ်ယူသင့်ပါသည်။

24. (Ques) ဆီးချိုသွေးချို အမျိုးအစား(၁) သို့မဟုတ် အမျိုးအစား(၂) ရှိနေသော ကိုယ်ဝန်ဆောင်အမျိုးသမီးသည် Glucerna ကို သောက်သုံးလို့ရပါသလား။

(ANS) ဆီးချိုသွေးချိုအမျိုးအစား(၁)သို့မဟုတ် အမျိုးအစား(၂)ရှိနေသောကိုယ်ဝန်ဆောင်အမျိုးသမီးသည် Glucerna ကို သောက်သုံးလို့ရပါသည်။ နားလည်တတ် ကျွမ်းသော ကျန်မာရေးဝန်ထမ်း (သို့) သက်ဆိုင်ရာ ဆရာဝန်နှင့် တိုင်ပင်၍ အကြံဥာဏ်ယူသင့်ပါသည်။

25. (Ques) Myo-inositol ဆိုသည်မှာ အဘယ်နည်း? Glucerna Formula အသစ်တွင် Myo-inositol ပမာဏ ဘယ်လောက်ရှိသနည်း။

(ANS) Myo-inositol သည် inositol ၏ အတွေ့အများဆုံးပုံစံဖြစ်ပြီး လတ်ဆတ်သော အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များနှင့် အစေ့အဆံများတွင် ပေါများစွာပါဝင်ပါသည်။(Croze et al, 2013)

Myo-inositol သည် ဆဲလ်အတွင်းလုပ်ဆောင်ချက်တွေများစွာတွင် ပါဝင်ပြီး အထူးသဖြင့် ဆဲလ်အတွင်းရှိ insulin လမ်းကြောင်းတွင် ပါဝင်သည် (Croze et al, 2013)။

၎င်းသည် insulin  နှင့် တူညီသောဂုဏ်သတ္တိ (လုပ်ဆောင်ချက်) များရှိပြီး ၎င်းချို့တဲ့ခြင်းသည် insulin ခုခံမှုနှင့် ဆီးချိုသွေးချိုနောက်ဆက်တွဲရောဂါများနှင့်ဆက်စပ်လျက်ရှိသည်။ (Antonowski et al., 2019; Dinicola et al.,2017).

26. (Ques) Glucerna ဖော်စပ်ပုံအသစ်တွင် အုတ်ဂျုံမျှင်၏ အခန်းကဏ္ဍမှာ အဘယ်နည်း။

Glucerna အသစ်တွင် အူလမ်းကြောင်းဆိုင်ရာ ဘက်တီးရီးယားများ ယျေဘုယျအားဖြင့် အစာမခြေနိုင်သော , ရေတွင်မပျော်ဝင်နိုင်သော အုတ်ဂျုံမျှင် ပါဝင်သည် (Green, 2001)။ ‌ရေတွင်မပျော်ဝင်နိုင်သော အမျှင်က‌ ရေနှင့်ပေါင်းစပ်ပြီး အူမကိုဖောင်းပွစေသော မစင်အမြောက်အမြား ( Kapadia et al., 1995) ဖြစ်ပေါ်စေသောကြောင့် ရွေ့လျားမှုမြင့်တက်ပြီး ဖြတ်သန်းရန်ပို၍လွယ်ကူသည့် ပို၍များပြားသော/ပို၍နူးညံ့သော မစင်များထုတ်နိုင်ရန်ကူညီသည်။ဖြည့်စွက်ပြောလျှင် ရေတွင်မပျော်ဝင်နိုင်သောအမျှင်က ရေကိုစုပ်ယူသောကြောင့် ထုတ်လွှတ်ချိန်ကို ကြာရှည်စေရန် ကူညီနိုင်သည် (Green, 2001)။ဆီးချိူသွေးချိုရောဂါ ကာကွယ်ခြင်း၊ စီမံမှု နှင့် သွေးတွင်းအချိုဓာတ်ထိန်းညှိမှု အတွက် အမျှင်ဓာတ်ပါဝင်သောအစားအသောက်များ စားသုံးခြင်း၏ အကျိုးသက်ရောက်မှုကို များစွာသောမကြာသေးခင်က ပြန်လည်သုံးသပ်မှုများတွင် တသတ်မတ်တည်း ဖော်ပြလျက်ရှိသည် (Gowd et al., 2019; Jovanovski et al., 2019; Muller et al., 2018; Reynolds et al., 2019; Weickert et al., 2018; Wu et al., 2020)။ကျန်းမာရေးဇီဝဖြစ်စဥ်တွင် ပျော်ဝင်နိုင်သောအမျှင်နှင့် မပျော်ဝင်နိုင်သောအမျှင်များ၏ သက်ရောက်ပုံကို ပုံ ၃ တွင်ဖော်ပြထားသည်။အမျှင်ဓာတ်ပါဝင်သော အစားအသောက်များသည် ဆီးချိုသွေးချိုရောဂါကိုတိုက်ဖျက်သည့် အာဟာရဆိုင်ရာ အချက်များအဖြစ် gut microbiota ၏ပါဝင်မှုကိုအာရုံထားသည်။

27. (Ques) အရည်အသွေးမြင့် ပရိုတင်း၏ အဓိပ္ပါယ်မှာ အဘယ်နည်း။

Glucerna အသစ်မှာ အရည်အသွေးမြင့် ပရိုတင်းများဖြစ်သည့် ကယ်လ်ဆီယမ်ကယ်ဆီနိတ်၊ နို့ပရိုတင်းအရောနှင့် ပဲပိစပ် ပါဝင်ပါသည်။ပရိုတင်းအရည်အသွေးကို ပရိုတင်းပါရှိမှုနှင့် နေ့စဥ်ပရိုတင်းလိုအပ်ချက်ကို ဖြည့်ဆည်းရန် အစာခြေနိုင်စွမ်းတို့ ပေါင်းစပ်မှုတစ်ခုအဖြစ် တိုင်းတာသည် (Schaafsma et al., 2000)။ပရိုတင်းအရည်အသွေးကို ပရိုတင်းပါရှိမှုနှင့် နေ့စဥ်ပရိုတင်းလိုအပ်ချက်ကို ဖြည့်ဆည်းရန် အစာခြေနိုင်စွမ်းတို့ ပေါင်းစပ်မှုတစ်ခုအဖြစ် တိုင်းတာသည် (Schaafsma et al., 2000)။

28. (Ques) Glucerna အသစ်တွင်ပါဝင်သော ပရိုတင်း၏ မူလနိုင်ငံမှာ အဘယ်နည်း။

Glucerna အသစ်တွင် နယူးဇီလန်နိုင်ငံမှ ကယ်လ်ဆီယမ်ကယ်ဆီနိတ်၊ အိုင်ယာလန်နိုင်ငံမှ နို့ပရိုတင်းအရော၊ အမေရိကန်နိုင်ငံမှ ပဲပိစပ် တို့ကို အသုံးပြုသည်။

29. (Ques) ကိုယ်ဝန်ဆောင်ဆီးချိုသွေးချိုရောဂါ (GDM) ရှိသည့် အမျိုးသမီးများတွင် Glucerna ဖော်စပ်ပုံ အသစ်ကို အသုံးပြုခြင်း၏ အကျိုးကျေးဇူးများမှာ အဘယ်နည်း။

Glucerna အသစ်သည် ပြည့်စုံပြီးမျှတသော အာဟာရဓာက်ကိုပေးစွမ်းနိုင်ပြီး ၎င်းကို GDM ရှိသည့် အမျိုးသမီးများ၏ အာဟာရလိုအပ်ချက်များကို ဖြည့်ဆည်းမှုနှင့် သွေးတွင်းအချိုဓာတ် စီမံခန်ခွဲမှုကို ထောက်ပံ့ကူညီရန် နှလုံးကျန်းမာရေးအတွက် ကောင်းမွန်သော အဆီများရောနှောပေါင်းစပ်ထားမှုနှင့် အဆင့်မြှင့်တင်ထားသော ကစီဓာတ်စနစ်နှင့်အတူ သိပ္ပံနည်းကျစွာ ဒီဇိုင်းဆွဲထားပါသည်။Glucerna Triple Care^ နှင့် နှိုင်းယှဥ်လျှင် Glucerna အသစ်* တွင်

  • ၄ဆ ပိုမိုများပြားသော myo-inositol
  • ၃၅% ပိုမိုများပြားသော ဖောလစ်အက်ဆစ်
  • ၅၆% ပိုမိုများပြားသော သံဓာတ် ပါဝင်ပါသည်။

ယခင်လေ့လာမှုများတွင် GDM ရှိသော အမျိုးသမီးများ၏ သွေးတွင်းအချိုဓာတ် ထိန်းညှိမှုကို တိုးတက်ကောင်းမွန်အောင်ပြုလုပ်ပေးသော myo-inositol ကို တသမတ်တည်းဖော်ပြလျက်ရှိသည်။ထို့အပြင်ကိုယ်ဝန်ဆောင်စဉ် ဖောလစ်အက်ဆစ်နှင့်သံဓာတ်လိုအပ်ချက်များ တိုးများလာပြီး ဤအာဟာရဓာတ်များ ပိုမိုအားဖြည့်ပါဝင်လာခြင်းသည် ကိုယ်ဝန်ဆောင်စဉ် အာဟာရလိုအပ်ချက်များ ကို ဖြည့်ဆည်းပေးနိုင်သည်။

30. (Qes) Glucerna အသစ်တွင် ကိုယ်ခံစွမ်းအားအတွက် ဗီတာမင် ဒီ အဆင့်များတိုးမြှင့်မှု၏ အကျိုးသက်ရောက်မှုကို ဖော်ပြသော လက်တွေ့ အထောက်အထားများရှိပါသလား။

ဗီတာမင် ဒီ သည် ကိုယ်ခံစွမ်းအားကို အထောက်အကူပြုသော အာဟာရတစ်ခုဖြစ်သည်။၎င်းသည် ကိုယ်ခံအားဆဲလ်များကို လှုံ့ဆော်ပေးပြီး သူတို့၏လုပ်ဆောင်မှုကို ထိန်းညှိ ပေးသည်။Glucerna ဖော်စပ်ပုံအသစ်*တွင် ကိုယ်ခံစွမ်းအားကို အထောက်အကူပြုရန် Glucerna Triple Care ^ ထက် ၂.၅ ဆပိုမိုမြင့်မားသော ဗီတာမင် ဒီ ပါဝင်သည်။

31. (Ques) သက်သက်လွတ်စားသူများအတွက် သင့်တော်ပါသလား။

Glucerna အသစ်တွင် နို့ထွက် ပရိုတင်း ( ကယ်လ်ဆီယမ် ကယ်ဆီနီတ်၊ နို့ပရိုတင်းအရော) နှင့်  lanolin မှ ဗီတာမင် ဒီ တို့ပါဝင်ပါသည်။

Glucerna အသစ်သည် သက်သတ်လွတ် (နို့ထွက်ပရိုတင်းကိုမစားသောသူများ) သို့မဟုတ် lanolin မှဗီတာမင် D3 သည်သက်သတ်လွတ်အရင်းအမြစ်ဖြစ်သည်ကို လက်မခံသောသူများ မှလွဲ၍ သက်သတ်လွတ်စားသူများအတွက်သင့်လျော်သည်။

32. (Ques) Glucerna အသစ်ကို အသုံးပြုသူ တစ်ဦးချင်းစီအတွက် အကြံပြုချက်များမှာ ပြောင်းလဲမှုရှိပါသလား။

လက်ရှိဖော်စပ်ပုံတွင် Glucerna အသစ်ကို အသုံးပြုသူ တစ်ဦးချင်းစီအတွက် အကြံပြုချက်များမှာ ပြောင်းလဲမှုမရှိပါ။

လူနာများသည် BMI၊ သွေးတွင်းအချိုဓာတ် ထိန်းညှိမှုနှင့် အာဟာရလိုအပ်ချက်များ စသည်တို့အပေါ် မူတည်၍ Glucerna အသစ်ကို တစ်နေ့လျှင် ၁ ကြိမ် မှ ၃ ကြိမ် သုံးစွဲနိုင်သည်။

လူနာများသည် သွေးတွင်းအချိုဓာတ် ထိန်းညှိမှုနှင့် ကိုယ်အလေးချိန်စီမံမှုအတွက် ရည်ရွယ်ချက်ရရန် ကျန်းမာရေးစောင့်‌ရှောက်သူ၏လမ်းညွှန်မှုကို ရှာဖွေသင့်သည်။

33. (Ques) Glucerna ဖော်စပ်ပုံအသစ်သည် ဟလာလ်အသိအမှတ်ပြုလက်မှတ်ရပါသလား။

ဟုတ်ပါတယ်။ Glucerna အသစ်သည် ဟလာလ်အသိအမှတ်ပြု လက်မှတ်ရပါသည်။

34. (Ques) Glucerna အသစ်သည် ပုံမှန်အစာကျွေးခြင်းနှင့် အကြောထဲအစာသွင်းခြင်း အတွက် အသုံးပြုနိုင်ပါသလား။

Glucerna အသစ်သည် ပါးစပ်မှ ဖြည့်စွက်စာနှင့် ပိုက် (ပြွန်) ဖြင့်အစာကျွေးခြင်းအတွက်သာ ဒီဇိုင်းဆွဲထားသောကြောင့် အကြောထဲအစာသွင်းခြင်းအတွက် အသုံးမပြုနိုင်ပါ။

35. (Ques) Glucerna အသစ်သည် အကြိုဆီးချိုသွေးချိုရောဂါရှိသူများအတွက် စိတ်ချရပါသလား။

စိတ်ချရပါသည်၊ Glucerna အသစ်သည် အကြိုဆီးချိုသွေးချိုရောဂါရှိသူများ တစ်ဦးချင်းစီ၏ သွေးဝင်းအချိုဓာတ် စီမံခန့်ခွဲမှုနှင့် အာဟာရဆိုင်ရာလိုအပ်ချက်များကိုဖြည့်ဆည်းရန် သိပ္ပံနည်းကျစွာ ဒီဇိုင်းဆွဲထားခြင်းဖြစ်ပါသည်။

36. (Ques) Glucerna အသစ်ကို ကလေးများ သို့မဟုတ် ဆယ်ကျော်သက်များ အတွက် ညွှန်ကြားနိုင်ပါသလား။

အောက်ပါအကြောင်းပြချက်များကြောင့် Glucerna ဖော်စပ်ပုံအသစ်များကို ကလေးများတွင် (၁-၁၃ နှစ်အရွယ်ကလေးများ) အတွက် အသုံးပြုရန် အကြံပြုခြင်းမရှိပါ။

  • ရည်မှန်းထားသော အသက်အရွယ်အုပ်စုအတွက် ဗီတာမင်နှင့်သတ္တုဓာတ်များစွာသည် အမြင့်ဆုံးသတ်မှတ်ထားသော ခံနိုင်ရည်စွမ်းအား (UL) ထက်ကျော်လွန်ခြင်း သို့မဟုတ် အစားအသောက်ရည်ညွှန်းစားသုံးမှု (DRI) နှင့် မကိုက်ညီခြင်း
  • Glucerna ဖော်စပ်ပုံအသစ်များ၏ အချိုဓာတ်ပါဝင်မှုသည် ကလေးများအတွက် အစာအိမ်အူလမ်းကြောင်းဆိုင်ရာ ဘေးထွက်ဆိုးကျိုးများ ဖြစ်စေနိုင်သည်။

၁၄-၁၇ နှစ်အရွယ်ဆယ်ကျော်သက်များအတွက် ကျန်းမာရေးစောင့်ရှောက်သူ (HCP) မှလမ်းညွှန်ချက်ကို လိုက်နာပါ။

37. (Ques) Glucerna အသစ်နှင့် Glucerna အဟောင်းတို့တွင် ကွာခြားချက်ရှိပါသလား (သို့) Glucerna အသစ်တွင် အာနိသင် ပြောင်းလဲမှု ရှိပါသလား။

Glucerna အသစ်သည် လက်ရှိ Glucerna လက်ဟောင်း၏ အဆင့်မြှင့်တင်မှု တစ်ခု ဖြစ်ပြီး ၎င်းတွင် အာဟာရလိုအပ်ချက်များကို ဖြည့်ဆည်းမှုနှင့် သွေးတွင်းအချိုဓာတ် စီမံခန့်ခွဲမှုကို ထောက်ပံ့ကူညီနိုင်ရန် ပိုမိုကောင်းမွန်အောင်ပြုလုပ်ထားသော ကစီဓာတ်နှင့် အမျှင်ဓာတ်ရောနှောမှု တို့နှင့်အတူ ပမာဏပိုထည့်ထားသော micronutrients များလည်းပါဝင်ပါတယ်။

Privacy Settings
We use cookies to enhance your experience while using our website. If you are using our Services via a browser you can restrict, block or remove cookies through your web browser settings. We also use content and scripts from third parties that may use tracking technologies. You can selectively provide your consent below to allow such third party embeds. For complete information about the cookies we use, data we collect and how we process them, please check our Privacy Policy
Youtube
Consent to display content from Youtube
Vimeo
Consent to display content from Vimeo
Google Maps
Consent to display content from Google