သာမန်လူနေမှု ဘဝအတိုင်းနေထိုင်နိုင်ဖို့ ဆီးချိုသွေးချိုရှိသူများ ပြုလုပ်ရမယ့် ပြောင်းလဲမှုများ

သာမန်လူနေမှု ဘဝအတိုင်းနေထိုင်နိုင်ဖို့ ဆီးချိုသွေးချိုရှိသူများ ပြုလုပ်ရမယ့် ပြောင်းလဲမှုများ

မိမိရဲ့ စိတ်အလိုလိုက်မှုများကိုဆန်းစစ်ပါ
စိတ်အလိုလိုက်မှုတွေ ရှိတတ်တာသဘာဝပါပဲ။ ဒါပေမဲ့ အဓိကအချက်ကတော့ ထိန်းထိန်းသိမ်းသိမ်းစားသုံးဖို့ပဲဖြစ်ပါတယ်။ကျွန်တော်တို့စားသုံးနေတဲ့ သရေစာတွေမှာ မသိနိုင်တဲ့ ကယ်လိုရီတွေနဲ့ ပြင်ပမှထည့်သွင်းထားမှုတွေပါရှိနေပြီး အာဟာရအနည်းငယ်သာ ပါတတ်ပါတယ်။အယ်လ်ကိုဟော(အရက်)မှာလည်း မထင်ရပေမဲ့ ကယ်လိုရီများစွာပါရှိနေပြီး သကြားနဲ့အရသာထပ်လောင်းထည့်သွင်းထားခြင်းတွေရှိနေပါတယ်။ သွေးတွင်းဂလူးကိုစ့် ပမာဏကို အလွန်မြင့်တက်စေမှာဖြစ်တဲ့အတွက် ချင့်ချိန်စားသုံးပြီး မစားသုံးခင်နဲ့ စားသုံးပြီးအချိန်တွေမှာလည်း သွေးတွင်းသကြားဓာတ်ကို အမြဲစစ်ဆေးနေဖို့လိုအပ်ပါတယ်။1, 3
ကော်ဖီဟာ အသက်အရွယ်မရွေးလူတိုင်းရဲ့ နေ့စဉ်စားသုံးမှုပုံစံထဲမှာပါဝင်နေတဲ့အရာဖြစ်ပါတယ် ဒါပေမဲ့ အမျိုးအစား (၂) ဆီးချိုသွေးချိုရှိသူတွေအတွက် အထူးဂရုစိုက်ရမယ့်အရာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကဖိန်းဓာတ်ဟာ ခန္ဓာကိုယ်ရဲ့ အင်ဆူလင်ဓာတ်အပေါ်တုန့်ပြန်မှုအပေါ်မှာ သက်ရောက်မှုရှိပြီး stress hormone လို့ခေါ်တဲ့ စိတ်ဖိစီးမှုဖြစ်ပေါ်စေတဲ့ဟော်မုန်းထုတ်လုပ်ပေးတာကြောင့်ဖြစ်ပါတယ်။ စိတ်ဖိစီးမှုဟော်မုန်းတွေများပြားတဲ့အခါမှာ ခန္ဓာကိုယ်ရဲ့ဆဲလ်တွေရဲ့ သကြားဓာတ်ကိုချေဖျက်မှုလုပ်ငန်းစဉ် နှောင့်နှေးစေတဲ့အတွက် သွေးတွင်းဂလူးကိုစ့်ပမာဏကိုမထိန်းချုပ်နိုင်ပဲ ဖြစ်စေပါတယ်။2, 4
ပြောင်းလဲမှုများလုပ်ဆောင်ဖို့ အလေးအနက်ထားပါ
ဦးစွာပထမဆုံးအနေနဲ့ မိမိမှာ ဘယ်ဆီးချိုသွေးချိုအမျိုးအစားရှိနေသလဲဆိုတာကို သိအောင်လုပ်ပါ။
အမျိုးအစား (၁) ဆီးချိုသွေးချိုဟာ မျိုးရိုးအလိုက်ဖြစ်ပြီးတော့ မွေးစကတည်းက သိရှိရပါတယ်၊ ဒီအမျိုးအစားမှာ ခန္ဓာကိုယ်ဟာ အစားအသောက်ကနေ ဂလူးကိုစ့်ကို ထိရောက်စွာစုပ်ယူနိုင်ဖို့အတွက် လိုအပ်တဲ့ အင်ဆူလင်ကိုမထုတ်ပေးနိုင်ပါဘူး။ အမျိုးအစား (၂) မှာတော့ ခန္ဓာကိုယ်ဟာ အင်ဆူလင်အပေါ်မှာ ထိရောက်တဲ့တုန့်ပြန်မှု မလုပ်ဆောင်နိုင်ခြင်းဖြစ်ပြီး လူတစ်ယောက်ရဲ့ နေထိုင်စားသုံးမှုပုံစံကြောင့် အချိန်ကြာလာတဲ့အခါမှာဖြစ်ပေါ်လာတဲ့ ဆီးချိုသွေးချို အမျိုးအစားဖြစ်ပါတယ်။ နှစ်မျိုးစလုံးဟာ ပြင်းထန်တဲ့ ကျန်းမာရေးအခြေအနေတွေဖြစ်ပေမယ့် ကိုင်တွယ်ထိန်းချုပ်လို့ရနိုင်ပါတယ်။ နှစ်မျိုးလုံးကိုထိန်းချုပ်နိုင်ဖို့ဆိုရင် ပုံမှန် ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ခြင်း၊ သွေးတွင်း ဂလူးကိုစ့် ပမာဏ တိုင်းတာခြင်း(အစားမစားမီ နဲ့ စားပြီး)၊ သွေးပေါင်ချိန်တိုင်းခြင်း နဲ့ မှန်ကန်တဲ့ အာဟာရဆိုင်ရာ ရွေးချယ်စားသုံးမှုများပြုလုပ်ဖို့လိုအပ်ပါတယ်။1, 2
မှန်ကန်စွာရွေးချယ်စားသုံးပါ
ကျန်းမာရေးနဲ့ညီညွတ်စွာစားသုံးခြင်းဆိုတာ ဆန်းကြယ်တဲ့စားသောက်မှုပုံစံ၊ အဆင့်မြင့်တဲ့ အီလက်ထရောနစ်ပစ္စည်းများ နဲ့ အထူးထုတ်လုပ်ထားပြီးဈေးကြီးတဲ့ အစားအစာတွေမဟုတ်ပါဘူး။ သင့်ရဲ့ ခန္ဓာကိုယ်မှာလိုအပ်သလောက်ကို အစီအစဉ်တကျသတ်မှတ်ထားပြီး စားသုံးခြင်းဖြစ်ပါတယ်။ သင်တို့၏ ဆီးချိုသွေးချိုအခြေအနေဆိုင်ရာ လိုအပ်ချက်များအလိုက် စားသုံးမှုအစီအစဉ်(meal plan) ကို အာဟာရဆိုင်ရာကျွမ်းကျင်သူ(nutritionist) နဲ့အတူ ချမှတ်ထားနိုင်ပါတယ်။
ဆာလောင်ခြင်းကိုထိန်းချုပ်နိုင်ဖို့အတွက် အမျှင်ဓာတ်များစွာပါဝင်တဲ့အစားအစာများကို စားသုံးပေးနိုင်ပါတယ်။
ဥပမာအားဖြင့် အစေ့အဆံများ (ဂျုံ၊စပါး)၊ ခီနွာ၊ ဆန်လုံးညို၊ဆန်ကြမ်း ဒါမှမဟုတ် ပြုပြင်ထားခြင်းနည်းပါးတဲ့ ဆန်၊ဂျုံ တို့ကို(အနည်းဆုံး ပန်းကန်ရဲ့ ၄ပုံ၁ပုံ) စားသုံးမယ်ဆိုရင် အချိန်ကြာမြင့်စွာဗိုက်ပြည့်စေမှာဖြစ်ပါတယ်။ သစ်သီးများ၊အရွက်များ နဲ့ အဆီနည်းသော အသားများ ဒါမှမဟုတ် သွေးတွင်းအချိုဓာတ်အညွှန်းကိန်းနည်းပါးတဲ့အစားအစာများကို ရွေးချယ်စားသောက်ပါ (GI Index- သွေးတွင်းဂလူးကိုစ့်ပမာဏ မြန်ဆန်စွာတက်စေသည့်အပေါ်မူတည်ပြီး ၁မှ၁၀၀ အထိသတ်မှတ်ချက်)။1, 6
မိမိရဲ့ သွေးတွင်းဂလူးကိုစ့် ပမာဏ ကိုထိန်းသိမ်းနိုင်ဖို့အတွက် အကူအညီလိုအပ်တယ်လို့ခံစားနေရမယ်ဆိုရင် အာဟာရဖြည့်စွက်စာများကိုလည်း သောက်သုံးနိုင်ပါတယ်။ ဖြည့်စွက်စာများက တစ်ခုနဲ့တစ်ခုမတူညီတဲ့အတွက် ဆီးချိုသွေးချိုရှိသူများအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ ဖြည့်စွက်စာများကိုသာ သုံးစွဲသင့်ပါတယ်။ ဥပမာ- အမေရိကန်နိုင်ငံရှိဆရာဝန်များ ထောက်ခံမှုအများဆုံး နံပါတ်(၁) ဖြစ်တဲ့ Glucerna# ကိုရွေးချယ်နိုင်ပါတယ်။ Glucerna ဟာဆီးချိုသွေးချိုရောဂါရှိသူများ ပိုမိုကောင်းမွန်တဲ့ အာဟာရဆိုင်ရာရွေးချယ်မှုများပြုလုပ်နိုင်ဖို့ ထုတ်လုပ်ထားတာဖြစ်သလို အဆင့်မြှင့်တင်ထားတဲ့ နောက်ဆုံးပေါ်ကစီဓာတ်စနစ်^ ပါဝင်ပြီး သွေးတွင်းအချိုဓာတ်အညွှန်းကိန်းနည်းတဲ့အတွက် ဆီးချိုသွေးချိုရှိသူများ မိမိရဲ့ သွေးတွင်းဂလူးကိုစ့်ပမာဏ ကို ထိရောက်စွာ ထိန်းညှိ*နိုင်မှာဖြစ်ပါတယ်။ အမျှင်ဓာတ်များစွာထည့်သွင်းထားသလို ဗီတာမင်နဲ့ သတ္တုဓာတ် ၂၈ မျိုး Myo inositol ၄ဆ~ (အင်ဆူလင်ရဲ့လုပ်ဆောင်မှုကို တူညီစွာဆောင်ရွက်ပေးတဲ့အရေးပါသော ကစီဓာတ်) ပါဝင်တဲ့ Glucerna ကို တစ်နေ့ ၂ ခွက်သောက်ရုံနဲ့ ၃ လအတွင်းမှာ သွေးတွင်း ဂလူးကိုစ့်ပမာဏ ထိန်းချုပ်++နိုင်ဖို့အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။ ကျန်းမာရေးအခြေအနေ အကောင်းမွန်ဆုံးဖြစ်လာပြီးဆိုရင် ဆီးချိုသွေးချိုရှိနေစေကာမူ မိမိကြိုက်နှစ်သက်ရာများကိုလုပ်ဆောင်ရင်း သာမန်လူနေမှုဘဝကဲ့သို့ နေထိုင်နိုင်မှာဖြစ်ပါတယ်။ နမူနာများရယူနိုင်ဖို့ Glucerna Myanmar
ကိုဒီနေ့ပဲဝင်ရောက်လေ့လာဖို့ဖိတ်ခေါ်ချင်ပါတယ်။5
References:
https://www.niddk.nih.gov/health-information/diabetes/overview/managing-diabetes/4-steps
https://www.webmd.com/diabetes/diabetes-lifestyle-tips
https://www.healthline.com/health/type-2-diabetes/facts-diabetes-alcohol#1.-Alcohol-interacts-with-diabetes-medications
https://www.webmd.com/diabetes/diabetes-and-caffeine
https://glucernamyanmar.com/eng/
https://abbottfamily.com.sg/glycemic-index
~ Compared to previous formula of Glucerna
# IQVIA, using the ProVoice Survey, fielded to 14,550 physicians from September 1, 2020 to August 31, 2021
^ Jenkins et al. Diabetologia. 1982
* Chee et al. BMJ Open Diabetes Res Care. 2017; Sun et al. Asia Pac J Clin Nutr. 2008.
++ Sun et al. Asia Pac J Clin Nutr. 2008.
Additional Readings:
https://glucernamyanmar.com/