စိတ်ဖိစီးမှုများသည် ဆီးချိုသွေးချိုရောဂါအပေါ်ဘယ်လိုအကျိုးသက်ရောက်မှုရှိနိုင်သနည်း။

stress

လူတိုင်းသည် စိတ်ဖိစီးမှုအမျိုးမျိုးကို ပုံစံအမျိုးမျိုးဖြင့် ကြုံတွေ့ရသည်။ စိတ်ဖီစီးမှုများကို မရှောင်လွှဲနိုင်သော်လည်း ၎င်းကို စီမံထိန်းချုပ်နိုင်သည်။ စိတ်ဖီစီးမှု ဟော်မုန်းများသည် သွေးတွင်းသကြားဓာတ်ကို အကျိုးသက်ရောက်နိုင်သောကြောင့် စိတ်ဖိစီးမှုနှင့် သွေးတွင်းသကြားဓာတ် နှစ်မျိုးလုံးကို ထိန်းချုပ်နိုင်ရန် ဆီးချိုသွေးချိုရှိသူများ လိုက်နာနိုင်သည့် အသုံးဝင်သောနည်းလမ်းများကို ဖော်ပြထားပါသည်။

ကောင်းစွာအိပ်စက်ခြင်းသည် အဓိကသော့ချက်ဖြစ်သည်

ကြာရှည်စွာ ကောင်းမွန်သည့်အိပ်စက်ခြင်းမရှိသည့် သူများသည် နေ့စဉ်ဘဝတွင် ၎င်းတို့၏လုပ်ဆောင်နိုင်စွမ်းကို အကျိုးသက်ရောက်နိုင်သည်။ ညတွင်ကောင်းစွာအိပ်စက်ခြင်းသည် နံနက်ခင်း၌ ကောင်းစွာနိုးကြားရုံသာမက ဆာလောင်မှု၊ အလေးချိန်နှင့် သွေးတွင်းအချိုဓာတ်ကို ထိန်းချုပ်သော ဟော်မုန်းများကို ထိန်းညှိပေးပါသည်။ ရက်အနည်းငယ်အိပ်ရေးမဝခြင်းသည်ပင်လျှင် အင်ဆူလင် ဆန့်ကျင်မှုကို မြင့်တက်စေသည်။ အကယ်၍သင့်တွင် ယခင်က ဆီးချိုသွေးချိုရောဂါမရှိခဲ့ပါက အိပ်ရေးမဝခြင်းဖြင့် ဆီးချိုသွေးချိုရောဂါဖြစ်ပွားနိုင်မှု အလားအလာကို မြင့်တက်စေသည်။ လွယ်ကူသောဖြေရှင်းနည်းတစ်ခုမှာ အထူးသဖြင့် အာရှနိုင်ငံများ လက်ဖက်ရည်သောက်လေ့ရှိသော မွန်းလွဲပိုင်းအချိန်တွင် ကဖိန်းဓာတ်ပါသော အချိုရည်များကို ကန့်သတ်ရန်ဖြစ်ပါသည်။ သက်သောင့်သက်သာရှိသောအိပ်ရာ၊ လေဝင်လေထွက်ကောင်းပြီးအေးမြသော အခန်းနှင့် တိကျသောအိပ်ချိန်သတ်မှတ်ပြီး အိပ်စက်ခြင်းအားဖြင့် သင်၏စိတ်နှင့် ကိုယ်ခန္ဓာအား နေ့စဉ်လုပ်ရိုးလုပ်စဉ်တစ်ခု အဖြစ် အလေ့အကျင့်ပြုလုပ်ပေးပါ။1

လေ့ကျင့်ခန်းပြုလုပ်ပြီး စိတ်ဖီစီးမှုများ ဖြေဖျောက်ခြင်း

ကျန်းမာရေးပြဿနာအများစုအတွက် လေ့ကျင့်ခန်းပြုလုပ်ခြင်းသည် အကောင်းဆုံးဖြေရှင်းနည်းတစ်ခုဖြစ်သည်။ ၎င်းသည် သင်၏ကိုယ်အလေးချိန်ကိုထိန်းသိမ်းရန်၊ သွေးတွင်းသကြားဓာတ်ကို လျော့ချရန်နှင့် endorphins, dopamine, adrenaline နှင့် endocannabinoid ကဲ့သို့သော ကောင်းမွန်သည့် ဓာတုပစ္စည်းများ ထုတ်လုပ်နိုင်ရန် ကူညီနိုင်သည်။ သွေးတွင်းသကြားဓာတ်ပမာဏကို လေ့ကျင့်ခန်းမပြုလုပ်မီနှင့်ပြုလုပ်ပြီးတိုင်းတွင် မည်ကဲ့သို့အကျိုးသက်ရောက်မှုရှိသည်ကို မှတ်သားထားပါ။ အဘယ်ကြောင့်ဆိုသော် သင်ပုံမှန်ထက်တက်ကြွစွာလုပ်ဆောင်ခြင်းသည် (hypoglycemia) သင်၏သွေးတွင်းသကြားဓာတ် အရမ်းနိမ့်ကျ သွားနိုင်သည်။ သင်၏သွေးတွင်းသကြားဓာတ်သည် အချိန်ကြာမြင့်စွာ အလွန်အမင်းနိမ့်ကျနေပါက အလွန်အမင်းပင်ပန်းနွမ်းနယ်ခြင်း၊ မူးဝေခြင်းနှင့် ဆေးရုံတက်ရခြင်းများဖြစ်နိုင်သည်။ထို့ကြောင့် သင်၏ဆီးချိုသွေးချိုရောဂါ အခြေအနေအတွက် အသင့်တော်ဆုံးသောလေ့ကျင့်ခန်းအစီအစဉ်ကို ရှာဖွေရာတွင် ဆရာဝန်နှင့်တိုင်ပင်ခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ယေဘုယျအားဖြင့် သင်သည် အားကစားလုပ်သည့် နေရာသို့သွားရောက်ရန်မလိုအပ်ဘဲ အိမ်၌ရှိသောအရာများနှင့် လေ့ကျင့်ခန်းများ လုပ်ဆောင်နိုင်သည်။ လမ်းလျှောက်၍လှေကားအတက်အဆင်းပြုလုပ်ခြင်း၊ ကုန်စုံဆိုင်သို့သွားသည့်အခါတွင် ကားနှင့်သွားမည့်အစား လမ်းလျှောက်သွားလာခြင်းနှင့် သဘာဝပတ်ဝန်းကျင်ကသင့်ခံစားချက်ကို ကူညီသည့်အခါတွင် ပို၍ပင်လွယ်ကူနိုင်ပါသည်။ သင်တစ်နေ့တာလုံးစွမ်းအင်အားလုံးအသုံးပြုသည်နှင့်တစ်ပြိုင်နက် ၎င်းသည်ညဘက်ကို ကောင်းစွာအိပ်စက်အနားယူနိုင်ဖို့ သင့်ကိုကူညီပေးပါသည်။1,2

စိတ်ကျန်းမာရေးသည်လည်း အရေးကြီးသည်

သင်သည်စိတ်ဖိစီးမှုများလာသည်နှင့် ၎င်းအရာများကို ရှုထောင့်ပေါင်းစုံဖြင့် ကြည့်နိုင်ရန် အချိန်ခဏယူပြီး အနားယူပါ။ တရားထိုင်ခြင်း သို့မဟုတ် အသက်ရှုထုတ်ခြင်း အလေ့အကျင့်များပြုလုပ်ခြင်းသည် သင်၏စိတ်ကို တည်ငြိမ်စေရန် ကူညီပေးပါသည်။ ၎င်းနည်းလမ်းများသည် စိတ်ဖိစီးသည့်အခါ လေ့ကျင့်သင့်သည့်နည်းလမ်း မဟုတ်သော်လည်း အခြားချိန်များတွင် လေ့ကျင့်ခြင်းဖြင့် အထောက်အကူပြုစေပါသည်။ စိတ်ဖိစီးမှုကို စီမံခန့်ခွဲခြင်းကဲ့သို့ပင့် ဆီးချိုသွေးချိုရောဂါကို ထိန်းညှိသည့်အခါတွင်လည်း သင်မလုပ်နိုင်သည့်အရာများကို အာရုံမစိုက်ပါနှင့်။ သင်လုပ်နိုင်ပြီး ပြီးမြောက်ခဲ့သည့်အရာများကို အာရုံစိုက်ခြင်းနှင့် မည်သို့တိုးတက်အောင် ပြုလုပ်ရမည်ကို ရှာဖွေပါ။ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးဆရာဝန် သို့မဟုတ် အခြားဆေးပညာရှင်များနှင့် ဆက်သွယ်ပြီးအကြံဉာဏ်များ တောင်းခံရန် မည်သည့်အခါမှ မတွန့်ဆုတ်ပါနှင့်။2

အာဟာရနှင့် Glucerna ထုတ်ကုန်များသည် ဆီးချိုသွေးချိုရှိသူများကို မည်သို့ကူညီနိုင်မည်နည်း။

အလွန်အကျွံစားသုံးခြင်းသည် စိတ်ဖိစီးမှုလက္ခဏာတစ်ခုဖြစ်သဖြင့် သင့်၏ဆီးချိုသွေးချိုရောဂါကို အာဟာရဖြင့် ထိန်းညှိခြင်းသည် ယေဘုယျအားဖြင့် လန်းဆန်းမှုကို ခံစားရစေသည်။ ဥပမာအားဖြင့် အချိုဓာတ်အညွှန်းကိန်း (GI) နိမ့်သောအစားအစာများသည် ဆီးချိုသွေးချိုရှိသူများအတွက် အကောင်းဆုံးဖြစ်သည်။ ( Glycemic Index ကို ၀ မှ ၁၀၀ အထိသတ်မှတ်သည်။ Gl မြင့်သောအစားအစာများသည် သွေးတွင်းသကြားဓာတ်ကို လျင်မြန်စွာမြင့်တက်စေသည်။) ပေါ့ပေါ့ပါးပါးစားခြင်း၊ ကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်းနှင့် ဖျားနာပြီးနာလံထစချိန်များတွင် Glucerna ကို အစားထိုးသောက်သုံးနိုင်သည်။ Glucerna တွင်ပါဝင်သည့် အစာခြေဖျက်မှုနှေးကွေးသော ကစီဓာတ်သည် စိတ်ဖိစီးမှုကြောင့်ဖြစ်လာသော သွေးတွင်းသကြားဓာတ်တိုးမှုကို ထိန်းသိမ်းရန် ကူညီပေးပါသည်။3

References:

    1. https://glucerna.ca/en/managing-diabetes/mood-swings-stress
    2. https://www.cdc.gov/diabetes/managing/mental-health.html#:~:text=Thoughts%2C%20feelings%2C%20beliefs%2C%20and,tends%20to%20get%20better%2C%20too.
    3. https://glucerna.ca/en/products