ဆီးချိုသွေးချိုရှိသူများ ကိုယ်ခံအားတိုးစေဖို့ စားသောက်မှုဆိုင်ရာအခြေခံသဘောတရားများ

ဆီးချိုသွေးချိုရှိသူများ ကိုယ်ခံအားတိုးစေဖို့ စားသောက်မှုဆိုင်ရာအခြေခံသဘောတရားများ

ကျန်းမာရေးအတွက်ကောင်းမွန်တဲ့ရွေးချယ်မှုများပြုလုပ်ခြင်း
သင့်ဆီးချိုသွေးချိုအခြေအနေဟာ သူများတွေလိုမျိုးဆေးပုံမှန်သောက်နေရတဲ့အဆင့်မဟုတ်တာနဲ့ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ရွေးချယ်စားသုံးမှုတွေကို အလေးမထားတာမျိုးမလုပ်သင့်ပါဘူး။ ကျန်းမာဖို့အတွက် လိုအပ်တဲ့နေထိုင်မှုပုံစံပြောင်းလဲမှုတွေကိုလုပ်ဖို့ကြိုးစားသင့်ပြီးတော့ ပြဿနာပေါ်လာမှ ဆရာဝန်ဆီသွားလိုက်မယ်ဆိုတဲ့အတွေးမျိုးမရှိဖို့လိုပါတယ်။ အမြဲတမ်း မိမိရဲ့ ဆေးကုသမှုနည်းလမ်းများ၊ ကိုယ်အလေးချိန်၊ သွေးတွင်းဂလူးကိုစ့်ပမာဏ၊ သွေးပေါင်ချိန်တို့ကို သတိထားစောင့်ကြည့်ပြီး၊ wearable technology ဖြစ်တဲ့ ကျန်းမာရေးအချက်အလက်တွေစောင့်ကြည့်ပေးတဲ့နာရီမျိုးရှိထားသင့်ပါတယ်။ 1
ကျန်းမာစွာစားသောက်ခြင်းဟာ ကိုယ်ခံအားတိုးတက်စေပြီးသွေးတွင်းဂလူးကိုစ့်ပမာဏထိန်းချုပ်ခြင်းအတွက် အခြေခံဖြစ်ပါတယ်။သွေးတွင်းသကြားဓာတ်များခြင်းကြောင့် ရောင်ရမ်းမှုဖြစ်လာရင် ကိုယ်ခံအားကိုထိခိုက်နိုင်တာကြောင့်ပါ။ မျှတစွာစားသုံးခြင်းက ဒါတွေမဖြစ်လာဖို့ အဓိကသော့ချက်ဖြစ်တာကြောင့် ကျန်းမာစွာစားသောက်မှုပုံစံ (healthy plate model) (ပန်းကန်တစ်ခုမှာ အသီးအရွက်၂ပုံ၁ပုံ၊ အစေ့အဆန် ၄ပုံ၁ပုံ၊ ပရိုတင်း ၄ပုံ၁ပုံ) အတိုင်းစားခြင်းက ခက်ခက်ခဲခဲတွက်ချက်စရာမလိုပဲ မိမိနေ့စဉ်လိုအပ်တဲ့ အာဟာရပမာဏကိုရရှိစေမှာ ဖြစ်ပါတယ်။ အစားအစာအုပ်စုတွေထဲက မျှတအောင်ရွေးချယ်စားသောက်ရာမှာလည်း အာဟာရစုံလင်စွာရဖို့ တစ်ခါနဲ့တစ်ခါ မတူအောင်ပြောင်းလဲစားဖို့လည်းမမေ့သင့်ပါဘူး။1
ဘာစားရမှာလဲ?
မစားသင့်တဲ့အရာတွေကို အကျယ်တဝင့်ပြောကြတဲ့အခါမှာ စားလို့ရတဲ့ဟာတွေဟာ အရသာမရှိတဲ့အစားအစာတွေလို့ ထင်လာစေပါတယ်။ မိမိနဲ့ကိုက်ညီအောင်တွက်ချက်ထားတဲ့ စားသောက်မှုပုံစံကိုရရှိချင်ရင်တော့ ရေရှည်အကျိုးရှိစေဖို့ အာဟာရပိုင်းဆိုင်ရာကျွမ်းကျင်သူ ဒါမှမဟုတ် သက်ဆိုင်တဲ့ ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူ နဲ့ ဆွေးနွေးသင့်ပါတယ်။ သဘောတရားအရဆိုရရင်တော့ ပြင်ဆင်ထားတဲ့ အစားအသောက်တစ်ခုဟာ သူ့ရဲ့သဘာဝအလျောက်ရှိတဲ့ပုံစံနဲ့ နီးစပ်လေလေ အာဟာရတွေ ပိုကျန်ရှိလေလေဖြစ်ပါတယ်။ အရေးကြီးတဲ့ပထမဆုံး အာဟာရကတော့ ဗီတာမင် A (မုန်လာဥနီမှာအများဆုံးပါပါတယ်)ဖြစ်ပြီး ကိုယ်ခံအားစနစ်ဆဲလ်တွေရဲ့ လုပ်ဆောင်မှုတွေကိုအထောက်အကူပြုပါတယ်။ ဗီတာမင် A ဟာ အထောက်အကူပြုသလိုပဲ၊ ဆဲလ်တွေထိခိုက်မှုမရှိအောင်ပြုလုပ်ပေးပြီး အခြားကိုယ်ခံအားဆဲလ်တွေ တုန့်ပြန်မှုပိုကောင်းစေဖို့လှုံ့ဆော်ပေးတဲ့ ဗီတာမင် C နဲ့ E (အရောင်စုံသောအသီး၊ချဉ်သောအသီး၊အရွက်များ နဲ့သစ်ကြားသီးတို့မှာ အများဆုံးပါ) တို့လို antioxidant တွေကိုလည်းလိုအပ်ပါတယ်။ 2, 4,
ပြီးတော့ ဆီးချိုသွေးချိုရှိသူတွေ စားလို့ရတဲ့ထဲမှာ အသားလည်းပါပါတယ်၊ သွေးတွင်းဆဲလ်ထုတ်လုပ်မှုနှုန်းမြင့်တင်ဖို့ အဓိက လိုတဲ့ ဗီတာမင်B6 ကို အသားက ရနိုင်မှာဖြစ်ပါတယ်။ Red meat(အနီရောင်ရှိသောအသား)စားမယ်ဆိုရင် အဆီနည်းတဲ့ အသားပိုင်းတွေကိုစားနေသရွေ့၊အလွန်အကျွံမစားသရွေ့ အဆင်ပြေမှာပါ။ အနီရောင်ရှိသောအသားများ အစား vitamin B6 ကို အဝါရောင်တူနာ၊ဆယ်လ်မွန် နဲ့ ဥအမျိုးမျိုး မှရနိုင်ပါသေးတယ်။အချိန်ကြာကြာ ဗိုက်ပြည့်နေဖို့နဲ့ သွေးတွင်းသကြားဓာတ် ရုတ်တရက်မတက်သွားစေဖို့ အမျှင်ဓာတ်များတဲ့အစားအစာများ ထည့်စားဖို့လည်း မမေ့ပါနဲ့။(ဥပမာ-အသီးများ၊ဆန်၊ပဲအမျိုးမျိုးနဲ့အရွက်များ)။3,
ဘာစားရမလဲဝေခွဲမရတဲ့အခါ ဆီးချိုသွေးချိုရှိသူတွေအတွက်အထူးထုတ်လုပ်ထားတဲ့ ဖြည့်စွက်စာများကို အားကိုးပါ
သွေးတွင်းအချိုဓာတ်အညွှန်းကိန်း (Glycemix Index) ဆိုတာ အစားအစာများကို စားသောက်ပြီးတဲ့အခါ သွေးတွင်းဂလူးကိုစ့်ပမာဏကို ဘယ်လောက်မြန်မြန်တက်စေနိုင်လဲအပေါ်မူတည်ပြီးသတ်မှတ်ထားတဲ့ အညွှန်းကိန်းဖြစ်ပြီး ၀ ကနေ ၁၀၀ အထိ သတ်မှတ်ထားပါတယ်။ အဆင့်သတ်မှတ်ချက်မြင့်လေလေ သွေးတွင်းဂလူးကိုစ့် ပမာဏကို ပိုမြန်မြန်တိုးစေလေ ပါပဲ။1,
ဆီးချိုသွေးချိုရှိသူတစ်ယောက်အနေနဲ့ ကျန်းမာရေးအတွက်ပိုကောင်းမွန်တဲ့အစားအစာများကိုရွေးချယ်ဖို့နဲ့ GI အညွှန်းကိန်းနည်းတဲ့အစားအသောက်များကို ရွေးချယ်စားသောက်ဖို့အရေးကြီးပါတယ်။ အစားအစာသီးသန့်အားဖြင့်နဲ့တင် မလုံလောက်ရင်တော့ ဆီးချိုသွေးချိုရှိသူတွေအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ ဖြည့်စွက်စာတွေက အကူအညီအများကြီးပေးနိုင်ပါတယ်။ ဥပမာပြရရင် Glucerna ဟာ ဆီးချိုသွေးချိုရှိသူလူကြီးများအတွက် သိပ္ပံနည်းကျဖော်စပ်ထားပြီး၊ ကိုယ်ခံအားတိုးတက်စေဖို့ (ဗီတာမင် A,D,C,E,Zinc,ပရိုတင်း)နဲ့ နေ့စဉ်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေများစွာပါဝင်ပါတယ်။ အသစ်နှင့် အဆင့်မြင့် ကစီဓာတ်စနစ်^^ (ဖြည်းညင်းစွာ ချေဖျက်စေတဲ့ကစီဓာတ် နဲ့ အင်ဆူလင်ကဲ့သို့ လုပ်ဆောင်မှုကိုပေးတဲ့ Myo-inositol (၄) ဆ^ပါဝင်တဲ့အတွက် သွေးတွင်းဂလူးကိုစ့် ပမာဏကို သုံးလအတွင်း++ထိန်းညှိစေနိုင်မှာဖြစ်ပါတယ်။5,နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အိုမီဂါ၃၊၆၊၉ တို့လည်းပါဝင်သည့်အပြင် Glucerna တစ်ခွက်ရဲ့ သွေးတွင်းအချိုဓာတ်အညွှန်းကိန်းကလည်း နည်းပြီး အမေရိကန်နိုင်ငံမှ ဆရာဝန်များ ထောက်ခံမှုအများဆုံးနံပါတ်(၁) #အဆင့်ရှိ ဆီးချိုသွေးချိုရှိသူများအတွက် အာဟာရ ဖော်မြူလာလည်းဖြစ်ပါတယ်။ Glucerna သည် စတင်သောက်တဲ့ ပထမဆုံးနေ့**မှာတင်ထိရောက်မှုရှိစေတဲ့အတွက် ကိုယ်ခံစွမ်းအားမြှင့်တင်ဖို့ထောက်ပံ့ပေးရင်း သွေးတွင်းဂလူးကိုစ့် ပမာဏကိုထိန်းညှိလိုက်ပါ။ နောက်ဆုံးပေါ်ထုတ်လုပ်ထားတဲ့ Glucernaသည် မိမိနှင့်ကိုက်ညီမျှရှိမရှိသိရအောင် Glucerna Myanmar ကိုဒီနေ့ပဲဝင်ကြည့်ပြီး နမူနာများရယူလိုက်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။123456
References:
https://abbottfamily.com.sg/articles/diabetes/back-to-diet-basics#
https://www.everydayhealth.com/type-2-diabetes/immune-boosting-foods-for-people-with-diabetes/
https://www.healthline.com/health/vitamin-b6-foods
https://blogs.webmd.com/from-our-archives/20210112/immune-boosting-foods-for-diabetes
https://abbottfamily.com.sg/articles/diabetes/inositol
https://glucernamyanmar.com/eng/
^ Compared to previous formula of Glucerna
** Glucerna has been shown to lower postprandial rises in blood glucose (Devitt et al. J Diabetes Res Clin Metab. 2012; Luo et al. J Diabetes Mellitus. 2012; Mottalib et al. Nutrients. 2016; Davila et al. Nutrients. 2019.)
# IQVIA, using the ProVoice Survey, fielded to 14,550 physicians from September 1, 2020 to August 31, 2021
++ Sun et al. Asia Pac J Clin Nutr. 2008.
^^ Jenkins et al. Diabetologia. 1982
Additional Readings:
https://glucernamyanmar.com/