အသုံးပြုမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ

အောက်ပါ အကြောင်းအရာများသည် မြန်မာနိုင်ငံတွင် နေထိုင်သူများအတွက်သာ အကျုံးဝင်သည်။ တခြားနိုင်ငံတွင် နေထိုင်သူဖြစ်ပါက သက်ဆိုင်ရာအချက်အလက်များအတွက် ဒီနေရာကို [popup_trigger id=” 4486″]click here [/popup_trigger] နှိပ်ပါ။

Abbott မှ သင်ဝင်ကြည့်နေသော ဝက်ဘ်ဆိုက် (Site URL) နှင့် တခြား လိုအပ်သည့် အချက်အလက်နှင့် အခြေအနေများအား လိုက်နာရမည်ဖြစ်ပြီး သင့်အား အကြောင်းကြားခြင်းမရှိပဲ ပြန်လည်ပြင်ဆင်နိုင်သည်။ ဝက်ဘ်ဆိုက်အား အသုံးပြု ချိတ်ဆက်သည်နှင့် အသုံးပြုမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအား နားလည်သဘောပေါက်ပြီးကြောင်း အတည်ပြုလက်ခံပြီးဖြစ်သည်ဟု ယူဆသဖြင့် အမျိုးမျိုးသော အသေးစိတ် အချက်အလက်များဖြစ်သည့် Abbott မှ ကိုယ်ရေးအချက်အလက် မူဝါဒများနှင့် ယခု အသုံးပြုမှုဆိုင်ရာ စည်းမျဥ်းစည်းကမ်းများအား အချိန်မရွေးပြန်လည် ပြင်ဆင်နိုင်ခွင့်ရှိသည်။

ထို့ကြောင့် သင်သည် ဖြစ်ပေါ်လာနိုင်သော အပြောင်းအလဲများကို သတိပြုရန်အတွက် အသုံးပြုမှုဆိုင်ရာ စည်းမျဥ်းစည်းကမ်းများအား အခါအားလျော်စွာ ပြန်လည်သုံးသပ်ရမည်။ ပြောင်းလဲမှုသတ်မှတ်ချက်များနှင့် အခြေအနေများအား ကြေညာပြီးနောက် ဝက်ဘ်ဆိုက် ကို အသုံးပြုပါက အဆိုပါအပြောင်းအလဲများကိုလက်ခံသည်ဟု အဓိပ္ပာယ်သတ်မှတ်သည်။ အသုံးပြုမှုဆိုင်ရာ စည်းမျဥ်းစည်းကမ်းများကို လက်မခံပါက (အချိန်နှင့်အမျှ ပြောင်းလဲချက်များ သို့မဟုတ် ဝက်ဘ်ဆိုက် အသုံးပြုခြင်းအား စိတ်တိုင်းမကျခြင်း) ယခု ဝက်ဘ်ဆိုက် အသုံးပြုခြင်းအား ရပ်တန့်သင့်ကြောင်း အကြံပေးပါသည်။

၁. ကိုယ်ရေးကိုယ်တာ အချက်အလက်များအား ကိုယ်ရေးအချက်အလက် မူဝါဒအဖြစ် ပြောင်းလဲပုံ

ဤအရာကို သိရှိသဘောပေါက် လက်ခံသည် –

  • Abbott ဝက်ဘ်ဆိုက်များကို အသုံးပြုခြင်းအားဖြင့်၊ Abbott ဝက်ဘ်ဆိုက်များ သို့မဟုတ် ဆာဗာများပေါ်တွင် တင်ထားသော အီလက်ထရောနစ်ဆိုင်ရာအချက်အလက်များကို အနှောင့်အယှက်မပြုရန် သဘောတူသည်။ Abbott ဝက်ဘ်ဆိုက်၏ လုံခြုံရေးအချက်အလက်များအား ရှောင်ရှားမှုကို မကြိုးပမ်းရန်နှင့် အခြားသောသက်ဆိုင်သည့်ပြည်တွင်း၊ ပြည်နယ်၊ ဖက်ဒရယ်နှင့် နိုင်ငံတကာဥပဒေများ နှင့် စည်းမျဉ်း စည်းကမ်းအား လိုက်နာရန်လည်း သဘောတူသည်။
  • Abbott Laboratories အနေဖြင့် ယခု ဝက်ဘ်ဆိုက်တွင် တင်သော အချက်အလက်နှင့် အကြောင်းအရာများ ပတ်သက်ပြီး တာဝန်ယူအာမခံမည် မဟုတ်ပါ။ Abbott Laboratories အနေဖြင့် ပုံ (သို့မဟုတ်) စာဖြင့် ထင်မြင်ချက်များ နှင့် အာမခံချက်များ၊ ကူးသန်းရောင်းဝယ်ရေး စာချုပ်စာတမ်းများ၊ စီးပွားရေးဆိုင်ရာများ ချိုးဖောက်မှုများ၏ တာဝန်ယူမှုအပိုင်းပေါ် ငြင်းပိုင်ခွင့်ရှိသည်။ မည်သည့်အဖြစ်အပျက်၏ ပျက်ဆီးဆုံးရှံးမှုများအတွက် Abbott မှ တာဝန်ယူမည် မဟုတ်ပါ။ တိုက်ရိုက် သို့ သွယ်ဝိုက် ဖြစ်ပေါ်သော အကန့်အသတ်မရှိ ပျက်စီးဆုံးရှုံးမှုများ တခြား အကျိုးဆက်များ (အမြတ်ဆုံးရှုံးခြင်းများ အပါအဝင်) သို့မဟုတ် မတော်တဆ ထိခိုက်မှုမှ ရလဒ်များ သို့မဟုတ် ဝက်ဘ်ဆိုက်ကို ချိတ်ဆက်အသုံးပြုခြင်းများ ပါဝင်သည်။။ Abbott Laboratories အနေဖြင့် အင်တာနက် သို့မဟုတ် ဝက်ဘ်ဆိုက်ပေါ်တွင် တင်ထားသော အချက်အလက်များပေါ် မူတည်ပြီး ပျက်ဆီးမှုများ ဖြစ်ပေါ်လာပါက ကြေညာမည်ဖြစ်သည်။
  • Abbott အနေဖြင့် ယခုဝက်ဘ်ဆိုက်ပေါ်တွင် တင်ထားသည့် အချက်အလက်များမှအပ တခြားပုဂ္ဂိုလ် အဖွဲအစည်းများ၊ hyperlinks များနှင့် တခြား ဝက်ဘ်ဆိုက်မှ တင်ထားသော အကြောင်းအရာများ၏ အချိန်သင့်လျော်မှု၊ အချက်အလက်သင့်လျော်မှု၊ တိကျမှုနှင့် ထိရောက်မှုအပေါ် အာမခံခြင်းများအတွက် တာဝန်ရှိခြင်း၊ အာမခံခြင်း မရှိပါ။ Abbott Laboratories အနေဖြင့် တခြားပုဂ္ဂိုလ်အဖွဲ့အစည်းများမှ Bulleting Board ကြော်ငြာချက်သင်ပုန်းပေါ်တွင် တင်ထားသော အချက်အလက်များ၊ စကားပြောခန်း chat rooms များ နှင့် တခြားသူများ ဝက်ဘ်ဆိုက်ပေါ်တွင် တင်သော အကြံပြုချက်များ ထင်မြင်ချက်များအပေါ် ပြင်ဆင်ဖြတ်တောက် ထိန်းချုပ်နိုင်ခြင်း မရှိပါ။ ထို့ကြောင့် သံသယနှင့် အန္တရာယ်ရှိစေနိုင်သော အချက်အလက်များအား Abbott မှ ထောက်ခံခြင်းမရှိကြောင်း အသိပေးအပ်ပါသည်။ ထိုကဲ့သို့ အချက်အလက်များသည် သံသယရှိသည်ဟု ယူဆနိုင်ပြီး Abbott မှ ထောက်ခံချက်ပေးမည် မဟုတ်ပါ။
  • ယခု ဝက်ဘ်ဆိုက်တွင် Abbott ၏ အနာဂတ်တွင် ဖြစ်ပေါ်လာမည့် Event ပွဲအကြောင်းအရာများ စီးပွားရေးလုပ်ငန်းစဉ်အကြောင်းအရာများ ပါဝင်နိုင်ပါသည်။ ရှေ့ဆောင်ထုတ်ပြန်ချက်များအနေဖြင့် စွန့်စားမှုများနှင့် မ‌ရေရာခြင်းများ၊ တိုးတက်မှုများ သို့မဟုတ် ရလဒ်များနှင့် ဆက်စပ်သည်။ မသေချာခြင်းများ၊ လက်ရှိသုတေသနစီမံကိန်းများ၏ အောင်မြင်မှု၊ ဆိုင်းငံ့ထားဆဲ လက်တွေ့စမ်းသပ်မှုများ၏ရလဒ်များ အပါအ၀င် အချက်များစွာပေါ်တွင် မူတည်သည်။ လက်ရှိသုတေသန စီမံကိန်းများ၏ အောင်မြင်မှုများ၊ စောင့်ဆိုင်းဆဲ စမ်းသပ်ချက် ရလဒ်များသည် ချမှတ်ထားသော အစီအစဉ်ပေါ် မူတည်ပြီး ကွဲပြားနိုင်ပါသည်။ ထုတ်ကုန်အမျိုးမျိုး၏ အဆက်မပြတ်ရောင်းနိုင်မှု၊ ဆေးဝါးဘက်ဆိုင်ရာ ထိန်းချုပ်မှုများ၏ အတည်ပြုချက်များ၊ တရားဝင် မူပိုင်ခွင့်များနှင့် စီးပွားကုန်သွယ် အချက်အလက်များ၏ တည်ငြိမ်မှုများနှင့် Abbott ၏ စီးပွား‌ရေးဆိုင်ရာ အချက်အလက်များသည် ယေဘုယျအားဖြင့် လက်ရှိအနေအထားနှင့် တိုးတက်မှုပိုင်းဆိုင်ရာ တာဝန်မဟုတ်ပါ။ ယခု ဝက်ဘ်ဆိုက်တွင်ရှိသော အကြောင်းအရာများသည် ပုံမှန်တင်ရန် စီစဉ်ထားသော အကြောင်းအရာများဖြစ်သည်။

၂။ အသုံးပြုပုံ

အောက်ပါ အကြောင်းအရာများကို နားလည်သဘောပေါက် သဘောတူညီမှု ရရှိပြီး ဖြစ်သည်။

  • Abbott ဝက်ဘ်ဆိုက်များကို အသုံးပြုခြင်းအားဖြင့်၊ Abbott ဝက်ဘ်ဆိုက်များ သို့မဟုတ် ဆာဗာများပေါ်တွင်တင်ထားသော အီလက်ထရောနစ်ဆိုင်ရာအချက်အလက်များကို အနှောင့်အယှက်မပြုရန် သဘောတူသည်။ Abbott ဝက်ဘ်ဆိုက်၏ လုံခြုံရေးအချက်အလက်များအား ရှောင်ရှားရန်နှင့် တခြား သက်ဆိုင်သည့်ပြည်တွင်း၊ ပြည်နယ်၊ ဖက်ဒရယ်နှင့် နိုင်ငံတကာဥပဒေများ နှင့် စည်းမျဉ်း စည်းကမ်းအား လိုက်နာရန်လည်း သဘောတူသည်။
  • သင်သည် Abbott ဝက်ဘ်ဆိုက်ပေါ်တွင် သင်ကိုယ်တိုင် တင်သော သို့မဟုတ် ပေးပို့လာသော အကြောင်းအရာများအား အမျိုးမျိုးသော စည်းမျဉ်းစည်းကမ်းများ၊ Abbott ၏ ကိုယ်ရေးအချက်အလက်များနှင့်အညီ ရွေးချယ်ထားသော အကြောင်းအရာ အချက်အလက်များ၊ ပုံစံအမျိုးမျိုး သတ်မှတ်ထားသော ထုတ်ဝေမှုများ နှင့် တခြားအကြောင်းအရာ အချက်အလက်များ ပေါင်းစည်းထားသော အကြောင်းအရာ ပုံစံများအား သတ်မှတ်ပိုင်ခွင့်မရှိပဲ Abbott အား အသုံးပြုခွင့်ပေးပြီးဖြစ်သည်။ အခြားအကြောင်းအရာများနှင့် ပေါင်းစည်းခြင်း သို့မဟုတ် ပါဝင်သည့်အကြောင်းအရာကို အခြေခံ၍ တည်ဆောက်ခြင်း။
  • သို့ရာတွင် ရှင်းလင်းစွာ တင်ပြခြင်း နှင့် Abbott Laboratories မှ ကြိုတင်သဘောတူညီမှုများအရ၊ အင်တာနက် အသုံးပြုသူများသည် နည်းပညာပိုင်းအရ Abbott Laboratories နှင့်ဆက်သွယ်ပါက (ဥပမာ စာပြန်ခြင်း၊ မေးခွန်းမေးခြင်း၊ ထင်မြင်ချက်ပေးခြင်း၊ အကြံပေးခြင်း စသည်ဖြင့်) Abbott ဝက်ဘ်ဆိုက်မှ လိုအပ်ပါက သို့မဟုတ် အကြောင်းအရာများကို တောင်းခံလာနိုင်ပါသည်။
  • တောင်းခံသည့် အကြောင်းအရာ ဆိုသည်မှာ Abbott အနေဖြင့် ကိုယ်ရေးအချက်အလက် မူဝါဒနှင့် အညီ ကောက်ခံသိမ်းဆည်း အသုံးပြုနိုင်သည့် ကိုယ်ရေးကိုယ်တာ အတည်ပြု အချက်အလက်များ (နာမည်၊ လိပ်စာ၊ ဖုန်းနံပါတ် စသည်ဖြင့်) ကို ဆိုလိုသည်။ ထို့ကြောင့် ထိုနည်းလမ်းဖြင့် ဆက်သွယ်ပြီး အချက်အလက်များ သိမ်းဆည်းရယူပြီး လျှို့ဝှက်ထားရန်လိုအပ်သည်ဟု သတ်မှတ်မည်မဟုတ်ပါ။ Abbott အနေဖြင့် ရရှိထားသော အကြောင်းအရာကို ကူးထားခြင်း၊ ထုတ်ဝေခြင်းနှင့် အသုံးပြုခွင့်ရရှိပြီး ဖြစ်ပြီး ကန့်သတ်ခြင်းမရှိပဲ သုတေသနများ၊ စီမံကိန်းများ၊ ထုတ်လုပ်ရေးများနှင့် ထုတ်ကုန်များ ရောင်းချခြင်းများတွင် အသုံးပြုခြင်းတို့လည်း ပါဝင်သည်။ Abbott အား ပေးပို့လာသော အချက်အလက်များအရ Abbott အနေဖြင့် အမှန်တရား၊ တိကျမှု၊ ပိုင်ဆိုင်မှုချိုးဖောက်ခြင်းနှင့် ပိုင်ဆိုင်သူ၏ လုံခြုံမှုတို့အတွက် အပြည့်အဝ တာဝန်ရှိသည်။

၃။ ထုတ်ကုန်များအား တံဆိပ်၊ နာမည်တပ်ခြင်း

ဖော်ပြထားခြင်းမရှိသော ထုတ်ကုန်များ၏ ထုတ်ကုန်အမည်၊ ဖော်ပြချက်နှင့် တံဆိပ်တပ်ခြင်းတို့မှာ US မူရင်း ဖြစ်သည်။ ထုတ်ကုန်ပစ္စည်းတိုင်းသည် နိုင်ငံတိုင်းတွင် မရနိုင်ပါ (သို့) တခြားကွဲပြားသော ကုန်အမှတ်တံဆိပ်အောက်တွင် ရရှိနိုင်သည်။ Abbott Laboratories မှ သေချာ မတင်ပြထားသော သို့မဟုတ် ကြိုတင် သဘောတူညီမှု မရထားပါက စာရင်းတွင် ပြထားသော ထုတ်ကုန်ပစ္စည်း၏ ကွဲပြားခြားနားမှု၏ ထင်ရှားသော လက္ခဏာများ သို့မဟုတ် အသုံးပြုပုံများအတွက် ကျွမ်းကျင်သော ကျန်းမာရေးဝန်ထမ်း၏ အညွှန်းစာလိုအပ်ပါသည်။ Abbott အနေဖြင့် Abbott Laboratories မှ တာဝန်ရှိသူများ၊ ကုန်သည်ကိုယ်စားလှယ်များ၊ တခြား ဆိုင်ရာ ဌာနခွဲများ နှင့် ဆက်စပ်နေသူများအား ဝက်ဘ်ဆိုက်မှတစ်ဆင့် ဆေးပညာဆိုင်ရာ အကြံပေးခြင်း၊ စစ်ဆေးခြင်း၊ ကုသပေးခြင်း နှင့် တခြား ဆေးပညာဆိုင်ရာ ဝန်ဆောင်မှုပေးခြင်းများအား တားမြစ်ထားပါသည်။

၄။ ဉာဏ်ရည်ပိုင်းဆိုင်ရာ ပိုင်ဆိုင်မှု

ယခု ဝက်ဘ်ဆိုက်အတွက် သတ်မှတ်ထားသော အချက်အလက်၊ စာရွက်စာတမ်း နှင့် သက်ဆိုင်ရာ ပုံရိပ် Graphics များသည် Abbott Laboratories ၏ ပိုင်ဆိုင်မှုဖြစ်ပြီး ကျန်သော Abbott နှင့် စာချုပ်ချုပ်ဆိုထားသော တခြားပုဂ္ဂိုလ် နှင့် ဆိုင်ရာအဖွဲ့အစည်း သို့မဟုတ် လက်အောက်ခံ အဖွဲ့အစည်းများမှ အချက်အလက်များ မပါဝင်ပါ။

ချက်အလက်များကို အတည်ပြုရာတွင် –

၁။ မိတ္တူအားလုံးတွင် ပါရှိသော မူပိုင်ခွင့် အသိပေးချက်များ
၂။ သတင်းအချက်အလက်များအား စီးပွားဖြစ် အသုံးပြုခြင်းမဟုတ်ပဲ အချက်အလက်ပိုင်းဆိုင်ရာ ကိုယ်ရေးကိုယ်တာဆိုင်ရာ အသုံးပြုခြင်း
၃။ မည်သည့်နည်းလမ်းဖြင့်မဆို ပြုပြင်ပြောင်းလဲထားသော အချက်အလက်များ မဖြစ်ရပါ။
၄။ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော ပုံရိပ် Graphics များ အသုံးပြုခြင်းသည် ပူးတွဲဖော်ပြသောစာသားနှင့် ခွဲခြားထားမရပါ။ Abbott သည် တခြား အဖွဲ့အစည်းများမှပေးသော အကြောင်းအရာများအတွက် တာဝန်မရှိပါ။ အထက်ပါခွင့်ပြုချက်များ မှလွဲ၍ မူပိုင်ခွင့်ပိုင်ရှင်၏ ခွင့်ပြုချက်မရပဲ ဖြန့်ဝေခြင်းကို တားမြစ်ထားသည်။ လိုင်စင် သို့မဟုတ် ရပိုင်ခွင့်များအတွက် မည်သူကိုမှ စကားလုံးဖြင့် သို့မဟုတ် နှိုင်းယှဉ်ခြင်းဖြင့် Abbott မှ ခွင့်ပြုထားခြင်းမရှိပါ။

Abbott ဝက်ဘ်ဆိုက်မှ သင်၏ မူပိုင်ခွင့်အား ချိုးဖောက်မိပါက Abbott ထံသို့ အသိပေးပြီး မူပိုင်ခွင့် ကြီးကြပ်သူထံသို့ အောက်ပါအတိုင်း စီစဉ်နိုင်ပါသည်။

  • မူပိုင်ခွင့် ချိုးဖောက်သည်ဟု အတည်ပြုထားသောအရာအတွက် မူပိုင်ခွင့်လက်မှတ်
  • Abbott မှ မူပိုင်ခွင့်ချိုးဖောက်ထားသော အရာအား ရှာဖွေခွင့်ပြုရန် အကြောင်းအရာအား အတည်ပြုခြင်း
  • နာမည်၊ လိပ်စာ၊ ဖုန်းနံပါတ် နှင့် အီးမေးလ်လိပ်စာ
  • မူပိုင်ခွင့် ချိုးဖောက်ခြင်းနှင့် ခွင့်ပြုခြင်းမပြုရန် ကောင်းမွန်လုံလောက်သော အကြောင်းပြချက်
  • ဥပဒေအရ အထက်ဖော်ပြပါ အချက်အလက်များသည် တိကျမှန်ကန်ကြောင်းနှင့် မူပိုင်ခွင့် ပိုင်ရှင်ဖြစ်ကြောင်းအတွက် သို့မဟုတ် မူပိုင်ခွင့်ပိုင်ရှင်ကိုယ်စား ဆောင်ရွက်ရန် အာဏာရှိကြောင်း ထောက်ခံစာ။
  • အီလက်ထရောနစ်လက်မှတ် သို့မဟုတ် မူပိုင်ခွင့်ကိုင်ဆောင်သူ၏ လက်မှတ် သို့မဟုတ် မူပိုင်ခွင့်ပိုင်ရှင်၏ကိုယ်စား မူပိုင်ခွင့်ချိုးဖောက်မှုအတည်ပြုချက်ကို ဖြည့်စွက်သည့်လက်မှတ်၏ အတည်ပြုထောက်ခံချက်။

Abbott မှ တာဝန်ရှိသူအား ဆက်သွယ်ရန်
Pahtama Group ကုမ္ပဏီလီမိတက်
အမှတ် (၃၉ အေ) ဘုရင့်နောင်လမ်း၊ (၂၇) ရပ်ကွက်
ရွှေပင်လုံ အိမ်ယာ၊ မြောက်ဒဂုံ မြို့နယ်
ရန်ကုန်၊ မြန်မာ

၅။ ကိုယ်ရေးကိုယ်တာ အချက်အလက်နှင့် လုံခြုံမှု

Abbott အနေဖြင့် သင့်အွန်လိုင်း လုံခြုံမှုအတွက် ကတိကဝတ်ပြုထားပါသည်။ ဝက်ဘ်ဆိုက်အသုံးပြုသူ စားသုံးသူ မိဘပြည်သူများအတွက် ကိုယ်ရေးကိုယ်တာ အချက်အလက်သည် အရေးကြီးကြောင်း နားလည်သဘောပေါက်ထားပါသည်။ ကိုယ်ရေးကိုယ်တာ အချက်အလက်များအတွက် ကိုယ်ရေးအချက်အလက် မူဝါဒအရ ထိန်းချုပ်ထားပါသည်။ ဝက်ဘ်ဆိုက်ကို ဝင်ရောက်အသုံးပြုသည် ချမှတ်ထားသော မူဝါဒအား လက်ခံသည်ဟု သတ်မှတ်ပါသည်။
သင်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များအား ဝက်ဘ်ဆိုက်သို့ ပေးပို့ခြင်းအား လက်ခံကြောင်း အသိပြုပြီး ဖြစ်သည်။ Abbott အနေဖြင့် ခွင့်ပြုချက်မရှိပဲ ဝင်ရောက်ခြင်း ကြားဖြတ်ရယူခြင်းများအား တားမြစ်ထားသော်လည်း လုံခြုံရေးအတွက် အာမခံနိုင်ခြင်း မရှိပါ။ Abbott အနေဖြင့် ကာကွယ်ထားသော်လည်း အကြောင်းတစ်စုံတရာကြောင့် ခွင့်ပြုချက်မရပဲ ဝင်ရောက်ခြင်းများ၊ မတော်တဆဖြစ်ရပ်များ၊ တစ်ခြားသော အခြေအနေများနှင့် ဆက်စပ်လျက်ရှိသော ပျက်ဆီးမှုများ (အကျိုးအမြတ် ဆုံးရှုံးခြင်းများ အပါအဝင်) နှင့် စားသုံးသူအချင်းချင်း ဖြစ်လာနိုင်ချေရှိသော ပြဿနာများအတွက် ပျက်ဆီးမှုဖြစ်နိုင်ချေအတွက် ကြိုတင်သတိပေးထားနိုင်သော်လည်း တာဝန်ယူရန်မလိုအပ်ပါ။
Abbott အနေဖြင့် စားသုံးသူများ ကြားဖြတ်သတင်းရယူခြင်း နှင့် ခွင့်ပြုချက်မရပဲ ဝင်ရောက်ခြင်းအား လုံးဝမထောက်ခံပါ။ ထို့အပြင် အရောင်းအဝယ်ပိုင်းဆိုင်ရာ သီးသန့်ရည်ရွယ်ချက်များရှိလာပါကလည်း လုံးဝ မထောက်ခံပါ။ မိမိကိုယ်ပိုင် Password အား လျှို့ဝှက်စွာ မှတ်သားထိန်းသိမ်းနိုင်ရေးသည် စားသုံးသူတိုင်း၏ တာဝန်ဖြစ်သည်။

၆။ ကန့်သတ်ချက်နှင့် တာဝန်များ

Abbott အနေဖြင့် ဤဝက်ဘ်ဆိုက်ပေါ်တွင် တင်ထားသောအကြောင်းအရာများ၊ သတင်းအချက်အလက်များ၊ ထင်မြင်ယူဆချက်များအတွက် တာ၀န်မရှိပါ။ ဤ အကြောင်းအရာ သတင်းအချက်အလက်နှင့် ယူဆချက်များကို ယုံကြည်မှီခိုခြင်းသည် သင်ကိုယ်တိုင်စွန့်စားမှု သာဖြစ်သည်။ ဝက်ဘ်ဆိုက်အသုံးပြုမှု သို့မဟုတ် ၄င်းတွင်ပါဝင်သော အကြောင်းအရာများကြောင့် ထိခိုက်ဒဏ်ရာရခြင်း (သို့မဟုတ်) ပျက်စီးဆုံးရှုံးမှုများအတွက် တာဝန်မရှိဟု Abbott မှ ငြင်းဆိုနိုင်သည်။ Abbott ဝက်ဘ်ဆိုက်များ၊ ဝက်ဘ်ဆိုက်မှ အကြောင်းအရာများ နှင့် ရရှိနိုင်သော ထုတ်ကုန်နှင့် ဝန်ဆောင်မှုများသည် Abbott ဝက်ဘ်ဆိုက်တွင် တင်ထားသော သို့မဟုတ် ရရှိနိုင်သည့်အတိုင်း ဖြည့်ဆည်းပေးနိုင်သကဲ့သို့ လွဲချော်မှုများလည်း ရှိနိုင်ပါသည်။ မည်သည့် အခြေအနေတွက်မဆို Abbott နှင့် ရောင်းချသူများ (သို့မဟုတ်) သက်ဆိုင်ရာ ဒါရိုက်တာများ၊ ဝန်ထမ်းများ၊ အရောင်းကိုယ်စားလှယ်များသည် (Abbott လက်အောက်ခံ အဖွဲ့အစည်း) အသုံးပြုမှုနှင့် ဆက်စပ်ပြီး ဖြစ်ပေါ်လာသော ပျက်ဆီးဆုံးရှံးမှုများအတွက်၊ ဥပဒေအရသော်လည်းကောင်း အသုံးပြုနိုင်ခြင်း၊ Abbott ဝက်ဘ်ဆိုက်မှ တင်ထားသော အကြောင်းအရာများ၊ Abbott ဝက်ဘ်ဆိုက် သို့မဟုတ် တခြား ချိတ်ဆက်ထားသော ဝက်ဘ်ဆိုက်များမှ ဝန်ဆောင်မှုများ တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်၍သော် လည်းကောင်း အသုံးမပြုနိုင်ခြင်းတို့အတွက် တာဝန်ရှိလိမ့်မည် မဟုတ်ပါ။ သို့သော် Abbott ဝက်ဘ်ဆိုက်ကြောင့် မိမိဘာသာ ထိခိုက်မိခြင်း၊ ကြာမြင့်ခြင်းကြောင့် အမြတ်ဆုံးရှံးမှုများ၊ ဗိုင်းရပ်စ်များ၊ စာရွက်စာတမ်း ပျောက်ပျက်ခြင်းများ၊ ဝန်ဆောင်မှုပြတ်တောက်မှုများ၊ လျှပ်စစ်မီး အဆက်အသွယ် ပြဿနာများ၊ အမှားတွေ့ခြင်းများ နှင့် ဝက်ဘ်ဆိုက်အကြောင်းအရာ မတိကျခြင်းကြောင့် ဖြစ်ပေါ်လာသည်များနှင့် မသက်ဆိုင်ပါ။ Abbott မှ ပေါ့ဆခြင်းရှိသည် ဖြစ်စေ မရှိသည်ဖြစ်စေ ကြိုတင်ပျက်ဆီးနိုင်ချေများအား Abbott မှ အကြံပေးခြင်းမရှိပါ။ Abbott ဝက်ဘ်ဆိုက်မှနေ၍ ထပ်မံထုတ်ပြန်သော တရားဝင် အသိပေးချက်များ၊ ငြင်းဆိုခြင်းများနှင့် တခြား အသုံးပြုမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းချက်များအတွက်လည်း သက်ဆိုင်နိုင်ကြောင်းကိုလည်း သတိပြုရမည်။

၇။ အထွေထွေ အသေးစိတ် ဖော်ပြချက်

ဤအသုံးပြုမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ နှင့် ကိုယ်ရေးအချက်အလက်မူဝါဒတို့အား ဖော်ပြထားသည့်အတိုင်း သဘောတူကြောင်း လက်ခံပါသည်။ Abbott ဝက်ဘ်ဆိုက်များအား မြန်မာနိုင်ငံ၏ဥပဒေများအရ ဖန်တီးပြီး လည်ပတ်ပါသည်။ မြန်မာနိုင်ငံ ဥပဒေသည် အွန်လိုင်းတွင် တင်ပြထားသော အသုံးပြုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအတွက် ထိန်းချုပ်ထားပြီး ပြည်သူများလိုက်နာရမည့် ဥပဒေများနှင့် သက်ဆိုင်ခြင်းမရှိပါ။ ဥပမာ စားသုံးသူကာကွယ်ရေး ဥပဒေ နှင့် သက်ဆိုင်သည်။ တရားစီရင်ပိုင်ခွင့်ရှိသော တရားရုံးမှ ယခု အွန်လိုင်းအသုံးပြုမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများသည် မမှန်ကန်ကြောင်း (သို့မဟုတ်) အတည်မပြုနိုင်ကြောင်း တွေ့ရှိပါက ယခု အသုံးပြုမှုဆိုင်ရာ စည်းမျဥ်းစည်းကမ်းများအတွက် တခြား ပြဌာန်းချက်များသည် အပြည့်အဝအကျိုးသက်ရောက်မှု ရှိမည်ဟု သင် သဘောတူလက်ခံရမည်။။

Privacy Settings
We use cookies to enhance your experience while using our website. If you are using our Services via a browser you can restrict, block or remove cookies through your web browser settings. We also use content and scripts from third parties that may use tracking technologies. You can selectively provide your consent below to allow such third party embeds. For complete information about the cookies we use, data we collect and how we process them, please check our Privacy Policy
Youtube
Consent to display content from Youtube
Vimeo
Consent to display content from Vimeo
Google Maps
Consent to display content from Google