ဆီးချိုသွေးချိုရှိသူများအတွက် သတိနှင့်စားပါ။

diabetes

ပုံမှန်ဖျားနာမှုများနှင့်မတူဘဲ ဆီးချိုသွေးချိုရှိသူများကို ချက်ချင်းပျောက်ကင်းအောင် ကုသနိုင်ဖို့ ဆေးဝါး မရှိသော်လည်း ကောင်းမွန်စွာနေထိုင်နိုင်ခြင်း မရှိသည်ဟု မဆိုလိုပါ။

သင်သည် သင်၏ဆီးချိုသွေးချိုကို ထိန်းညှိရန် အလေးအနက်ထားသောအခါ  ၎င်းသည် အစားအစာရွေးချယ်မှု တစ်ခုတည်းအတွက်မဟုတ်ပဲ သတိပြုရမည့်အချက်များစွာရှိသည်။

၁။ အစီစဉ်တစ်ခုချမှတ်ထားပါ။

လူများစွာတွင် ဆီးချိုသွေးချိုရောဂါရှိသော်လည်း ထိန်းညှိမှုနည်းလမ်းများသည် အစီအစဉ်အားလုံးနှင့် မကိုက်ညီပါ။ သင်၏သွေးတွင်းအချိုဓာတ် ပြောင်းလဲပုံ ပမာဏများနှင့် အကောင်းဆုံးပန်းတိုင် ပမာဏကို ရရှိရန် အစားအသောက်အစီအစဉ်အတွက် အာဟာရပညာရှင်နှင့်တိုင်ပင်ခြင်းသည် အကောင်းဆုံးဖြစ်သည်။ ကောင်းမွန်သောအစီအစဉ်တစ်ခုကို သင့်အိမ်၌ဖြစ်စေ၊ အလုပ်၌ဖြစ်စေ၊ ကော်ဖီဆိုင်နှင့် မိမိတို့ကြိုက်နှစ်သက်သည့်နေရာများကို အပန်းဖြေခရီးသွားသည့်တိုင် အလေ့အကျင့်လုပ်နိုင်ပါသည်။

၂။ စိတ်ဓာတ်ခိုင်မာပါစေ။

သင်သည် အစားအစာတစ်ခုမှ တစ်ခုသို့ တစ်သတ်မတ်တည်းမရှိပဲ ခဏခဏ ပြောင်းလဲခြင်းသည် ကိုယ်အလေးချိန်ပြန်တက်ခြင်း သို့မဟုတ် ဆီးချိုသွေးချို လက္ခဏာများကို ပိုမိုဆိုးရွားစေပါသည်။ ရေရှည်တည်တံ့ခိုင်မြဲစေရန် သင်သည် အပြည့်အဝအာရုံစိုက်ရန်လိုအပ်သည် သို့သော် သင့်အားလမ်းကြောင်းမှန်ပေါ်သို့ရောက်ရှိဖို့ ကူညီရန် နားလည်တတ်ကျွမ်းသူများ၊ မိသားစု သို့မဟုတ် သူငယ်ချင်းများထံ အကူအညီတောင်းရန် မကြောက်ရွံ့ပါနှင့်။ ဆီးချိုသွေးချိုရောဂါကို ထိန်းညှိခြင်းသည် တစ်သက်တာ လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး သင်ရနိုင်သော အကူအညီအားလုံးလိုအပ်သည်။

၃။ သူတစ်ပါးအတွက် အကျိုးရှိသောအရာသည် သင့်အတွက် အသုံးမဝင်နိုင်ပါ

အစာဖြတ်ခြင်းသည် ကိုယ်အလေးချိန်နှင့် ကိုလက်စထရောကို ထိန်းညှိရန် စံနှုန်းတစ်ခုကဲ့သို့ထင်ရသော်သည် ၎င်းသည် လူတိုင်းအတွက် အသုံးမဝင်နိုင်ပါ။ ၎င်းသည် သင်၏သွေးတွင်းအချိုဓာတ်ကို အလွန်ကျဆင်းစေခြင်း သို့မဟုတ် မြင့်တက်လာစေနိုင်ပြီး စနစ်တကျမပြုလုပ်ပါက သင်၏ခန္ဓာကိုယ်သည် အစားအစာများကို စားသုံးနေသော်လည်း ဆာလောင်ဖြစ်နေတတ်သည်။

၄။ အာရုံနောက်စရာများနှင့် အနှောက်အယှက်များကို မျှော်လင့်ထားပါ။

အာဟာရမျှတသော အစာစားသုံးခြင်းသည် သင်၏ဆီးချိုသွေးချိုကို ထိန်းညှိခြင်းနှင့် ပတ်သတ်၍ အမှန်တကယ် ဖြစ်သည်။ ဒါပေမယ့် သင်သည် ပါဝင်ပစ္စည်းများကို သုံးခွင့်ကန့်သတ်ခြင်း၊ မကြာခဏသွားလာခြင်း သို့မဟုတ် အလုပ်ချိန်ကြာမြင့်ခြင်းကဲ့သို့ အနှောင့်အယှက်များကြုံရနိုင်သည်။ သံသယရှိပါက သင်၏သွေးတွင်းအချိုဓာတ်ကို စစ်ဆေးပြီး သွေးတွင်းအချိုဓာတ် သတ်မှတ်အဆင့်သို့ ရောက်ရှိရန် နောက်ထပ်စားသုံးမည့် အစားအစာကို ချိန်ညှိစားသုံးပါ။ အခါအားလျော်စွာသင်လုပ်နိုင်သည်။ အရသာရှိသော အစားအစာများသည် အာဟာရတန်ဖိုး ပါဝင်မှုနည်းသော်လည်း ကယ်လိုရီများတတ်သည်။ သင်၏အစီအစဉ်တွေကို လွယ်လွယ်ကူကူ အနှောင့်အယှက်ဖြစ်သွားသည်ဟု ခံစားရပါက ပိုမိုကောင်းမွန်သောလုပ်ဆောင်ချက်တစ်ခုအတွက် အာဟာရပညာရှင်နှင့် တိုင်ပင်သင့်ပါသည်။

၅။ အစားလျှော့ပြီး ဝိတ်ချခြင်းကို ရှောင်ပါ။

လူအများစုက အတိုင်းအတာနှင့် စားသုံးရသော ကိုယ်အလေးချိန်ကျစေသော အစားအစာများသည် အရသာမရှိသောကြောင့် ၎င်းတို့ အကြိုက်ဆုံးအစားအစာများသည် အကတ်အသတ်မဲ့ဖြစ်လာမည်ဟု ထင်မြင်လေ့ရှိကြသည်။ ကျန်းမာရေးနှင့်ညီညွတ်သော ဆီးချိုသွေးချိုရှိသူများအတွက် အစားအစာသည် သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များ၊ အစေ့အဆံများ၊ ပရိုတင်းများ၊ နို့ထွက်ပစ္စည်းများ၊ ကျန်းမာသောအဆီများဖြင့် အဆုံးမရှိပေါင်းစပ်ထားပြီး အရသာမရှိပါ။ အမျိုးမျိုးသော ပင်ပန်းမှုများကို ဖြေရှင်းရန် အစီအစဉ်တစ်ခုထားရှိပြီး သင်၏အကြိုက်ဆုံးအရာများကို ထည့်သွင်းပါ။ ဥပမာအားဖြင့် ကြက်သားတို့ဖူးကင်၊ ပဲကတ်သလိတ် သို့မဟုတ် ဟင်းသီးဟင်းရွက်အပြားကြော်

တို့ဖြင့် ပြောင်းလဲနိုင်သည်။ အစားအစာများနှင့်အတူ သင်၏ကိုယ်လက်လှုပ်ရှားမှုကို တိုးလုပ်ခြင်းသည် သင်၏ဆီးချိုသွေးချိုကို ကောင်းမွန်စွာထိန်းညှိရန် ထောက်ပံ့ပေးပါလိမ့်မည်။

အကယ်၍ သင်ပျောက်ဆုံးနေသော အာဟာရများကို ရရှိရန် တစ်ခုခုလိုအပ်နေသည်ဟု သင်ခံစားနေရပါက အာဟာရဖြည့်စွက်စာများကို ရွေးချယ်စရာတစ်ခုအဖြစ် တွေ့မြင်နိုင်သည်။ဖြည့်စွက်အာဟာရတစ်ခုဖြစ်သည့် Glucerna ကဲ့သို့အာဟာရဖြည့်စွက်စာသည် သွေးတွင်းအချိုဓာတ်အညွှန်းကိန်းနည်းသော ဖော်မြူလာ ဖြင့်ထုတ်လုပ်ထားပြီး တစ်ခွက်စာတိုင်းတွင် ကြွယ်ဝသောပရိုတင်း၊ အမျှင်ဓာတ်၊ ဗီတာမင်နှင့် သတ္တုဓာတ် ၂၈ မျိုး ပါဝင်သောကြောင့် ဆီးချိုသွေးချိုရှိသူများ၏ လိုအပ်သော အာဟာရများကို ဖြည့်ဆည်းပေးပြီး အာဟာရပန်းတိုင်ကို ရောက်ရှိအောင် ကူညီပေးပါသည်။

 References:

  1. https://abbottfamily.com.sg/articles/diabetes/mindful-eating-for-success#
  2. https://www.endocrineweb.com/conditions/diabetes/diabetes-diet-best-way-eat-type-2-diabetes
  3. https://glucerna.ca/en/products

 

      1.