english languae

ဆီးချိုသွေးချိုရှိသူများ၏ကိုယ်ခံအားစနစ်ကို ထောက်ပံ့ပေးသည့် အာဟာရများ

getty 855098134 369930

ကျွန်ုပ်တို့၏ ကိုယ်ခံအားစနစ်သည် ဆဲလ်အမျိုးမျိုး၊ ကိုယ်တွင်းအင်္ဂါများနှင့် အစာအိမ်တို့ဖြင့် ဖွဲ့စည်းထားသည့် ကွန်ရက်တစ်ခုဖြစ်ပါတယ်။ ထိုအရာအားလုံးကောင်းမွန်စွာအလုပ်လုပ်နိုင်ရန် လုံလောက်တဲ့ အိပ်စက်ခြင်း၊ လုံလောက်တဲ့ လေ့ကျင့်ခန်း၊ ကောင်းမွန်တဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးစံနှုန်း နှင့် ကျန်းမာတဲ့ စားသောက်မှုပုံစံတွေပါဝင်ပါတယ်။ မှားယွင်းတဲ့ကစီဓာတ်အမျိုးအစားကိုရွေးချယ်ခြင်းက သွေးတွင်းအချိုဓာတ်ကို မတည်မငြိမ်ဖြစ်စေတဲ့အပြင် ခန္ဓာကိုယ်အတွင်းရှိ ခုခံအားဆဲလ်များ ကောင်းမွန်စွာအလုပ်လုပ်ခြင်းကိုလည်း တားဆီးစေတဲ့အတွက် ကောင်းမွန်သောအာဟာရသည် ဆီးချိုသွေးချို ရှိသူများအတွက် အရေးကြီးပါတယ်။ အာဟာရတိုင်းက ခန္ဓာကိုယ်အတွက် ကောင်းမွန်တဲ့အရာတွေပေးနိုင်ပေမဲ့ ဆီးချိုသွေးချိုရှိသူများအတွက် အဓိက အာရုံစိုက်ပြီးစားသုံးသင့်တဲ့ အာဟာရများလည်းရှိပါတယ်။ ဆီးချိုသွေးချိုကို အစားအစာဖြင့်ထိန်းညှိခြင်းက အလွယ်ကူဆုံးဖြစ်သော်လည်း ဖြည့်စွက်စာများကလည်း ကူညီပေးနိုင်ပါတယ်။ (ဥပမာ Glucerna နဲ့ Glucerna RPB) ကဲ့သို့ဆီးချိုသွေးချိုရှိသူများအတွက်အထူးဖော်စပ်ထားသော ဖြည့်စွက်စာများဖြစ်ပါတယ်။1, 2, 9

အာဟာရမဖြည့်မီအချိန်

ကောင်းမွန်သော အိပ်စက်သည့် အလေ့အကျင့်ရှိရန်နှင့် ရေဓာတ်ပြည့်ဝနေစေရန် (သွေးစီးဆင်းမှုကိုကောင်းမွန်စေ) သင်သေချာပြုလုပ်သင့်ပါသည်။ ကောင်းမွန်မှုမရှိတဲ့ အိပ်စက်ခြင်းက သင့်ခန္ဓာကိုယ်ရဲ့ နေ့စဉ် ၂၄ နာရီအတွင်း စည်းချက်ညီသော ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် အပြုအမူပိုင်းဆိုင်ရာပြောင်းလဲမှုလုပ်ငန်းစဉ် (Circadian rhythm) ကို ပျက်စေပြီး ရောဂါပိုးကူးစက်မှုကို ထိန်းညှိပေးတဲ့ cytokine ပရိုတင်းထုတ်လုပ်မှုကို သင့်ခန္ဓာကိုယ်ကနေ လျော့ချပေးပါတယ်။.7 ဒါ့အပြင် ထိုနှောင့်ယှက်ခြင်းကြောင့် သင့်ခန္ဓာကိုယ်က ညအချိန်မှာသဘာဝအတိုင်း မြှင့်တက်လာပြီး အင်ဆူလင်ခံနိုင်ရည်ကို တိုးမြှင့်ပေးသည့်အတွက် သွေးအတွင်းအချိုဓာတ်ကို ပြန်လည်မကျဆင်းစေနိုင်တော့ပါ။ သင့်မှာ ဆီးချိုသွေးချို (အမျိုးအစား ၂) အရင်ကမရှိဘူးဆိုရင် ဖြစ်နိုင်ခြေပိုများပါတယ်။.1, 3

အစွမ်းထက်သောအာဟာရဓာတ်များ

အချို့သော ဆီးချိုသွေးချိုရှိသူများအတွက် အစားအသောက်နှင့်ပတ်သက်သည့် အကြံဉာဏ်များသည် ကောင်းမွန်သော်လည်း ကန့်သတ်မှုများစွာရှိသည့်အပြင် ဆီးချိုသွေးချိုရှိသူများအတွက် အချို့သောမရှိမဖြစ် အာဟာရဓာတ်များကိုချန်လှပ်ထားမိနိုင်တဲ့အပြင် အစွမ်းထက်အာဟာရဓာတ်များကိုလည်း မေ့လျော့နေတတ်ပါတယ်။1, 2   

၁. အရည်အသွေးကောင်းမွန်တဲ့ ကစီဓာတ်များကို စားသုံးပါ။

ကောင်းမွန်တဲ့အရည်အသွေးရှိပြီး သွေးတွင်းအချိုဓာတ်အညွှန်းကိန်း (Glycemic Index) နည်းပါးစွာပါဝင်တဲ့အစားအစာများဟာ အစေ့အဆန်များ၊ ပဲများ၊ အစိမ်းရောင်ရှိတဲ့ အသီးအနှံများနှင့် သစ်သီးဝလံများမှာပါဝင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ထိုအစားအစာများမှာ ပါဝင်တဲ့ အမျှင်ဓာတ် (ခန္ဓာကိုယ်ကသဘာဝအတိုင်း အစာမချေနိုင်တဲ့ ကစီဓာတ်အမျိုးအစား) က ကျွန်ုပ်တို့ကိုအဆာခံနိုင်စေပြီး ခုခံအားစနစ်အတွက် Prebiotic ကဲ့သို့ အူလမ်းကြောင်းအတွင်းရှိ ဘက်တီးရီးယားတွေကို အကျိုးပြုစေပါတယ်။.3, 7

၂. ဇင့်ဓာတ်

ဇင့်ဓာတ်သည် ကိုယ်ခံအားစနစ်ဆဲလ်များ ပေါင်းစည်းမှုကိုကူညီပေးသည့်အဓိက အာဟာရ ဖြစ်သည့်အပြင် ခန္ဓာကိုယ်ရှိ အနာများကိုလည်း အမြန်သက်သာပျောက်ကင်းစေပါတယ်။ အထူးသဖြင့် ဇင့်ဓာတ်ကို သွေးဖြူဥဆဲလ်များကလိုအပ်ပြီး ဇင့်ဓာတ်ပါဝင်တဲ့ အစားအစာအရင်းမြစ်များမှာ ထောပတ်သီး၊ သလဲသီး၊ သခွားမွှေး နှင့် မာလကာသီးတို့ ဖြစ်ပါတယ်။ 3, 4, 5, 7

 ၃. ဗီတာမင် E နှင့် ကျန်းမာသော အဆီများ

ဆဲလ်များကို free radicals များထိခိုက်ခြင်းက ကာကွယ်ရင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းက ကူညီပေးပြီး ထိရောက်မှုရှိစေဖို့ ကျန်းမာတဲ့အဆီဓာတ်များကိုလိုအပ်ပါတယ်။ကျန်းမာသောအဆီများသည် လည်ပတ်ရန် စွမ်းအင်များစွာလိုအပ်သောကြောင့် ကိုယ်ခံအားစနစ်၏စွမ်းအင်ကိုလည်း ကူညီပေးပါသည်။ ဗီတာမင် E နှင့် အဆီ ရရှိနိုင်သည့်အကောင်းဆုံးအရင်းအမြစ်များမှာ အယ်မွန်၊ နေကြာစေ့၊ မြေပဲထောပတ်၊ ဟင်းသီးဟင်းရွက်ဆီနှင့် ပန်းဂေါ်ဖီစိမ်းတို့ဖြစ်ပါတယ်။3, 7

၄. ဗီတာမင် D

ကိုယ်ခံအားစနစ်ရှိဆဲလ်များရဲ့ ပုံမှန်လုပ်ဆောင်မှုများကို အဓိက ကူညီထိန်းညှိပေးပြီး ဆီးချိုသွေးချိုရှိသူများတွင် သွေးတွင်း ဂလူးကိုစ့်မြှင့်တက်မှုကြောင့် ကိုယ်ခံအားဆဲလ်များ အားနည်းသွားတတ်သည့်အတွက် ဆီးချိုသွေးချိုရှိသူများအတွက် ဗီတာမင်ဒီ သည် အဓိကလိုအပ်ပါတယ်။  ဆီးချိုသွေးချိုရှိသူများသည် ပြုပြင်ထားသည့်အစားအစာများ (နွားနို့၊ ပဲနို့၊ cereal ၊ လိမ္မော်ရည်) မှိုအမျိုးမျိုးကို စားသုံးနိုင်သည့်အပြင် နေရောင်ရရှိသည့်နေရာတွေ လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ဗီတာမင်ဒီကိုရရှိနိုင်ပါသည်။1, 2, 6

မှတ်ထားသင့်သည့် အခြားအာဟာရစုများ

အစားအစာများတွင် သွေးတွင်းအချိုဓာတ်အညွှန်းကိန်း (Glycemic Index) နည်းပါးစွာပါဝင်ကြောင်း ပြောနိုင်သည့် အလွယ်ကူဆုံးအချက်မှာ ထိုအစားအစာများကို မူလပုံစံနှင့်အနီးစပ်ဆုံးပြုလုပ်ထားခြင်းရှိမရှိဖြင့် သိနိုင်ပါတယ်။ တကယ်လို့ သင်က လတ်ဆတ်တဲ့အသီးအနှံ၊ ဟင်းသီးဟင်းရွက်များ၊ ပဲအမျိုးမျိုးနှင့် အစေ့အဆန်များ အများအပြားစားနေရပြီဆိုပါက သင့်ကို ဆီးချိုသွေးချိုရှိသူ တစ်ယောက်ဟုသတ်မှတ်နိုင်ပါတယ်။ ထိုသို့စားသုံးနေရခြင်းကို နေသားကြရန် အချိန်အနည်းငယ်ယူရနိုင်ပေမဲ့ သင့်အနေနဲ့ ဆီးချိုသွေးချိုရှိသူများအတွက် သီးသန့်ထုတ်လုပ်ထားသောဖော်မြူလာများ (DSF) ဖြစ်နေသ၍ ထိုအစားထိုး အာဟာရဖော်မြူလာများ၏ အကူအညီကို ရယူနိုင်ပါတယ်။ ဥပမာအားဖြင့် ဆီးချိုသွေးချိုရှိသူများသည် Glucerna ကိုသောက်သုံးနိုင်ပါသည်။.9 သွေးတွင်းအချိုဓာတ်အညွှန်းကိန်း (Glycemic Index) နည်းပါးစေရန် သိပ္ပံနည်းကျထုတ်လုပ်ထားသော Glucerna® တွင် အသစ်နှင့် အဆင့်မြှင့်တင်ထားသော ကစီဓာတ်စနစ်15 နှင့် Myo-inositol ၄ဆ12 (အင်ဆူလင်ရဲ့လုပ်ဆောင်မှုအတိုင်း တူညီစွာလုပ်ဆောင်ပေးသော ကစီဓာတ် 8) နှင့် ပြည့်စုံမျှတတဲ့ အာဟာရဓာတ်ကိုပေးတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ် ၂၈ မျိုးလည်းပါဝင်ပါတယ်။ အမေရိကန်နိုင်ငံမှဆရာဝန်များထောက်ခံမှုအများဆုံး10 ဆီးချိုသွေးချိုရှိသူများအတွက် အာဟာရဖြည့်စွက်ဖော်မြူလာ တစ်ခုဖြစ်ပြီးတော့ ဆီးချိုသွေးချိုရှိသူများရဲ့ အာဟာရလိုအပ်ချက်များကို ပထမဆုံးစတင်သုံးစွဲတဲ့ နေ့မှာပဲပံ့ပိုးပေးနိုင်မှာဖြစ်ပါတယ်။11 Glucerna တွင်ပါဝင်သည့် ကိုယ်ခံအားကို ထောက်ပံ့ပေးသည့်အာဟာရဓာတ် ၁၂ မျိုး (ပရိုတင်း၊ ဗီတာမင် A၊ B6၊ B12၊ C၊ D၊ E ၊ ဖော့လစ်၊ ဆီလီနီရမ်၊ ကြေးနီ၊ ဇင့် နှင့် သံဓာတ်)1,2 တို့သည် ကိုယ်ခံအားကိုထောက်ပံ့ပေးပြီး အခြားသော အာဟာရ ၃၅ မျိုးမှ နှလုံးကျန်းမာရေးအတွက် ကျန်းမာသောအဆီ ပါဝင်ပစ္စည်းများဖြင့် ပေါင်းစပ်လုပ်ဆောင်ပြီး သွေးတွင်း ဂလူးကိုစ့်ကို ထိန်းချုပ်ရာတွင် ၃ လအတွင်း ကူညီပေးသည့်အပြင်13 ကိုယ်ခံအားစနစ် အတွက် ပုံမှန်လုပ်ငန်းစဉ်များကို တိုးတက်အောင် ကူညီပေးပါတယ်။ Glucerna ကို အစားအစာ အစားထိုးသို့ သရေစာကဲ့သို့ (ဥပမာ တစ်နေ့ကို ၂ ခွက်၊ တစ်ခွက်စာ ၅ ဇွန်း နှင့် ရေ ၂၀၀ မီလီလီတာ) သောက်သုံးခြင်းဖြင့် သွေးတွင်းဂလူးကိုစ့်ကို ထိရောက်စွာထိန်းညှိပေးဖို့ကူညီပေးပါတယ်။14 Glucerna ကို အသင့်သောက်သုံးနိုင်သော Glucerna RPB အနေဖြင့်လည်း ရရှိနိုင်ပြီး သင်အပြင်သွားတဲ့အချိန်တွေမှာ သွေးတွင်းဂလူးကိုစ့်ပမာဏကို ထိန်းညှိဖို့ လိုအပ်လာပါက အလွယ်တကူသောက်သုံးနိုင်ပါတယ်။9

Glucerna Myanmar ကိုဒီနေ့ပဲဝင်ရောက်လေ့လာပြီး နမူနာများရယူနိုင်ဖို့စာရင်းပေးသွင်းဖို့ဖိတ်ခေါ်ချင်ပါတယ်။

References:

  1. https://www.glucerna.com.au/why-glucerna/immunity-health
  2. https://glucerna.com/nutrition-products/glucerna-shakes-rich-chocolate
  3. https://www.everydayhealth.com/type-2-diabetes/immune-boosting-foods-for-people-with-diabetes/
  4. https://economictimes.indiatimes.com/news/how-to/10-fruits-diabetics-should-eat-and-why-that-are-important-for-you/articleshow/86506774.cms
  5. https://www.myfooddata.com/articles/high-zinc-fruits.php
  6. https://blog.klinio.com/7-immune-boosting-foods-for-people-with-diabetes/
  7. https://www.sleepfoundation.org/physical-health/sleep-and-blood-glucose-levels
  8. https://abbottfamily.com.sg/articles/diabetes/inositol
  9. https://glucerna.ensuremyanmar.com/eng/
  10. IQVIA, using the ProVoice Survey, fielded to 14,550 physicians from September 1, 2020 to August 31, 2021
  11. Glucerna has been shown to lower postprandial rises in blood glucose (Devitt et al. J Diabetes Res Clin Metab. 2012; Luo et al. J Diabetes Mellitus. 2012; Mottalib et al. Nutrients. 2016; Davila et al. Nutrients. 2019.)
  12. Compared to previous formula of Glucerna
  13. Sun et al. Asia Pac J Clin Nutr. 2008.
  14. Chee et al. BMJ Open Diabetes Res Care. 2017; Sun et al. Asia Pac J Clin Nutr. 2008.
  15. Jenkins et al. Diabetologia. 1982