ဆီးချိုသွေးချိုသမားများအတွက် အာဟာရဆိုင်ရာ ဆောင်ရန်ရှောင်ရန်များ။
ဆီးချိုသွေးချိုသမားများအတွက် အာဟာရဆိုင်ရာ ဆောင်ရန်ရှောင်ရန်များ။
အကယ်၍သင်သည် အချိန်ကြာမြင့်စွာ အစာကို ညီညွတ်မျှတမှုမရှိဘဲစားသုံးပါက နောက်ပိုင်းတွင် သွေးတွင်းသကြားဓာတ်နှင့်ဆိုင်သော ကျန်းမာရေးပြဿနာများဖြစ်လာနိုင်သည် သို့မဟုတ် ဆီးချိုသွေးချိုရောဂါအခြေအနေ ပိုမိုဆိုးရွားလာနိုင်ပါသည်။ ဆီးချိုသွေးချိုသမားများအတွက် အထူးအရေးကြီးသော အချက်မှာ သွေးတွင်းသကြားဓာတ်ကို ပုံမှန်ထိန်းထားရန်ဖြစ်သည်။ ဆေးဝါးများနှင့် အာဟာရ စားသုံးမှုတို့၏ ထိရောက်မှုကို သိရှိရန်အတွက် သင်၏ သွေးတွင်းဂလူးကို့စ် နံပါတ်ကို သိရှိရန်အရေးကြီးပါသည်။ အခြေခံအချက်မှာ သွေးတွင်းအချိုဓာတ်အညွှန်းကိန်းနည်းသောအစားအစာများ ရွေးချယ်ခြင်း ( အစားအစာအလိုက် သွေးတွင်းသကြားဓာတ် လျှင်မြန်စွာ မြင့်တက်ခြင်းပေါ်မူတည်၍ GI နံပါတ်ကို ၀ မှ ၁၀၀ ထိ သတ်မှတ်သည်) ကိုယ်လက်လှုပ်ရှားခြင်း၊ အစားအစာများ ပုံမှန်စားသုံးခြင်းဖြစ်သည်။ အကယ်၍ အစားအစာများကို အပြည့်မစားနိုင်ပါက ကျန်းမာရေးညီညွတ်သည့် သရေစာ သို့မဟုတ် အာဟာရဖြည့်စွက်စာ ( ဥပမာ ဆီးချိုသွေးချိုသမားများအတွက် Glucerna) များသည် သွေးတွင်းဂလူးကို့စ် မြင့်တက်ခြင်းထိန်းညှိပြီး ဗိုက်ဆာခြင်းကို တားဆီးပေးသည်။1,5
ဆီးချိုသွေးချိုသမားများသည် အစားအစာကို မစားဘဲနေနိုင်ပါသလား။
အစားအစာလျှော့စားခြင်းသည် ကယ်လိုရီနည်းသည် သို့မဟုတ် ကစီဓာတ်စားသုံးမှုနည်းသည် ဟုထင်ရသော်လည်း အစာစားခြင်းကို ရှောင်ခြင်းသည် မည်သူတစ်ဦးတစ်ယောက်အတွက် မှ အကျင့်တစ်ခုမဖြစ်သင့်ပါ။ အစားအစာများကို ရှောင်ပါက သင်သည် ကယ်လိုရီများသော အစားအစာများကို ရှောင်ရှားရန် ပို၍မလွယ်ကူနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် သင်၏စိတ်သည် အလွန်ဆာသောကြောင့် “ကျန်းမာသော” သို့မဟုတ် “ကယ်လိုရီနည်းသော” မည်သည့်အရာကိုမဆို အရသာမရှိဟု မြင်သွားသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ဆီးချိုသွေးချိုရောဂါရှိသူသည် အင်ဆူလင် အတက်အကျကြောင့် ကိုယ်အလေးချိန်လျှင်မြန်စွာတက်ခြင်း သို့မဟုတ် ကိုယ်အလေးချိန်ကျရန်ခက်ခဲနိုင်ပြီး နောက်ဆက်တွဲ ပြဿနာအနေဖြင့် နှလုံး နှင့် သွေးပေါင်ချိန်နှင့်ဆိုင်သော ကျန်းမာရေးပြဿနာကို ဖြစ်စေပါသည်။ 1,2
အစားအစာကို ပုံမှန်စားသုံးခြင်းသည် စွမ်းအင်အတွက် မရှိမဖြစ်လိုအပ်သော ကစီဓာတ်စားသုံးမှုကို ထိန်းညှိရာတွင် အထောက်အကူဖြစ်ပြီး သွေးတွင်းဂလူးကို့စ်ကိုလည်း ထိန်းချုပ်ပေးသည်။ ထမင်းစားသည့်အချိန်တွင် အဆင်မပြေလျှင် အဆာပြေမုန့်များ သို့မဟုတ် GI အာဟာရဓာတ်နည်းသော အစားအစာများ စားသုံးပါ။2,3 ဆီးချိုသွေးချိုသမားများအတွက် အစားအစာ အစားထိုးအဖြစ်ရွေးချယ်ရာတွင် Glucerna ကို ရွေးချယ်စရာတစ်ခုအဖြစ် ထည့်သွင်းစဉ်းစားပါ။3 တစ်ခါသောက်တစ်ခွက်စီတိုင်းတွင် သွေးတွင်းသကြားဓာတ် အနည်းငယ်သာတိုးလာစေရန် သွေးတွင်းအချိုဓာတ်အညွှန်းကိန်းအနိမ့်ဖြင့် ဖော်စပ်ထားပါသည်။ ၎င်းတွင် အင်ဆူလင်လုပ်ဆောင်ချက်တိုးလာစေရန် myo-inositol ၄ဆ^4 နှင့် အထူးသီးသန့်ထုတ်ထားသော အဆင့်မြင့် ကစီဓာတ်^ဖြင့် ပေါင်းစပ်ဖွဲ့စည်းထားပါသည်။5 နှလုံးကျန်းမာစေသော အိုမီဂါ 3,6,9 Fatty acid၊ အမျှင်များ၊ ဗီတာမင် A,D,C နှင့် ဇင့်တို့ဖြင့် ဖော်စပ်ထားသောကြောင့် သင့် အာဟာရလိုအပ်ချက်များကို ဖြည့်ဆည်းပေးပြီး ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပါသည်။ နှစ်ပေါင်း ၃၀ ကျော်ကြာ သုတေသနနှင့် လက်တွေ့လေ့လာမှုများစနစ်တကျပြုလုပ်ထားသော Glucerna သည် အမေရိကန် ရှိဆရာဝန်များ၏ ဆီးချိုသွေးချိုရောဂါအတွက် နံပါတ် ၁ အာဟာရဆိုင်ရာဖော်မြူလာအဖြစ် ထောက်ခံချက်ရရှိထားပြီး~ သင့်ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များမှ ညွှန်ကြားသည့်အတိုင် သောက်သုံးပါက ၃ လအတွင်း သွေးတွင်းဂလူးကို့စ် ထိန်းညှိခြင်းကို တိုးတက်စေပါသည်။#
စောစောထခြင်းနှင့် စောစောအိပ်ရာဝင်ခြင်းသည် ဆီးချိုသွေးချိုသမားများအတွက် အလုပ်ဖြစ်ပါသလား။
စောစောထပြီး စောစောအိပ်ရာဝင်ခြင်းကို အာရှယဉ်ကျေးမှုတွင် ရှေးလူကြီးများက ကျင့်သုံးကြပါသည်။ သို့သော် သင့်မှာဆီးချိုသွေးချိုရောဂါရှိသည့်အခါ ဘယ်လိုအကျိုးသက်ရောက်မှုရှိသလဲ။ မနက် ၄ နာရီမှ ၅ နာရီကြားတွင် ခန္ဓာကိုယ်သည်အစားမစားမီ သွေးတွင်းဂလူးကို့စ်အဆင့်တိုးစေသော ဟော်မုန်းများထွက်လာတတ်သည်။ ထို့ကြောင့် အစားစားသည့်အခါတွင် ဘာစားသလဲဆိုတာ အရေးကြီးပါသည်။ အကယ်၍ သင်သည် မနက်စာ စောစောစားပါက နေ့လည်စာနှင့် ညစာပါ စောစောစားမည်မှာ သေချာပါသည်။ အစားအစာများ စောစော စားသုံးခြင်းဖြင့် ကစီဓာတ်ကြောင့် ဖြစ်ပေါ်လာသော သွေးတွင်းဂလူးကို့စ်မြင့်တက်ခြင်း၊ ကျဆင်းခြင်းနှင့် ကျန်းမာရေးနှင့် မညီညွတ်သော သရေစာများကို စားသုံးချင်စိတ်ဖြစ်ခြင်းများကို တားဆီးနိုင်ပါသည်။ ညစာစောစောစားခြင်းသည် သင့်ခန္ဓာကိုယ်က သင်စားပြီးသော ကယ်လိုရီများကို ကုန်ဆုံးစေပါသည်။ သွေးတွင်းဂလူးကို့စ်ကျခြင်းနှင့် မြင့်တက်ခြင်းလက္ခဏာများသည် နံနက်ခင်းတွင် ပြသသောကြောင့် နံနက်ပိုင်းနှင့်ညပိုင်းတို့တွင် သွေးတွင်းဂလူးကို့စ်ကို တိုင်းတာပြီးမှတ်သားထားရန် အရေးကြီးပါသည်။ ၎င်းအချက်အလက်များသည် သင်၏ဆရာဝန်က ပိုမိုကောင်းမွန်သော ကုသမှုပေးနိုင်ရန် ကူညီပေးနိုင်ပါသည်။ အစာစားပြီးနောက် အစာခြေခြင်းနှင့် သွေးစီးဆင်းမှု ကောင်းစေရန် အကြောင်းအရင်းများကို ရှာဖွေပါ။1,2,3
ပုံမှန်နှင့် ကျန်းမာစေသောအရာများကို ရွေးချယ်ခြင်းသည် ဆီးချိုသွေးချိုသမားများအား အာဟာရဖြင့် ၎င်းတို့၏ သွေးတွင်းဂလူးကို့စ်ကို ထိန်းညှိရန် ကူညီပေးပါလိမ့်မည်။ ဆီးချိုသွေးချိုရောဂါရှိသူများအတွက် အကောင်းဆုံး အစားအစာရွေးချယ်မှုမှာ ကျန်းမာရေးနှင့်ညီညွတ်ပြီး GI နိမ့်သော ပစ္စည်းများ ဥပမာ- အစေ့အဆန်နှင့် လုပ်ထားသော ပေါင်မုန့်၊ ဘာလီ၊ ပြောင်းဆန် သို့မဟုတ် ပဲအမျိုးမျိုး တို့ကို စားသုံခြင်းဖြင့် သင်၏ဗိုက်ပြည့်မှုကို ကြာရှည်ခံစေပါသည်။ ထမင်းတစ်နပ် သို့မဟုတ် နှစ်နပ်လွတ်သွားခြင်းသည် အန္တရာယ်မဟုတ်သော်လည်း ထို့အကျင့်သည် ကောင်းသည့်အကျင့်မဟုတ်ပါ။ အစားအစာနှင့် အစာစားချိန်ကို အမြဲသတိထားပါ။ သင်စားနေစဉ် သို့မဟုတ် သင်၏နေ့စဉ် အစားအစာ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် Glucerna® အာဟာရဖြည့်စွက်စာကို ထည့်သွင်း စဉ်းစားပါ။ သွေးတွင်းသကြားဓာတ် ကျဆင်းခြင်းနှင့်အတူ သင်၏ ဆီးချိုးသွေးချိုရောဂါအတွက် စိုးရိမ်စရာနည်းစေပြီး ကောင်းမွန်စွာနေထိုင်နိုင်မည်ဖြစ်သည်။1,5
References:
- https://glucerna.ca/en/managing-diabetes/eating-dos-donts
- https://www.everydayhealth.com/type-2-diabetes/diet/diabetes-diet-things-happen-when-you-skip-meals/
- https://www.diabetes.ca/managing-my-diabetes/stories/managing-the-dawn-phenomenon
- https://abbottfamily.com.sg/articles/diabetes/inositol
- https://abbottfamily.com.sg/products/page/glucerna-triple-care
^Jenkins – 1982
# Sun et al. Asia Pac J Clin Nutr. 2008.
~ IQVIA, using the ProVoice Survey, fielded to 14,853 physicians from January 1, 2020 to December 31, 2020.