ဆီးချိုသွေးချိုရှိသူများအတွက် အမျှင်ဓာတ်မြင့်မားသော အစားအစာများသည် ဘယ်လိုအကျိုးရှိသလဲ။

fiber thumbnail

ဆီးချိုသွေးချိုရောဂါ စီမံခန့်ခွဲမှုသည် တည်ငြိမ်ပြီး စိတ်ကျေနပ်စရာကောင်းသော အစားအစာများကို ရွေးချယ်မှုပြုလုပ်ခြင်းဖြင့် သင့်သွေးတွင်း ဂလူးကို့စ်များ မြင့်တက်နေခြင်းကို ထိန်းညှိခြင်းဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရသော် ဗိုက်ဆာခြင်းကို ရှောင်ရှားရန်အတွက် အမျှင်ဓာတ်မြင့်မားသော အစားအစားများကို စားသုံးပါ။ အမျှင်ဓာတ်များသော အစားအစာများသည် အဆီစုပ်ယူမှုနည်းခြင်း၊ ဝမ်းမှန်စေခြင်း၊ အူကျန်းမာရေးနှင့် ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးခြင်း စသည့် ကျန်းမာရေးအကျိုးကျေးဇူးများရရှိနိုင်ပါသည်။1  အမျှင်ဓာတ်များသော အစားအစာများကို အစားအစာအနည်းငယ် တွင်သာတွေ့ရခြင်းမဟုတ်ဘဲ သင်နှစ်သက်သော အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များ၊ ပဲများနှင့် နေ့စဉ်စားသုံးနေသော အစေ့အဆန်များတွင် တွေ့ရပါသည်။2,3 အမျှင်ဓာတ်များသော အစားအစာများကို ပြောင်းလဲ၍ စားသောက်ခြင်းသည် ခက်ခဲသည်ဟုထင်ပါက ၎င်းကို အခြားနည်းလမ်းများဖြင့် ဖြည့်စွက်နိုင်ပါသည်။  ထိုဖြည့်စွက်အာဟာရများသည် ဆီးချိုသွေးချိုသမားများအတွက် သေချာစွာ သင့်လျော်မှုရှိရမည် ဖြစ်သည် (ဥပမာ ဆီးချိုသွေးချိုသမားများ အတွက် Glucerna) ။5

အမျှင်ဓာတ်အမျိုးအစားဘယ်နှစ်မျိုးရှိသလဲ။

အမျှင်ဓာတ်များတွင် ပျော်ဝင်နိုင်သော နှင့် မပျော်ဝင်နိုင်သော အမျိုးအစား ၂ မျိုးရှိသည်။ ပျော်ဝင်နိုင်သော အမျှင်ဓာတ်များကို အုတ်ဂျုံ၊ ပန်းသီးနှင့် မုယောစပါးတို့တွင် တွေ့နိုင်ပြီး အစာချေဖျက်မှုကို နှေးကွေးစေသည့် Gel ကဲ့သို့သော အရာဖြစ်သည်။ ၎င်း Gel သည် ဂလူးကို့စ် စုပ်ယူမှုကို နှေးကွေးစေပြီး အူလမ်းကြောင်းကို ထိသည့်အခါတွင် အူလမ်းကြောင်းဘက်တီးရီးယားများအတွက် Prebiotic အဖြစ်လုပ်ဆောင်ပေးသည်။ ကျွန်ုပ်တို့၏ အူလမ်းကြောင်း ဘက်တီးရီးယားများသည် ပုံမှန်အာဟာရစုပ်ယူမှု၊ ကိုယ်ခံအားစနစ်နှင့် အူသိမ်လုပ်ဆောင်ချက်များကို ထိန်းသိမ်းရန် တာဝန်ရှိသည်။ မပျော်ဝင်နိုင်သော အမျှင်များကို ဂျုံလုံး၊ အခွံမာသီး၊ ပန်းဂေါ်ဖီ၊ ပဲစိမ်းနှင့် အာလူးတို့တွင် တွေ့ရပြီး ၎င်းအမျှင်များသည် ရေတွင်မပျော်ဝင်သော်လည်း ၎င်းထံသို့ ဆွဲနိုင်ပါသည်။ ၎င်းအမျှင်များသည် အူလမ်းကြောင်းလုပ်ဆောင်ချက်ကို ထိန်းသိမ်းရန်နှင့် ဝမ်းပုံမှန်သွားရန် လုပ်ဆောင်ပေးသည့်အမျှင်ဓာတ်ဖြစ်သည်။ သင့်အူလမ်းကြောင်းတွင် အရန်သိမ်းထားသော စွန့်ပစ်ပစ္စည်းနည်းလေလေ၊ သင့်ခန္ဓာကိုယ်၏ အခြားအင်္ဂါအစိတ်အပိုင်းများသည် စွန်ပစ်ပစ္စည်းများကို ဖယ်ရှားရန် နည်းလေလေဖြစ်သည်။3

 အမျှင်ဓာတ်များသည် ဝမ်းများလာစေရန်အတွက်သာ မဟုတ်ပါ။

လီပိုပရိုတင်း ကိုလက်စထရော ပမာဏလျှော့ကျခြင်း၊ သကြားစုပ်ယူနှေးကွေးစေခြင်း၊ ကယ်လိုရီများ နည်းပါးခြင်းတို့ကြောင့် အမျှင်ဓာတ်မြင့်မားသော အစားအစာများသည် ဆီးချိုသွေးချိုသမားများအတွက် ဝမ်းမှန်စေခြင်း အကျိုးတစ်ခုထက်ပိုပါသည်။1  အမျှင်ဓာတ်များသည် “အစာမကြေနိုင်သော” အရာအဖြစ်ကိုယ်စားပြု‌သော်လည်း ခန္ဓာကိုယ်ကို လုံးဝအကျိုးပြုပါသည်။ ၎င်းတို့တွင် အစာချေရန်အတွက် လိုအပ်သော အင်ဇိုင်းများ မရှိသော်လည်း ၎င်းတို့သည် အူလမ်းကြောင်း ကျန်းမာရေးကို အကျိုးပြုပြီး ထိုမှတဆင့် ကျွန်ုပ်တို့၏ ခန္ဓာကိုယ်ကို အကျိုးပြုပါသည်။ ထို Prebiotic Fiber အမျိုးအစားကို Fructo- oligosaccharides (FOS) ဟုခေါ်သည်။အညစ်အကြေးစွန့်ခြင်းတွင် လွန်စွာပြုပြင်ထားသော ပါဝင်ပစ္စည်းများ သို့မဟုတ် အစားအစာတွင်မဟုတ်သောပါဝင်ပစ္စည်းများကြောင့် အသည်းနှင့် သည်း‌ခြေအိတ်တွင်ပေါင်းစုနေသော စွန့်ပစ်ပစ္စည်းများ တိုက်ရိုက်စွန့်ထုတ်သော လုပ်ငန်းအဖြစ်ဆောင်ရွက်သည်။ ကောင်းမွန်သော အမျှင်ဓာတ်ပါသည့် အစားအစာများမပါပါက အသည်းနှင့် သည်းခြေအိတ်ကို တင်းမာစေပြီး ကိုလက်စထရော ကဲ့သို့သော အရာများ သွေးကြောထဲမှာ ပိုကျန်စေမှာ ဖြစ်ပါသည်။1,2

 ဆီးချိုသွေးချိုသမားများသည် အမှန်တကယ်အမျှင်ဓာတ်ဘယ်လောက်စားသင့်သလဲ။

ဆီးချိုသွေးချိုရောဂါရှိသူသည် တစ်နေ့လျှင် အမျှင်ဓာတ် ၃၅ ဂရမ်မှ ၅၀ ဂရမ် ခန့်ရရှိသင့်သော်လည်း တစ်ဦးချင်းစီ၏ ကျန်းမာရေးလိုအပ်ချက်ပေါ်တွင် မူတည်ပါသည်။ အကယ်၍ ဆီးချိုသွေးချိုသမားသည် ကိုယ်အလေးချိန်ချခြင်း သို့မဟုတ် သင်သည် ခန္ဓာကိုယ်အတွင်းgas များဖူးသော အတွေ့အကြုံပေါ်မူတည်၍ gas ထွက်ခြင်းအားလျော့ချလိုပါက အမျှင်ဓာတ်များ ပိုမိုလိုအပ်ပါသည်။ တစ်နေ့လျှင် ကယ်လိုရီပမာဏအလိုက် အမျှင်ဓာတ်ပါဝင်မှုနှုန်းအရ ကယ်လိုရီ ၁၀၀၀ တွင် အမျှင်ဓာတ် ၁၄ ဂရမ်ခန့် ပါဝင်ပြီး အနည်းဆုံးတစ်နေ့လျှင် ကယ်လိုရီ ၂၀၀၀ ခန့်လိုအပ်ပါသည်။1,2 အမျှင်ဓာတ်များမြင့်မားစွာပါဝင်ရန် အစားအစာများ အနည်းငယ်သာစားသုံးရမည်မှာ မဟုတ်ဘဲ သင်စားသော အစားအစာများကို ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများကိုသာ ရွေးချယ်ရမည်ဖြစ်သည်။ ဥပမာ ဆန်အဖြူအစား အစေ့အဆန်များကို သာစားပြီး ဟင်းသီးဟင်းရွက်များ၊ ပဲ၊ အခွံမာသီးနှင့် အစေ့များကို စားသုံးပါ။ တနည်းအားဖြင့်ဆိုရသော် အစားအစာသည် ပိုမိုလတ်ဆတ်လေ အမျှင်ပါဝင်မှု ပိုများလေဖြစ်သည်။3 စည်သွပ်ဘူးများ၊ အဆင့်မြင့်ပြုပြင်ထားသော အစားအစာများ၊ ပျော့ဖတ်များမပါသော ဖျော်ရည်များ နှင့် ပေါင်မုန့်ဖြူ ကဲ့သို့သော အရည်အသွေးမကောင်းသော အမျှင်ဓာတ်အစားအစာများကို ရှောင်ကြဉ်ပါ။ အမျှင်ဓာတ်ကြွယ်ဝသော ဖြည့်စွက်စာများသည် ဆီးချိုသွေးချိုသမားများအတွက် အမျှင်ဓာတ်ပါဝင်မှုကို ဖြစ်စေနိုင်သလား ဟု မေးခွန်းထုတ်နိုင်ပါသည်။ ဆီးချိုးသွေးချိုသမားများအတွက် အတိအကျထုတ်ထားသော ဖြည့်စွက်စာများအတွက် အဖြေက ဟုတ်ပါသည် ဟုပြောရပါမည်။ ဥပမာအားဖြင့် အမေရိကန်နိုင်ငံတွင် ဆရာဝန်များ၏ ဆီးချိုသွေးချိုရောဂါအတွက် နံပါတ် ၁ အာဟာရဆိုင်ရာဖော်မြူလာအဖြစ် ထောက်ခံချက်ရရှိထားသည့်~ ဆီးချိုသွေးချိုရောဂါအတွက် Glucerna တွင် Oat Fiber နှင့် FOS နှစ်ခု၏ ထူးခြားသော Dual Fiber ပေါင်းစပ်ပါဝင်ပြီး ပြည့်ဝဆီပါ၀င်မှုနည်းခြင်း၊ ကိုလက်စထရောကင်းစင်ပြီး ပြုပြင်ထားသောအဆီများလည်း မပါဝင်သောကြောင့် သင့်လျော်သော အမျှင်ဓာတ်အဖြစ် ပြုလုပ်ပေးထားပြီး ဆီးချိုသွေးချိုသမားများအတွက် အသင့်တော်ဆုံး ဖြည့်စွက်စာဖြစ်ပါသည်။

အမျှင်ဓာတ်များသေားအစားအစာများသည် ဂလူးကို့စ်ကို ထိန်းညှိပေးခြင်း၊ ကိုလက်စထရော စုပ်ယူမှုကို လျော့ချပေးခြင်း၊ အဆိပ်များထုတ်ပေးခြင်းနှင့် အူလမ်း‌‌ကြောင်းကျန်းမာစေပြီး ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးခြင်း ဖြင့် ဆီးချိုးသွေးချိုသမားအတွက် အကျိုးပြုပါသည်။ အမျှင်ဓာတ်သည် အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များ၊ အခွံမာသီးများ၊ ပဲများနှင့် အစေ့အဆန်အားလုံးနီးပါးတွင် ပါဝင်သောကြောင့် အမျှင်ဓာတ်ရရှိအောင် ပြောင်းလဲစားသောက်ရန်မှာ လွယ်ကူပါသည်။ သင်ရွေးချယ်မှုများလိုအပ်သော်လည်း သင်မစားနိုင်သော အစားအစာမှ အမျှင်ဓာတ်များကို အစားထိုးရန်အတွက် အာဟာရဖြည့်စွက်စာများကို အသုံးပြုနိုင်သည်။ GI နည်းသော ပါဝင်ပစ္စည်းများ အဆင့်မြင့် ကစီဓာတ်စနစ်^ နှင့်  Myo-inositol ၄ ဆ^ များပါဝင်ပြီး အင်ဆူလင်လုပ်ဆောင်မှုအတွက် တာဝန်ရှိသော သေးငယ်သောအာဟာရဓာတ်များ ပေါင်းစပ်ထားခြင်းဖြင့် Glucerna သည် သင့်သွေးတွင်းဂလူးကို့စ်ကို ၃ လအတွင်း စီမံခန့်ခွဲရန် ကူညီပေးနိုင်ပါသည်။သင်၏ဆီးချိုသွေးချိုရောဂါ စီမံခန့်ခွဲခြင်းလုပ်ဆောင်ချက်ကို မြှင့်တင်ရန်အတွက် ပထမတစ်ရက်မှ စတင်ပြီး# ဆီးချိုသွေးချိုရောဂါအတွက် အမျှင်ဓာတ်များသော စားသောက်မှုအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် Glucerna ကို သောက်သုံးလိုက်ပါ။4,5

References:

  1. https://www.mayoclinic.org/healthy-lifestyle/nutrition-and-healthy-eating/in-depth/fiber/art-20043983
  2. https://diabetesaction.org/article-fiber
  3. https://www.everydayhealth.com/hs/type-2-diabetes-live-better-guide/fiber-rich-foods-pictures/
  4. https://abbottfamily.com.sg/articles/diabetes/inositol
  5. https://abbottfamily.com.sg/products/page/glucerna-triple-care

Additional Readings:

  1. https://glucerna.ca/en/products

^          Jenkins – 1982

#          Sun et al. Asia Pac J Clin Nutr. 2008.

~   IQVIA, using the ProVoice Survey, fielded to 14,853 physicians from January 1, 2020 to December 31, 2020.