Myo-Inositol: အင်ဆူလင် အာရုံခံနိုင်စွမ်းကို အဓိကတိုးမြှင့်ပေးသော ကစီဓာတ်
တစ်ခါတစ်ရံတွင် ကြီးမားသောဘေးထွက်ဆိုးကျိုးများ ထိခိုက်လာမှသော ကျွန်ုပ်တို့တွင် ကြီးကြီးမားမား ဖျားနာခြင်း သို့ နာတာရှည်ရောဂါတစ်ခုခုရှိကြောင်းသိရှိနိုင်ပါတယ်။ အထူးသဖြင့် အင်ဆူလင်ပမာဏတည်ငြိမ်မှုသည် ဆီးချိုသွေးချိုအတွက် သိသာထင်ရှားပြီး အဓိကအခန်းကဏ္ဍမှ ပါ၀င်သည်။ ၎င်းသည် သွေးတွင်းအချိုဓာတ် ကိုထိန်းညှိရန် ခန္ဓာကိုယ်အတွက်လိုအပ်သော “သက်စောင့်ဟော်မုန်း (vital hormone)” အမျိုးအစားဖြစ်သည်။ အရည်အသွေးမြင့်မားသော ကစီဓာတ် (ဥပမာ ဖြည်းညင်းစွာချေဖျက်သော inositol ကစီဓာတ်) က သွေးတွင်း အချိုဓာတ်ပမာဏမြင့်တက်ခြင်းကို နှေးစေပါတယ်။ မျှတတဲ့ အစားအသောက်ကို စားသုံးဖို့က တစ်ချို့တွေအတွက် ခက်ခဲနိုင်တာကြောင့် သင့်ရဲ့ သွေးတွင်း အချိုဓာတ်ကို ဟန်ချက်မညီခြင်းအလွယ်တကူဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်စဉ်အတွင်းမှာ တစ်ချို့တွေက ဆာလောင်မှုနှင့် ဂလူးကိုစ့်များတိုးလာစေရန် အာဟာရဖြည့်စွက်စာများကိုအကူအညီအဖြစ် အသုံးပြုကြပါတယ်။ ဒါကြောင့် ဆီးချိုသွေးချိုအတွက် သီးသန့်ဖော်မြူလာများ (ဥပမာ Glucerna နဲ့ Glucerna အသင့်သောက်ဘူး) က သင့်ကို ကောင်းမွန်စွာ ကူညီပေးနိုင်ပါတယ်။1,7
ဘာလို့ အင်ဆူလင် အာရုံခံနိုင်စွမ်းက အရေးကြီးတာလဲ။
ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်အတွင်းရှိ အချို့သောလုပ်ဆောင်ချက်များက ဘယ်လောက်ပဲထိရောက်ပါစေ အသက်အရွယ်ကြောင့်၊ ဆေးဝါးများကြောင့်နှင့် သန့်စင်ထားသောအစားအစာများကြောင့် အင်ဆူလင်အာရုံခံနိုင်စွမ်းကို လျော့ကျစေနိုင်ပါတယ်။ တကယ်လို့ သင့်မှာ ဆီးချိုသွေးချို အမျိုးအစား (၁) ရှိနေတယ်ဆိုရင် (မျိုးရိုးဗီဇ၊ အလိုအလျောက်ခုခံနိုင်အား၊ အင်ဆူလင်ထုတ်ပေးတဲ့ဆဲလ်များကို ဖျက်စီးစေပြီး) အင်ဆူလင်နည်းပါးခြင်းသည် သွေးအတွင်း ဂလူးကိုစ့်များကိုဖွဲ့စည်းစေပြီး ကိုယ်တွင်းအင်္ဂါများကို ပျက်စီးစေနိုင်ပါတယ်။1,2,3 ဆီးချိုသွေးချိုအမျိုးအစား (၂) တွင် (အချိန်ကြာသည်နှင့်အမျှဖွံ့ဖြိုးလာေသာ လူနေမှုပုံစံ၊ ခန္ဓာကိုယ်ကအင်ဆူလင်ကိုအသိအမှတ်မပြုတော့ကာ) အာရုံခံနိုင်ခြင်းမရှိတော့ခြင်းကြောင့် အင်ဆူလင်ပမာဏမြင့်မားပြီး နှလုံးကို ပျက်စီးစေနိုင်ပါတယ်။ ဆီးချိုသွေးချို အမျိုးအစားနှစ်မျိုးလုံးတွင် မကြာခဏ ဝမ်းသွားခြင်း၊ ရေငတ်ခြင်း၊ မောပန်းခြင်း နှင့် အမြင်အာရုံဆုံးရှုံးလာခြင်း ကဲ့သို့တူညီတဲ့ လက္ခဏာများရှိပြီး ဘယ်အမျိုုးအစားလဲဆိုတာ သိနိုင်တဲ့တစ်ခုတည်းသောနည်းလမ်းမှာ သွေးတွင်း အချိုဓာတ်ကို တိုင်းတာဖို့ သွေးစစ်ကြည့်ခြင်းပဲ ဖြစ်ပါတယ်။1,2,3
Myo-inositol နှင့် အခြား inositols နှိုင်းယှဉ်ခြင်း
ကျွန်ုပ်တို့ ခန္ဓာကိုယ်မှာတွေ့ရတဲ့ Inositol ဟာ များသောအားဖြင့် myo-inositol ဖြင့်ပြုလုပ်ထားပြီး အစားအစာအမျိုးအစား အများစုကို စားသုံးခြင်းဖြင့် ရနိုင်ပါတယ်။ ဗီတာမင် B8 အဖြစ်ကောင်းစွာရည်ညွှန်းသော်လည်း inositol သည် ဗီတာမင်မဟုတ်ပါ။ ဒါပေမဲ့ သင့်ခန္ဓာကိုယ် အင်ဆူလင်လုပ်ဆောင်မှုအတွက် အထောက်အကူဖြစ်စေတဲ့ဂလူးကိုစ့်အမျိုးအစားတစ်မျိုးဖြစ်ပါတယ်။ တကယ်တော့ သဘာဝတွင် inositols အမျိုးအစား (၉) မျိုးရှိပြီး ကျွန်ုပ်တို့ ဆဲလ်များအတွက် အဓိက အမျိုးအစားနှစ်မျိုးမှာ myo-inositol နဲ့ D-chiro-inositol တို့ဖြစ်ပါတယ်။
Myo-inositol ကဆဲလ် တစ်ရှူးများရဲ့ မြင့်မားတဲ့ အဆင့်တွင်ရှိပြီး ဦးနှောက်နှင့် နှလုံးကဲ့သို့ မကြာခဏ ဂလူးကိုစ့်လိုအပ်တဲ့ သွေးတွင်းဂလူးကိုစ့်ပမာဏကို ထိန်းညှိဖို့ ကူညီပေးပါတယ်။
D-chiro-inositol (DCI) သည် အသည်းနှင့်ကြွက်သားများကဲ့သို့ သိုလှောင်မှုအတွက် တာဝန်ရှိသည့် တစ်ရှူးများဖြစ်သည်။4,5,6
အစားအစာများတွင် Myo-Inositol ပိုမိုရရှိစေရန်ဘယ်လိုလုပ်ရမလဲ
Inositol မြင့်မားစွာပါဝင်သော အစားအစာများမှာ အစေ့အဆန်များ၊ ပဲအမျိုးမျိုး၊ အခွံမာသီးများ နှင့် အသီးအနှံများဖြစ်ပါတယ်။ သင့်အတွက် ရွေးချယ်စရာ အစားအစာများပြားသည်နှင့်အမျှ myo-inositol (အင်ဆူလင်လုပ်ဆောင်မှုကို အကောင်းဆုံးတုပနိုင်သော) ရရှိရန် မှန်ကန်မျှတသော အစားအစာကိုရနိုင်ရန် ပိုခက်ခဲပါတယ်။ ဘာလို့လဲဆိုတော့ အစားအစာတွင်ပါဝင်သော သွေးတွင်းအချိုဓာတ်အညွှန်းကိန်းမှာလည်း အရေးကြီးသောကြောင့်ဖြစ်သည်။3,6,7
အဆင့် ၁ မှ ၁၀၀ ထိသတ်မှတ်ထားပြီး တကယ်လို့ သင်အဓိကစားတဲ့ အစားအစာများက အဆင့်သတ်မှတ်ချက် မြင့်နေပါက (ဥပမာ များစွာပြုပြင်ထားသော အစားအစာများနှင့် သန့်စင်ထားသောသကြားများ) သွေးတွင်းအချိုဓာတ်ပမာဏကို မြင့်စေမှာဖြစ်ပြီး သင့်ရဲ့ ဆီးချိုသွေးချို အခြေအနေကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။ ဤအတွက်ကြောင့် အချို့သော ဆီးချိုသွေးချိုရှိသူများအတွက် ဆရာဝန်များက ဆီးချိုသွေးချိုရှိသူများအတွက် ကူညီပေးသည့် အထူးသီးသန့်ထုတ်ထားသော အာဟာရဖြည့်စွက်စာ (DSF) ကို အကြံပြုပေးကြပါသည်။ ဥပမာ – အမေရိကန်ရှိဆရာဝန်များ၏ နံပါတ် (၁) ထောက်ခံမှုကိုရထားသည့် ဆီးချိုသွေးချိုရှိသူများအတွက်သီးသန့်ဖော်မြူလာ8 ဖြင့်ဖော်စပ် ထားသည့် Glucerna သည် ဆီးချိုသွေးချိုရှိသူများအတွက် သိပ္ပံနည်းကျဖော်မြူလာဖြင့် ထုတ်လုပ်ထားပါသည်။ တစ်ခွက်စာတွင်
အသစ်နှင့် အဆင့်မြှင့်ထားသော ကစီဓာတ်14နှင့် Myo-inositol (၄) ဆ9 ပါဝင်သောကြောင့် သွေးတွင်းအချိုဓာတ်အညွှန်းကိန်းနည်းပါးပြီး သွေးတွင်း အချိုဓာတ်ပမာဏကို ကောင်းမွန်စွာထိန်းညှိရန် ကူညီပေးပါတယ်။11 Glucerna သည် အမျှင်ဓာတ်၊ ဗီတာမင်နှင့် သတ္တုဓာတ် (၂၈) မျိုး၊ နှလုံးအတွက်ကျန်းမာသောအဆီ နှင့် ကိုယ်ခံအားကို မြင့်စေရန်ကူညီပေးသောပါဝင်ပစ္စည်းများ (သွေးတွင်း ဂလူးကိုစ့်ပိုလျှံခြင်းသည် ကိုယ်ခံအားဆဲလ်များ၏ ထိရောက်မှုကိုဟန့်တားစေသည်) ဖြင့်ဖော်စပ်ထားပြီး သင့်ရဲ့သွေးတွင်း အချိုဓာတ်တုံ့ပြန်မှုကို သုံးလအတွင်း10 ပိုမိုကောင်းမွန်လာစေပါတယ်။
အင်ဆူလင်အာရုံခံနိုင်စွမ်းတိုးမြှင့်ခြင်းသည် သွေးတွင်း အချိုဓာတ်ပမာဏကို ထိန်းချုပ်ရန်နှင့် ဆီးချိုသွေးချို နှင့်အတူ ကောင်းမွန်စွာနေထိုင်နိုင်ရန် အဓိကသော့ချက်တစ်ခုဖြစ်သည်။ အစားအစာနှင့် အရည်အသွေးမြှင့် ကစီဓာတ်များသည် သင့်အား အာဟာရပြည့်ဝစေပြီး စိတ်ကျေနပ်မှုရစေမဲ့ အရေးပါတဲ့အရာများဖြစ်ပါတယ်။ ထပ်ပေါင်းအကူအညီအနေနဲ့ Glucerna တစ်နေ့ (၂) ကြိမ်သောက်ခြင်း ( တစ်ကြိမ်တွင် (၅)ဇွန်းနှင့် ရေ (၂၀၀) မီလီလီတာ) က သွေးတွင်းအချိုဓာတ်အညွှန်းကိန်းနိမ့်သောရွေးချယ်မှုအဖြစ် အချို့သောအစားအစာများကို အစားထိုးနိုင်ပါတယ်။ အပြင်သွားလာနေရရင်းနဲ့ အာဟာဖြည့်ဖို့လိုတဲ့ ဆီးချိုသွေးချိုရှိသူများအတွက်လည်း အသင့်သောက် Glucerna ဘူးများရှိနေပြီဖြစ်ပြီး တစ်နေ့တာလုံး သင့်အား ခွန်အားရနေစေရန် အဆင်ပြေတဲ့ ရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ Glucerna® ကို သင့်ရဲ့ နေ့စဉ်စားသောက်မှုမှာ ဘယ်လိုပေါင်းစပ်ရမလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်ဖို့ အမြဲသတိရပါ။7
Glucerna Myanmar ကိုဒီနေ့ပဲဝင်ရောက်လေ့လာပြီး နမူနာများရယူနိုင်ဖို့ စာရင်းပေးသွင်းဖို့ ဖိတ်ခေါ်ချင်ပါတယ်။
References:
- https://openheart.bmj.com/content/9/1/e001989
- https://www.diabetes.co.uk/insulin/insulin-sensitivity.html
- https://inbodyusa.com/blogs/inbodyblog/hacking-your-hormones-to-maximize-health-and-wellness/#:~:text=Insulin%20Sensitivity%20is%20critical%20to,and%20liver%20for%20future%20use.
- https://www.webmd.com/diet/health-benefits-inositol#1
- https://www.inositoli.it/en/myo-inositol/
- https://abbottfamily.com.sg/articles/diabetes/inositol
- https://abbottnutrition.com.my/products/glucerna
- IQVIA, using the ProVoice Survey, fielded to 14,550 physicians from September 1, 2020 to August 31, 2021
- Compared to previous formula of Glucerna
- Sun et al. Asia Pac J Clin Nutr. 2008.
- Chee et al. BMJ Open Diabetes Res Care. 2017; Sun et al. Asia Pac J Clin Nutr. 2008.
Additional Readings: