လေ့ကျင့်ခန်းလုပ်ခြင်းသည် ဆီးချိုသွေးချိုရောဂါကို မည်သို့ကူညီပေးနိုင်သနည်း။

exercise diabetics

လူငယ်များအတိုင်း ခံစားနိုင်ခြင်း၊ လှုပ်ရှားနိုင်ခြင်း၊ ကြွက်သားကျန်းမာရေးနှင့် အထူးသဖြင့်သင့်၏ ဆီးချိုသွေးချိုရောဂါကို ထိန်းညှိရန်အတွက်လေ့ကျင့်ခန်းပြုလုပ်ခြင်းသည် သင့်၏ကျန်းမာရေးအတွက် ပိုမိုကောင်းမွန်စေပါသည်။ လေ့ကျင့်ခန်းလုပ်ခြင်းသည် သွေးတွင်းသကြားဓာတ်ကျဆင်းခြင်း၊ သွေးပေါင်ကျဆင်းခြင်းနှင့် အမျိုးအစား ၂ ဆီးချိုသွေးချိုရောဂါ အပေါ်တွင် အကျိုးသက်ရောက်မှုရှိနိုင်သည်။1

လေ့ကျင့်ခန်းလုပ်ခြင်းသည် သင်၏အင်ဆူလင်ကျန်းမာရေးကို ထိန်းသိမ်းရန်ကူညီပေးခြင်း

လေ့ကျင့်ခန်းလုပ်ခြင်းသည် သင်၏သွေးတွင်းသကြားဓာတ်ကို လျော့ကျစေသည်သာမက ၎င်းသည် သင့်ခန္ဓာကိုယ်ရှိအင်ဆူလင် (သင့်ခန္ဓာကိုယ်၏ အချိုဓာတ်ကို ထိန်းချုပ်ပေးသော ဟော်မုန်း) ၏တုံပြန်မှု ကို ပိုမိုကောင်းမွန်အောင် ကူညီပေးနိုင်သည်။ အသင့်အတင့်မှ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းသည် ဝမ်းတွင်းအဆီ (ဝမ်းဗိုက်ဧရိယာအတွင်းရှိအဆီ) ကို လျော့ချရန်ကူညီပေးသည်။ ၎င်းအဆီများသည် သင်၏ကိုယ်ခန္ဓာတွင်ပိုလျှံ နေပါက သင့်ခန္ဓာကိုယ်သည် အင်ဆူလင်ကို မှန်ကန်စွာသုံးစွဲရန် ပိုမိုခက်ခဲစေပါသည်။ သင့်တွင် အင်ဆူလင်ကို ခုခံနိုင်သောအခြေအနေများရှိပါက လေ့ကျင့်ခန်းလုပ်ခြင်းသည် ၎င်းတို့ကို လျော့ချပေးပြီး အချိုဓာတ်ကို ထိရောက်စွာအသုံးပြုနိုင်အောင်ကူညီပေးပါသည်။

ဆီးချိုသွေးချိုရောဂါကြောင့် ထိခိုက်နိုင်သော အဆစ်အမြစ်များကို တိုးတက်ကောင်းမွန်စေခြင်း။

သွေးထဲတွင်အချိုဓာတ်များ အလွန်အကျွံရှိခြင်းကြောင့် ရောင်ရမ်းခြင်းများကို ဖြစ်ပေါ်စေသဖြင့် အချို့အဆစ်များ နာကျင်စေခြင်း သိုမဟုတ် တောင့်တင်းခြင်း တို့ကြောင့် အဆစ်များကို ပျက်စီးစေပါသည်။ အမျိုးအစား ၂ ဆီးချိုသွေးချိုရောဂါဖြစ်ပေါ်ရန် သင်အဝလွန်ရန်မလိုအပ်သော်လည်း ဆီးချိုသွေးချိုရောဂါရှိသူများသည် အဝလွန်ကြပြီး ၎င်းအလေးချိန်ပိုများခြင်းသည် အဆစ်များကိုလည်း ဖိအားဖြစ်စေပါသည်။

ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းသည် သွေးစီးဆင်းမှုကို တိုးစေပြီး အောက်ဆီဂျင်နှင့် လိုအပ်သော အာဟာရများကို ရရှိစေသည်။ နာကျင်မှုကိုလျော့ကျစေပြီး ခြေလက်များ၏ လုပ်ဆောင်ချက်များကို တိုးတက်စေပါသည်။

ခန္ဓာကိုယ်နေ့ရာအနှံ့တွင် နာကျင်မှုနည်းသောကြောင့် သင်လှုပ်ရှားမှုများပိုမိုပြုလုပ်နိုင်ခြင်း၊ ပျော်ရွှင်သောဘဝကို ပိုင်ဆိုင်နိုင်ခြင်း၊ စိတ်အခြေအနေများတိုးတက်ခြင်း၊ ကောင်းစွာအိပ်ပျော်ခြင်းနှင့် စိတ်ဖိစီးမှုများကို ထိန်းချုပ်နိုင်ပါသည်။

စတင်ခြင်းနှင့်အကြံပြုချက်များ

လေ့ကျင့်ခန်းပြုလုပ်ရန် အစီအစဉ်တစ်ခု လိုအပ်ပါသည်။ ၎င်းသည် အလွန်တိကျသော နည်းလမ်း သို့မဟုတ် ရှုပ်ထွေးသောနည်းလမ်းများဖြစ်ရန် မလိုအပ်ပါ။ လေ့ကျင့်ခန်းလုပ်သည့် ကာလပတ်လုံး သင်နှင့်သင့်တော်သည့် အရာသာ လိုအပ်ပါသည်။2,3

၁။ သင့်တွင် ပိုမိုဆိုးရွားသောကျန်းမာရေး နောက်ခံအခြေအနေရှိမရှိကို ပထမဆုံးဆရာဝန်နှင့် တိုင်ပင်ပါ။ သင့်အတွက် မည်သည့်သွေးတွင်းသကြားဓာတ်ပမာဏသည် သင့်အတွက် ကျန်းမာသည်ကို သေချာအောင် သိရန်လည်းလိုအပ်သည်။

၂။ အလွန်အကျွံလေ့ကျင့်ခန်းလုပ်ခြင်းဖြင့် သွေးတွင်းသကြားဓာတ်ဆုံးရှုံးမှု ဖြစ်နိုင်ခြေရှိသည်။ အရေးပေါ်အခြေအနေအတွက် အာဟာရအဆာပြေမုန့်များ ဆောင်ထားခြင်းနှင့် လေ့ကျင့်ခန်းမပြုလုပ်မီနှင့် ပြုလုပ်ပြီးတိုင်းတွင် သွေးတွင်းသကြားဓာတ်ကို တိုင်းတာမှတ်သားထားပါ။

၃။ သင်နှစ်သက်သည့်လေ့ကျင့်ခန်းများကို မှတ်သားထားပါ။ ဤနေရာတွင် သင်၏လေ့ကျင့်ခန်းများကို ပိုမိုပျော်စရာဖြစ်စေရန်နှင့် သင်၏လုပ်ရိုးလုပ်စဉ်များ ပိုမိုတိုးတက်အောင် လေ့လာနိုင်သည်။

၄။ လေ့ကျင့်ခန်းလုပ်ခြင်းကို အဆင့်ကျော်ခြင်းများမပြုလုပ်ပါနှင့်၊ အဘယ်ကြောင့်ဆိုသော် သင့်သည်ပင်ပန်းသလိုခံစားရပြီး လေ့ကျင့်ခန်းလုပ်ခြင်းကို ရပ်တန့်ချင်လာနိုင်သည်။ ဖြည်းဖြည်းနှင့် ပုံမှန် လေ့ကျင့်ခန်းအဆင့်တိုင်းကို အပြည့်အဝလုပ်ဆောင်ခြင်းသည် သင်နှင့်လိုက်ရောညီထွေဖြစ်စေရန်နှင့် လေ့ကျင့်ခန်းလုပ်ခြင်းကိုရပ်တန်စေနိုင်သည့် ဒဏ်ရာများ သို့မဟုတ် နာကျင်ခြင်းများကို လျော့နည်းစေပါသည်။

၅။ သင်၏သွေးထဲရှိသကြားဓာတ်ကို ထိန်းသိမ်းရန်ကောင်းမွန်သော အာဟာရရှိခြင်းကဲ့သို့ပင် လေ့ကျင့်ခန်းလုပ်သည့် အခါမျိုးတွင်လည်း အမျိုးအစားသည် အဓိကကျသည်။ ဆီးချိုသွေးချိုရောဂါအတွက် လှုပ်ရှားမှုများတွင် ထိရောက်မှုအရှိဆုံးအမျိုးအစားများတွင် အေရိုးဗစ်လေ့ကျင့်ခန်း၊ ပြေးခြင်း၊ ရေကူးခြင်း၊ ယောဂနှင့်‌အလေးမအလေ့ကျင့်ခန်းများပါဝင်သည်။

၆။ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုများပြုလုပ်ပြီးနောက် အခြားလှုပ်ရှားမှုများကို ရပ်တန့်မထားပါနှင့်။ သင်၏ ပုံမှန်တစ်နေ့တာတစ်လျှောက်လုံးတွင် တက်ကြွစွာနေထိုင်ခြင်းဖြင့် ကယ်လိုရီများလောင်ကျွမ်းပြီး ကျန်းမာသောအချိုဓာတ်ကို ဆက်လက် ထိန်းသိမ်းထားနိုင်ရန် ကူညီပေးပါလိမ့်မည်။

အကယ်၍သင်သည် သင်၏ဆီးချိုသွေးချိုရောဂါကို အစားအစာဖြင့်ထိန်းညှိရန်လိုအပ်ပါက အချိုဓာတ်အညွှန်းကိန်း (GI)  နိမ့်သော ဖြည့်စွက်အာဟာရများကို ရှာဖွေပါ။ (အချိုဓာတ်အညွှန်းကိန်း (GI) သည် ၀ မှ ၁၀၀ အထိရှိသည့်အတိုင်းအတာဖြစ်သည်။ နံပါတ်မြင့်လေ သွေးတွင်းသကြားဓာတ်ကို များလေဖြစ်သည်။) အမျိုးမျိုးသော Glucerna ထုတ်ကုန်များ အထူးသဖြင့် ဆီးချိုသွေးချိုရောဂါ၏ အာဟာရဆိုင်ရာလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်နှင့် ၎င်းတို့သွေးထဲရှိ အချိုဓာတ်ပမာဏကို ကူညီထိန်းညှိရန် အထူးစီမံထားခြင်းဖြစ်သည်။ မရှိမဖြစ်လိုအပ်သည့် အာဟာရ ၃၅ မျိုးနှင့်အတူ အစာခြေဖျက်မှုနှေးကွေးသော ကစီဓာတ်ဖြင့် ဖော်စပ်ထားသောကြောင့် သွေးတွင်းအချိုဓာတ်များကို ထိန်းညှိနိုင်ရန် ကူညီပေးပါသည်။4

References:

  1. https://glucerna.ca/en/managing-diabetes/exercise
  2. https://www.endocrineweb.com/conditions/type-2-diabetes/type-2-diabetes-exercise
  3. https://www.everydayhealth.com/type-2-diabetes/how-exercise-helps-prevent-and-manage-type-2-diabetes/
  4. https://glucerna.ca/en/products
      1.