ကိုယ်ရေးအချက်အလက်မူဝါဒ

ယခုထုတ်ပြန်သော Abbott Laboratories Company Limited ၏ ကိုယ်ရေးအချက်အလက်မူဝါဒသည် မြန်မာနိုင်ငံတွေနေထိုင်သော မြန်မာနိုင်ငံသားအားလုံးအတွက် အကျုံးဝင်ပါသည်။ အခြားနိုင်ငံသားဖြစ်ပါက သက်ဆိုင်ရာ အချက်အလက်အတွက်  [popup_trigger id=” 4490″]click here [/popup_trigger] ကိုနှိပ်ပါ။

ယခု ကိုယ်ရေးအချက်အလက်မူဝါဒသည် Abbott အဖွဲ့အစည်း (လက်အောက်ခံအဖွဲ့အစည်းများအားလုံးနှင့် စီးပွားဖက်အဖွဲ့အစည်းများအားလုံး) မှ ဦးစီးပြုလုပ်သော စည်းကမ်းချက်များဖြစ်ပြီး လူကြီးမင်းထည့်သွင်းသောအချက်အလက်များကို အသုံးပြုပုံများအား ဖော်ပြထားခြင်း ဖြစ်ပါသည်။

ဤ ကိုယ်ရေးအချက်အလက်မူဝါဒသည် အင်တာနက်အသုံးပြုခြင်းမရှိဘဲ ကောက်ယူထားသော ကိုယ်ရေးကိုယ်တာ အချက်အလက်များ၊ မြန်မာနိုင်ငံ မှလွဲ၍ အခြားနိုင်ငံများမှ နေထိုင်သူများနှင့် / သို့မဟုတ် Abbott ဆက်သွယ်နိုင်သော အခြားသောအဖွဲ့အစည်းဝက်ဘ်ဆိုက်များနှင့် သက်ဆိုင်ခြင်းမရှိပါ။

လူကြီးမင်းအသုံးပြုသည့် ကိုယ်ရေးအချက်အလက်မူဝါဒနှင့် ဆက်စပ်နေသည့် Abbott ၏ဝန်ဆောင်မှုများအတွက် အကျုံးဝင်ပါသည်။

ကျွန်ုပ်တို့ထံသို့ လူကြီးမင်း၏ ကိုယ်ရေးအချက်အလက်များမပေးပို့မီ (သို့မဟုတ်) ဝက်ဘ်ဆိုက်ဝန်ဆောင်မှုများအသုံးမပြုမီ ဤ ကိုယ်ရေးအချက်အလက်မူဝါဒကို သေချာစွာ ဖတ်ရှုပါ။

၁) ဤ ကိုယ်ရေးအချက်အလက်မူဝါဒသည် ကိုယ်ရေးအချက်အလက်ကို မည်သို့မည်ပုံအသုံးပြုသည်ကို ဖော်ပြခြင်းဖြစ်သည်။

“ကိုယ်ရေးအချက်အလက်” ဆိုသည်မှာ သင်ကိုယ်တိုင် (သို့မဟုတ်) သင်နှင့်ပတ်သက်သော အချက်အလက်များကို အတည်ပြုခွဲခြားသတ်မှတ်ရန်နှင့် ပေးပို့ရန်/သို့မဟုတ်  Abbott ဝက်ဘ်ဆိုက်မှကောက်ယူပြီး လိုအပ်သည့်အချိန်တွင်အသုံးပြုရန် Abbott မှထိန်းသိမ်းထားခြင်းဖြစ်သည်။ ဥပမာ – သင်၏ကိုယ်ရေးအချက်အလက်များဖြစ်သည့် နာမည်၊ အီးမေးလ်လိပ်စာနှင့် ဖုန်းနံပါတ်တို့ကို မှတ်သားပေးထားခြင်းမျိုးဖြစ်သည်။

 

(၂) Abbott မှ ကိုယ်ရေးအချက်အလက်များကို အင်တာနက်မှတစ်ဆင့် မည်ကဲ့သို့ ကောက်ယူပါသနည်း။

Abbott မှ နည်းလမ်း (၂)မျိုးအသုံးပြု၍ ကိုယ်ရေးအချက်အလက်များကို ကောက်ယူပါသည်။

  • Abbott ဝက်ဘ်ဆိုက်၏ information box မှတစ်ဆင့် ထည့်သွင်းအတည်ပြုထားသော ကိုယ်ရေးအချက်အလက်များကို ကောက်ယူပါသည်။ ဥပမာ – လူကြီးမင်း၏အမည်၊ ပေးပို့ရန်လိပ်စာနှင့် အီးမေးလ်လိပ်စာနှင့်/သို့မဟုတ် အရောင်းကိုယ်စားလှယ်များမှကောက်ယူထားသော (သို့မဟုတ်) Abbott ၏ သုတေသန Survey မေးခွန်းများမှတစ်ဆင့် Abbott ၏မတူညီသော ပရိုဂရမ်များမှတစ်ဆင့်လိုအပ်သည့် ကိုယ်ရေးအချက်အလက်များ။

    လူကြီးမင်း၏ ကိုယ်ရေးအချက်အလက်များလုံခြုံမှုအတွက် မလိုအပ်သည့် ကိုယ်ရေးအချက်အလက်များကို ထည့်သွင်းရေးသားခြင်းမပြုလုပ်သင့်ပါ။

  • တုံ့ပြန်အတည်ပြုချက်မရမချင်း ကောက်ယူထားသော အချက်အလက်များကို အတည်ပြုမည်မဟုတ်ပါ။ Abbott ဝက်ဘ်ဆိုက်မှတစ်ဆင့် ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ကြည့်ရှုသူများ၏ ပေးပို့ရန်ရည်ရွယ်ထားခြင်းမရှိသည့် အချက်အလက်များကို စုဆောင်းကောင်း စုဆောင်းနိုင်သည်။

    Cookies၊ internet tags နှင့် web bacons အစရှိသည့် အမျိုးမျိုးသော နည်းပညာများကို အသုံးပြု၍ အတည်မပြုထားသည့် ကိုယ်ရေးအချက်အလက်များ စုဆောင်းမိခြင်းကိုဆိုလိုသည်။ Abbott ဝက်ဘ်ဆိုက်မှတစ်ဆင့် ဝင်ရောက်ကြည့်ရှုသော ဝက်ဘ်ဆိုက် URL နှင့် ကွန်ပျူတာတွင်ထည့်သွင်းထားသော Browser version များအပေါ်မူတည်၍  အတည်မပြုထားသည့် အင်တာနက် Browser များမှ အချက်အလက်များကို အလိုအလျောက် ပေးပို့သောကြောင့်ဖြစ်သည်။

    အပြန်အလှန် အချက်အလက်ကောက်ယူသည့် နည်းပညာ (Interactive data collection technology) ကြောင့် အသုံးပြုသူများအနေဖြင့် ဝက်ဘ်ဆိုက်အားပိုမိုလွယ်ကူစွာ ဝင်ရောက်ကြည့်ရှုနိုင်ပြီး Abbott မှ ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများကို ပေးနိုင်ခြင်းဖြစ်သည်။ ဝက်ဘ်ဆိုက် စိတ်ကြိုက်ပြင်ဆင်ခြင်းသည် အသုံးပြုသူ၏ အကြိုက်၊ အချက်အလက်များကောက်ယူခြင်း၊ trend များကို ခွဲခြမ်းစိတ်ဖြာခြင်းတို့အပေါ်မူတည်ပြီး Abbott ဝက်ဘ်ဆိုက်နှင့် အချို့သော ဝက်ဘ်ဆိုက်အချက်အလက်များကို တိုးတက်အောင်ပြုလုပ်ခြင်းကိုလည်း အပြန်အလှန်အချက်အလက်ကောက်ယူသည့်နည်းပညာ (Interactive data collection technology) အသုံးပြု၍ လုပ်ဆောင်ခြင်းဖြစ်သည်။

    အဆိုပါနည်းပညာများမှ စုဆောင်းရရှိထားသော သတင်းအချက်များမှတစ်ဆင့် (အခြားသော သတင်းအချက်အလက်အထောက်အထားများ ထည့်သွင်းထားခြင်းမရှိပါက) သင့်အားအသိအမှတ်ပြုနိုင်ခြင်းမရှိပါ။

(၃) မည်သည့်အခြေအနေမျိုးမှာ Abbott မှ သင်၏ကိုယ်ရေးအချက်အလက်များကို အသုံးပြုခွင့်ရှိပါသနည်း။

Abbott ဝက်ဘ်ဆိုက်၏ Information Box မှတစ်ဆင့် လူကြီးမင်းတို့ကိုယ်တိုင် ဖြည့်သွင်းရေးသားသောအချက်အလက်များအား လူကြီးမင်းတို့သိရှိလိုသော မေးခွန်းများကို ဖြေဆိုရန်နှင့် ပြည့်စုံသောဝန်ဆောင်မှုများ ပေးအပ်နိုင်ရန်အတွက်သာ အသုံးပြုခြင်းဖြစ်ပါသည်။

Abbott အနေဖြင့် လူကြီးမင်းရဲ့ ကိုယ်ရေးအချက်အလက်များကို “မှတ်မိစေရန်” မှတ်သားထားသည့်နည်းပညာဖြင့် သင်ဝင်ကြည့်လေ့ရှိသည့် ကဏ္ဍခွဲများကို မှတ်သားထားခြင်းမျိုး ပြုလုပ်ထားမည်ဖြစ်သည်။ လူကြီးမင်းအနေဖြင့် User ID ကိုအသုံးပြုဖို့ ရွေးချယ်ပါက ကျွန်ုပ်တို့အနေဖြင့် အဆိုပါကိုယ်ရေးအချက်အလက်များကို လူအများမြင်နိုင်သည့်အချက်အလက်များဖြစ်သည့် Abbott ၏ဝန်ဆောင်မှုများ၊ Abbott ၏ ထုတ်ကုန်အသစ်များအတွက် Survey များ (သို့မဟုတ်) အထူးပရိုမိုးရှင်းများအား အကြောင်းကြားခြင်းသကဲ့သို့သော လုပ်ငန်းသုံးများအတွက် အသုံးပြုသွားမည်ဖြစ်သည်။

(၄) Abbott မှ သင်နှင့်ပတ်သက်သော အချက်အလက်များကို ကောက်ယူပါသလား။

Abbott မှ Abbott ဝက်ဘ်ဆိုက်ကိုအသုံးပြု၍ အသုံးပြုသူ လူကြီးမင်းများ၏ ကိုယ်ရေးအချက်အလက်များကို ကောက်ယူခြင်းဖြစ်ပါသည်။ Abbott သည် ထိုအချက်အလက်များကို ဝက်ဘ်ဆိုက်ဒီဇိုင်းကို ပိုမိုကောင်းမွန်စေရန်အတွက် အသုံးပြုပါသည်။ ထို့အပြင် ကောက်ယူရရှိသည့် အချက်အလက်များကို Abbott ၏ ထုတ်ကုန်များပိုမိုကောင်းမွန်စေရန်နှင့် ဈေးကွက်လေ့လာရေးပရိုမိုးရှင်းများအတွက်သာမက အခြားသော စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုများ ပိုမိုကောင်းမွန်စေရန်အတွက်လည်း အသုံးပြုပါသည်။

(၅) Abbott ၏ ကိုယ်ရေးအချက်အလက်များ ကောက်ယူစုဆောင်းခြင်းနှင့် အသုံးပြုခြင်းအတွက် မည်ကဲ့သို့ ရွေးချယ်ပိုင်ခွင့်များ ရှိပါသနည်း။

လူကြီးမင်းအနေဖြင့် လူကြီးမင်းထံမှ Abbott အနေဖြင့် လက်ခံရရှိမည့် အချက်အလက်များဖြစ်သည့် အကြိမ်အရေအတွက်နှင့် ကိုယ်ရေးအချက်အလက် အမျိုးအစားကို ပုံစံတွင်ထည့်သွင်းခွင့်မပြုဟု ရွေးချယ်ခြင်း (သို့မဟုတ်) Abbott ဝက်ဘ်ဆိုက်၏ information box မှတစ်ဆင့် သတ်မှတ်ခွင့်ရှိပါသည်။ အချို့သောအွန်လိုင်းဝန်ဆောင်မှုများသည် လူကြီးမင်း၏ ကိုယ်ရေးအချက်အလက်များ မဖြစ်မနေထည့်သွင်းမှသာ ဝန်ဆောင်မှုရရှိနိုင်မည်ဖြစ်သည်။ Abbott ဝက်ဘ်ဆိုက်၏အခြားသော ကဏ္ဍခွဲများတွင်လည်း လူကြီးမင်းအနေဖြင့် အချက်အလက်များ မထည့်ဘဲချန်ထားနိုင်သည် (သို့မဟုတ်)  ပရိုမိုးရှင်းအခွင့်အရေးများနှင့် အခြားသော စိတ်ဝင်စားမည့် အချက်အလက်များကိုသာ ရယူမည့်စာရင်းတွင် ထည့်သွင်းထားနိုင်ပါသည်။

လူကြီးမင်းအနေဖြင့် အသေးစိတ်ဦးစားပေး (သို့မဟုတ်) ဦးစားပေး box ထဲတွင် Abbott ဝက်ဘ်ဆိုက်မှ ခြေရာခံနည်းပညာများဖြစ်သည့် cookies ကဲ့သိုသော ကိုယ်ရေးအချက်အလက်များ၊ အသုံးပြုသူအမည်၊ အီးမေးလိပ်စာတို့ကို  “မှတ်မိနေစေရန်” ရွေးချယ်ခွင့်ရှိပါသည်။ မည်သို့ပင်ဆိုစေကာမူ ရှာဖွေတွေ့ရှိခြင်း မပြုနိုင်သော သတင်းအချက်အလက်များကို စုဆောင်းရန်ခြေရာခံသည့် နည်းပညာအား အသုံးပြုသော Abbott ၏ ဝက်ဘ်ဆိုက်သည် အင်တာနက်ခြေရာခံသည့် နည်းပညာကိုဖယ်ထုတ်ရန် အမြဲတမ်းရွေးချယ်ခွင့် မပေးပါ။ အချို့သော browser များကမူ သင့်အား အမည်ဝှက်အချက်အလက်များကို စုဆောင်းပေးသောခြေရာခံသည့် နည်းပညာကိုကန့်သတ်ရန် (သို့မဟုတ်) ပိတ်ထားရန်ခွင့်ပြုသည်။

(၆) လူကြီးမင်း၏ ကိုယ်ရေးအချက်အလက်များကို မည်သူက လက်ခံအသုံးပြုမည်နည်း။

ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိုယ်ရေးကိုယ်တာအချက်အလက်များအား သတ်မှတ်ထားသည့် Abbott ဝန်ထမ်းများ၊ Abbott နှင့်ပူးပေါင်း၍ စီမံကိန်းများပြုလုပ်ထားသော ကုမ္ပဏီများ၊ Abbott ၏လှုပ်ရှားမှုများတွင်ပါဝင်ရန် စာချုပ်ချုပ်ဆိုထားသော တစ်ဦးချင်းစီနှင့် အဖွဲ့အစည်းများမှ ရယူနိုင်ပါသည်။

ကျွန်ုပ်တို့သည် အသုံးပြုသူများ၏ သတင်းအချက်အလက်များအား လုံခြုံစေရန်၊ ကောင်းမွန်စွာထိန်းသိမ်းနိုင်ရန်နှင့် ကိုယ်ရေးကိုယ်တာလုံခြုံရေး၏ အရေးကြီးပုံများကို ဝန်ထမ်းများအား လေ့ကျင့်သင်ကြားလျက်ရှိပါသည်။ အကယ်၍ အခြားကုမ္ပဏီများနှင့် စီမံကိန်းများတွင် လူကြီးမင်းတို့၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို လိုအပ်လာပါက Abbott မှလူကြီးမင်းတို့အား အသိပေးအကြောင်းကြား သွားမည်ဖြစ်ပါသည်။ ထပ်မံ၍ Abbott မှ စာချုပ်ချုပ်ဆိုထားသောကုမ္ပဏီများအား လူကြီးမင်းတို့၏ ကိုယ်ရေးကိုယ်တာအချက်အလက်များအား လျှို့ဝှက်ထိန်းသိမ်းရန်နှင့် Abbott ၏လုပ်ငန်းများတွင်သာအသုံးပြုရန် တိုက်တွန်းထားလျက်ရှိပါသည်။

(၇) Abbott မှ ကိုယ်ရေးအချက်အလက်များကို အခြားသောအဖွဲ့အစည်းများနှင့် မျှဝေခြင်း ပြုလုပ်ပါသလား။

ယေဘုယျ စည်းမျဉ်းစည်းကမ်းအနေဖြင့် Abbott သည် လူကြီးမင်းတို့၏ ကိုယ်ရေးကိုယ်တာအချက်အလက်များအား ပူးပေါင်းစီမံကိန်းများ၊ စီမံကိန်းအကောင်အထည်ဖေါ်မှုများနှင့် စာချုပ်ပါပုဂ္ဂိုလ်၏ လှုပ်ရှားမှုအစီအစဉ်များအတွက် လိုအပ်ချက်များမှလွဲ၍ အခြားသောအဖွဲ့အစည်းများသို့ မျှဝေခွင့်မပြုပါ။

Abbott ၏ဥပဒေအရ လူကြီးမင်းအနေဖြင့်ရွေးချယ်ရန် (သို့မဟုတ်) ရွေးချယ်ရန်အခွင့်အလမ်းမရှိတော့ပါက ဈေးကွက်ချဲ့ထွင်ရေးရည်ရွယ်ချက်အတွက်  ကိုယ်ရေးကိုယ်တာအချက်အလက်များအား အခြားသောအဖွဲ့အစည်းများသို့ ထုတ်ဖေါ်ပြသခြင်းအား ခွင့်ပြုပေးရမည်ဖြစ်သည်။

သို့သော်လည်း Abbott ၏ ကုန်ပစ္စည်းအရောင်းဌာန (သို့မဟုတ်) အခြားသောကုမ္ပဏီ၏အပိုင်းများမှ ဝန်ဆောင်မှုနှင့် အချက်အလက်များပေးစွမ်းနိုင်သော ဝယ်ယူသူများထံသို့ လူကြီးမင်း၏ ကိုယ်ရေးကိုယ်တာအချက်အလက်များအား လွှဲပြောင်းပေးနိုင်ပါသည်။

အကယ်၍ Abbott သည် လူကြီးမင်း၏ ကိုယ်ရေးကိုယ်တာအချက်အလက်များအား ကျွန်ုပ်တို့၏စီးပွားရေးလုပ်ငန်းတွင် အထောက်အကူပြုလျက်ရှိသော လူပုဂ္ဂိုလ် (သို့) အဖွဲ့အစည်းများသို့ လွှဲပြောင်းပေးအပ်ပါက လက်ခံရရှိသည့် လူပုဂ္ဂိုလ် (သို့) အဖွဲ့အစည်းသည် လူကြီးမင်း၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို လျှို့ဝှက်တည်ငြိမ်စွာ ထိန်းသိမ်းခြင်းအား လုပ်ပိုင်ခွင့်ပြုခြင်းဖြစ်ပြီး အဆိုပါ ကိုယ်ရေးကိုယ်တာအချက်အလက်များအား Abbott ၏လုပ်ငန်းများအတွက်သာ အသုံးပြုမည်ဖြစ်ပါသည်။

တရားဝင်အစိုးရအကြီးအကဲများမှ ဥပဒေအရလိုအပ်လာချိန် (သို့မဟုတ်) အမျိုးသားလုံခြုံရေးနှင့်ပတ်သက်သည့် အခြေအနေမျိုးတွင် သတင်းအချက်အလက်များတောင်းယူခွင့်ရှိသည့် အစိုးရအဖွဲ့အစည်းများမှတောင်းဆိုလာပါက Abbott သည် လူကြီးမင်း၏ကိုယ်ရေးကိုယ်တာအချက်အလက်များအား ထုတ်ဖေါ်ပြသနိုင်ခွင့်ရှိသည်။

(၈) Abbott သည် ကိုယ်ရေးအချက်အလက်များကို မည်ကဲ့သို့ ကောက်ယူပါသနည်း။

Abbott သည် လူကြီးမင်း၏ ကိုယ်ရေးကိုယ်တာအချက်အလက်များ လုံခြုံစွာစုဆောင်းထားသော ဝက်ဘ်ဆိုက်တစ်ခုချင်းစီ၏ အချက်အလက်များကို ထိန်းသိမ်းထားပါသည်။ သို့သော်လည်း အင်တာနက်မှတစ်ဆင့် လျှို့ဝှက်ထိန်းချုပ်ထားသော ကိုယ်ရေးအချက်အလက်များ ယိုစိမ့်ပေါက်ကြားမှုများအား အာမခံနိုင်ခြင်းမရှိပါ။ လူကြီးမင်း၏ ကိုယ်ရေးကိုယ်တာအချက်အလက်များအား အင်တာနက်မှတစ်ဆင့်လွှဲပြောင်းပေးအပ်ခြင်းတွင် အမြဲသတိပြုကာကွယ်နိုင်ပါရန် Abbott အနေဖြင့် မေတ္တာရပ်ခံတိုက်တွန်းအပ်ပါသည်။

အထူးသဖြင့် ကျန်းမာရေးနှင့်ဆိုင်သော ကိုယ်ရေးကိုယ်တာအချက်အလက်များတွင် လုပ်ပိုင်ခွင့်မရှိသော အခြားသောအဖွဲ့အစည်းများမှ လူကြီးမင်း၏ကိုယ်ရေးကိုယ်တာအချက်အလက်များအား ရယူခွင့်ရရှိသွားနိုင်သည်ဖြစ်သဖြင့် Abbott အနေနှင့် အာမခံချက်ပေးထားနိုင်ခြင်းမရှိပေ။ ထို့ကြောင့် Abbott ၏ ဝက်ဘ်ဆိုက်တွင် ကိုယ်ရေးကိုယ်တာအချက်အလက်များအား ထည့်သွင်းပါက လူကြီးမင်းအနေဖြင့် ကောင်းကျိုးများနှင့်အတူ အနည်းငယ်သောဆိုးကျိုးများကိုပါ ချင့်ချိန်တွက်ဆသင့်ပါသည်။

ထပ်မံ၍ ကိုယ်ရေးကိုယ်တာလုံခြုံမှု မူဝါဒကို အလေးထားသည့် Abbott ၏ဝက်ဘ်ဆိုက်အားချိတ်ဆက်မည်ဆိုပါက မည်သည့်အချိန်တွင်မဆို သတိပေးချက်တစ်ရပ်ထွက်ပေါ်လာမည်ဖြစ်ပြီး ၎င်းသတိပေးချက်သည် Abbott ၏ထိန်းချုပ်မှုအောက်မှ မဟုတ်သကဲ့သို့ Abbott ၏ ကိုယ်ရေးကိုယ်တာလုံခြုံမှု မူဝါဒအောက်မှလည်း ထုတ်ပြန်ထားခြင်းမရှိပေ။ လူကြီးမင်းအနေဖြင့် ကိုယ်ရေးကိုယ်တာအချက်အလက်များအား မဖြည့်သွင်းမီ အဆိုပါပြင်ပဝက်ဘ်ဆိုက်များ၏ ကိုယ်ရေးကိုယ်တာလုံခြုံမှု မူဝါဒများအား လေ့လာကြည့်ရန် အကြံပေးလိုပါသည်။

Privacy Settings
We use cookies to enhance your experience while using our website. If you are using our Services via a browser you can restrict, block or remove cookies through your web browser settings. We also use content and scripts from third parties that may use tracking technologies. You can selectively provide your consent below to allow such third party embeds. For complete information about the cookies we use, data we collect and how we process them, please check our Privacy Policy
Youtube
Consent to display content from - Youtube
Vimeo
Consent to display content from - Vimeo
Google Maps
Consent to display content from - Google