ဆီးချိုသွေးချိုရှိသူများ Glucerna နဲ့ အတူ ကစီဓာတ်ရွေးချယ်ခြင်း
ကစီဓာတ်ရွေးချယ်စားသုံးခြင်းက ကောင်းသောရွေးချယ်ခြင်းလို့ဘာလို့ဆိုနိုင်တာလဲ။နောက်တစ်ခုက Glucerna မှာပါဝင်တဲ့ ပါဝင်ပစ္စည်းတွေဟာဘာကြောင့် ဆီးချိုသွေးချိုတွေရှိသူတွေအတွက် အထူးထုတ်လုပ်ထားသော အာဟာရများလို့ဆိုစေတာလဲ။ အဖြေကတော့ အထူးရောစပ်ထားတဲ့ ဖြည်းညင်းစွာချေဖျက်ရသော ကစီဓာတ်များပဲဖြစ်ပါတယ်။ အစားအသောက်များဟာ သဘာဝမှာရှိနေတဲ့သူတို့ရဲ့ ပုံသဏ္ဍာန်နဲ့ အနီးစပ်ဆုံးပြင်ဆင်ထားမယ်ဆိုရင် အာဟာရအများဆုံးကျန်ရှိနေမယ်လို့ဆိုပါတယ်။ကစီဓာတ်တိုင်းက တစ်ခုနဲ့တစ်ခု မတူပါဘူး။ သကြား၊ ကော်မှုန့် နဲ့ dietary fiber အမျှင်ဓာတ် စတာတွေအကုန်လုံးက ကစီဓာတ်ပဲဖြစ်တဲ့အတွက် တစ်ခုနဲ့တစ်ခုရဲ့ ကွာခြားချက်တွေကိုလေ့လာရင်း သွေးတွင်းဂလူးကိုစ့် ပမာဏအပေါ်သက်ရောက်မှုကိုလည်း လေ့လာရအောင်။ 1, 6
ကစီဓာတ်အမျိုးအစားများ
Complex Carbohydrates (ဖြည်းညင်းစွာချေဖျက်ရသော ကစီဓာတ်)
ဒီကစီဓာတ်အမျိုးအစားများဟာ အချိန်ကြာမြင့်စွာ ချေဖျက်ရပါတယ်၊ အဲဒီအတွက် သွေးထဲကို ဂလူးကိုစ့်ဝင်ရောက်မှုများစွာနှေးပါတယ်။ ပဲ၊ပြောင်း၊အာလူး၊သခွားမွှေး၊မုန်လာဥဝါ၊အုတ်(စ်)Oats နဲ့ အစေ့အဆံ (whole grain) တို့ဟာ ကောင်းမွန်တဲ့ complex ကစီဓာတ်တွေဖြစ်ပါတယ်။ ဒီအစားအစာတွေရဲ့ သဘာဝမူလပုံစံမှာ ဗီတာမင်တွေနဲ့ သတ္တုဓာတ်တွေ အများဆုံးပါဝင်ပြီး ဗီတာမင် B,E, အမျှင်ဓာတ်များ နဲ့ fatty acid များလည်းပါဝင်ပါတယ်။ အမျှင်ဓာတ်ဟာလည်း complex ကစီဓာတ်တစ်မျိုးပဲဖြစ်ပါတယ်။ ဒီဓာတ်ဟာ အပင်တွေဆီကရရှိပြီးတော့ ခန္ဓာကိုယ်ကမချေဖျက်နိုင်ပါဘူး၊ အစာခြေဖျက်ခြင်းလုပ်ငန်းစဉ်အတွက် အူလမ်းကြောင်းကလိုအပ်တဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်။ စားလိုက်တဲ့အချိန်မှာ မချေဖျက်နိုင်တဲ့အတွက် ကြာကြာ ဗိုက်ပြည့်နေစေပြီးတော့ သွေးတွင်း ဂလူးကိုစ့် ပမာဏကိုလည်း မတက်စေပါဘူး။ 2, 3
Simple Carbohydrates (မြန်ဆန်စွာချေဖျက်နိုင်သော ကစီဓာတ်)
ဒီအမျိုးအစားဟာတော့ မြန်မြန်ချေဖျက်ပြီး အလုပ်လုပ်တဲ့အတွက် သွေးတွင်းသို့ ဂလူးကိုစ့်များ မြန်မြန်ဆန်ဆန်ရောက်စေပါတယ်။စားပြီး ချက်ခြင်းဆိုသလိုပဲ အားအင်ပြည့်လာသလိုခံစားရပေမယ့် မကြာခင်မှာပဲ လေးလံလာပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ဒီအစားအစာတွေမှာ ကယ်လိုရီတွေပါပေမယ့် အာဟာရဓာတ်တွေမကျန်လို့ပဲဖြစ်ပါတယ်။ ရလဒ်အနေနဲ့ သင့်ခန္ဓာကိုယ်က စားပြီးပြီးခြင်းဖြစ်ပေါ်လာတဲ့ ခံစားမှုကို ပြန်တောင့်တနေမှာဖြစ်ပါတယ်။ ဆီးချိုသွေးချိုရှိသူတွေအတွက် ဒီလိုအစားအသောက်မျိုးဟာ မကောင်းပါဘူး၊ သွေးတွင်းဂလူးကိုစ့်ပမာဏ မြန်မြန်တက်စေပြီး၊ အချိန်ကြာမြင့်စွာတက်နေခြင်းက ဆီးချိုသွေးချိုအခြေအနေကို ပိုဆိုးစေပါတယ်(သွေးတွင်းဂလူးကိုစ့်ပမာဏ ထိန်းချုပ်မှုမရှိခြင်း)။ ဒီကစီဓာတ်အမျိုးအစားဟာ သကြားဖြူ ‘refined sugar’ (ဒါမှမဟုတ်) ပေါင်းထည့်ထားသောသကြား ‘added sugar’ လို့ရေးထားလေ့ရှိတဲ့အတွက် လွယ်ကူစွာသိရှိနိုင်မှာဖြစ်ပါတယ်။2, 3
Glucerna အာဟာရဖြည့်စွက်စာမှာပါဝင်တဲ့ ထူးခြားသော ကစီဓာတ်ပေါင်းစပ်မှုများ
တင်းကြပ်သောကန့်သတ်ချက်တွေပါတဲ့ စားသောက်မှုပုံစံဟာ ရေရှည်မခံနိုင်ပါဘူး။ ပြီးတော့ စားသုံးသူရဲ့ အသက်အရွယ်၊ကျားမ၊နေ့စဉ်လှုပ်ရှားမှုပမာဏ စတာတွေအပေါ်မူတည်ပြီး အကျိုးထိရောက်မှုတွေလည်းမတူကြပါဘူး။ အချုပ်အားဖြင့်ဆိုရရင် ဆီးချိုသွေးချိုရှိသူတစ်ယောက်ဟာ complex ကစီဓာတ်တွေပိုစားသုံးခြင်းဖြင့် အကျိုးများစွာရှိမှာဖြစ်ပြီး simple ကစီဓာတ်တွေကိုလည်း ချင့်ချိန်ပြီးတော့ စားသုံးလို့ရပါတယ်။2, 3
ဘာကြောင့် Glucerna က အမေရိကန်နိုင်ငံက ဆရာဝန်များထောက်ခံမှုအများဆုံး နံပါတ်(၁) ဆီးချိုသွေးချိုရှိသူများအတွက် ဖြည့်စွက်စာ# အဖြစ်ရပ်တည်နေနိုင်တာလဲ။ပထမဆုံးအချက်ကတော့ တစ်ခွက်ချင်းမှာ သွေးတွင်းအချိုဓာတ်အညွှန်းကိန်းနည်းအောင် သိပ္ပံနည်းကျဖော်စပ်ထုတ်လုပ်ထားတဲ့အတွက် သွေးတွင်း ဂလူးကိုစ့်ပမာဏကို မြန်မြန်မတက်စေပါဘူး။ ထုတ်လုပ်ထားတဲ့နည်းလမ်းမှာ အဆင့်မြင့်ပြီးနောက်ဆုံးပေါ်ဖြစ်တဲ့ ကစီဓာတ်စနစ်^^ ပါဝင်သလို Myo-inositol
၄ ဆ^ပါဝင်ပါတယ်။(Myo-inositol ဟာအင်ဆူလင်ရဲ့လုပ်ဆောင်မှုများအလားတူ လုပ်ဆောင်ပေးပြီးတော့ သွေးတွင်းဂလူးကိုစ့်ပမာဏ လျော့ကျစေပါတယ်)။4 အာဟာရမျှတခြင်းရဲ့ အရေးပါပုံကိုလည်း ထည့်သွင်းစဉ်းစားထုတ်လုပ်ထားတဲ့အတွက် ဗီတာမင်နဲ့ သတ္တုဓာတ် အရော ၂၈မျိုးပါဝင်ပါတယ်၊ပရိုတင်းများအပါအဝင် ဗီတာမင် A,B,C,D နဲ့ Eတို့ပါဝင်ပြီး ပင်ပန်းနွမ်းနယ်ခြင်း နဲ့ မောပန်းခြင်းတို့ကို တွန်းလှန်နိုင်မှာဖြစ်ပါတယ်။ စံသတ်မှတ်ထားသော ကျန်းမာသောစားသောက်မှုပုံစံ (Healthy Plate Model) (ပန်းကန်တစ်ချပ်ထဲမှာ သစ်သီးနှင့်အသီးအရွက် ၂ပုံ၁ပုံ၊ whole grain (ဂျုံ၊စပါး) ၄ပုံ၁ပုံ နှင့် ပရိုတိန်း ၄ပုံံ၁ပုံ) 5 နဲ့အတူ Glucerna ကိုသုံးစွဲမယ်ဆိုရင် စတင်စားသုံးတဲ့နေ့**ကတည်းက အကျိုးရှိမှာဖြစ်ပြီး သွေးတွင်းဂလူးကိုစ့်ပမာဏကို ထိန်းသိမ်း++နိုင်မှာဖြစ်ပါတယ်။ ကစီဓာတ် မှန်ကန်စွာရွေးချယ်နိုင်ဖို့ ၊ ဆီးချိုသွေးချို နဲ့အတူ ကျန်းမာစွာနေထိုင်နိုင်ဖို့အတွက် Glucerna Myanmar ကိုဒီနေ့ပဲဝင်ရောက်ကြည့်ရှုပြီး နမူနာများရယူဖို့ ပါဝင်လိုက်ပါ။ 6
References:
- https://abbottfamily.com.sg/articles/diabetes/carbs-smart#
- https://my.clevelandclinic.org/health/articles/15416-carbohydrates
- https://www.diabetes.org/healthy-living/recipes-nutrition/understanding-carbs/types-carbohydrates
- https://abbottfamily.com.sg/articles/diabetes/inositol
- https://www.hsph.harvard.edu/nutritionsource/healthy-eating-plate/
- https://glucernamyanmar.com/eng/
# IQVIA, using the ProVoice Survey, fielded to 14,550 physicians from September 1, 2020 to August 31, 2021
^ Compared to previous formula of Glucerna
^^ Jenkins et al. Diabetologia. 1982
** Glucerna has been shown to lower postprandial rises in blood glucose (Devitt et al. J Diabetes Res Clin Metab. 2012; Luo et al. J Diabetes Mellitus. 2012; Mottalib et al. Nutrients. 2016; Davila et al. Nutrients. 2019.)
++ Chee et al. BMJ Open Diabetes Res Care. 2017; Sun et al. Asia Pac J Clin Nutr. 2008.
Additional Readings: