အမှန် သို့မဟုတ် အမှား: ဆီးချိုသွေးချိုရောဂါနှင့် ပတ်သက်ပြီး အယူအဆအလွဲများ။

food diabtes

ဆီးချိုသွေးချိုရောဂါနှင့် ပတ်သက်ပြီး အယူအဆအလွဲများ များစွာရှိပါသည်။ အမျိုးအစား ၁ နှင့် အမျိုးအစား ၂ ၏ကွဲပြားချက်ကို သင်စားနိုင် မစားနိုင်သည့်အရာများကို ပြောခြင်းမှ အစပြု၍ မည်သည့်အချက်အလက်သည် မှန်ကန်ပြီး မည်သည့်အချက်အလက်သည်မှားသနည်း။ ဤတွင် အချို့အများဆုံးအမှတ်မှားသော ဆီးချိုသွေးချိုရောဂါနှင့် ပတ်သက်သည့် အယူအဆအလွဲအချို့ကို ဖော်ပြထားသည်။

သကြားသည် ဆီးချိုသွေးချိုဖြစ်စေခြင်း၏ အရင်းမြစ်ဖြစ်သည်ကို ယုံကြည်ကြခြင်း

မြန်မာမိသားစုအများစုတွင် သကြားသည် ဆီးချိုသွေးချိုရောဂါ၏ ရန်သူဖြစ်သည်ဟုယုံကြည်ကြသည်။ ဆီးချိုသွေးချိုရှိသူများသည် သကြားကို မရှောင်ရှားသင့်ပါ။ သို့သော် သကြားအလွန်အကျွံစားသုံးခြင်းကို ရှောင်ရှားသင့်ပါသည်။ ဤနေရာတွင် အဓိကသော့ချက်မှာ ညီညွတ်မျှတစွာစားသုံးခြင်းဖြစ်သည်။ ညီညွတ်မျှတစွာစားသုံးခြင်းသည် ဆီးချိုသွေးချိုရှိသူများအတွက် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိရန် လိုအပ်သောအာဟာရများကို ထောက်ပံ့ပေးသည်။ သဘာဝသစ်သီးများမှ သကြားသည် ပြုပြင်ထားသည့်အရာမဟုတ်ဘဲ ရှုပ်ထွေးပြီးရိုးရှင်းသော ကစီဓာတ်များမှ ဂလူးကို့စ်အဖြစ်ပြိုကွဲသွားပြီး ခန္ဓာကိုယ်ရှိဆဲလ်များက အသုံးပြုပါသည်။ သင်သတိထားရန်လိုအပ်သည့်သကြားများသည် သကြားလုံးများ၊ သရေစာများ၊ အသုပ်များတွင် ထည့်သည့်အရည်များ နှင့် စီရီရယ်ကဲ့သို့သော အဆင့်မြင့်ပြုပြင်ထားသည့် အစားအစာများတွင်ပါဝင်သည့် ပုန်းကွယ်နေသည့် သကြားများဖြစ်သည်။ သကြားတစ်ခုတည်းသည် ဆီးချိုသွေးချိုရောဂါကို ဖြစ်ပွားစေသည့်အကြောင်းအရင်း မဟုတ်ပါ။ အခြားအကြောင်းအရာများဖြစ်သည့် အစားစားချိန်မမှန်ခြင်း၊ ပါဝင်သည့်အစားအစာများထိန်းညှိမှု အားနည်းခြင်း၊ နှင့် အဆီများသောအစားအစာများ သို့မဟုတ် အချိုလွန်ကဲ့သော အစားအစာများစားသုံးခြင်းနှင့် အထိုင်များသော လူနေမှုပုံစံများသည် ဆီးချိုသွေးချိုရောဂါဖြစ်ပွားမှုကို တိုးတက်စေသည်။

အစားအစာများသည် ဆီးချိုသွေးချိုရှိသူများအတွက် နှစ်သက်ဖွယ်ရာမဟုတ်တော့ပါ။

မြန်မာအများစုသည် ဆီးချိုသွေးချိုရောဂါဖြစ်ပွားသည်နင့် အစားအသောက်များ လျော့စားရခြင်း၊ အလွန်အမင်းကန့်သတ်ထားသည့် အစားအစာများကိုသာ စားသောက်ရသောကြောင့် အစားစားရခြင်းမှာ နှစ်လိုဖွယ်မကောင်းတော့ဟု ယုံကြည်ကြပါသည်။ သင်သည် သင်၏ဆီးချိုသွေးချိုရောဂါကို ထိန်းညှိရန် သင်စားသုံးသော အစားအစာများကို အရင်ကထက်ပိုမိုရွေးချယ်ရသော်လည်း သင်၏ခန္ဓာကိုယ်အတွက်  သင်စားနေကျ အစားအစာများ မစားရခြင်းက ပိုဆိုးနိုင်သည်။ သင်တွင် အခွင့်ရေးရသည်နှင့် တပြိုင်နက် အလွန်အကျွံစားမိခြင်းကို ဖြစ်စေနိုင်သည်။ ဤအရာကို ရှောင်ရှားနိုင်ရန်အတွက် သင်အနှစ်သက်ဆုံး အစားအစာများကို သင်၏ဆီးချိုသွေးချိုအစားအစာ အစီအစဉ်တွင် သင့်လျော်စွာထည့်သွင်းနိုင်ပါသည်။ ထို့သို့ပြုလုပ်ရန် အတွက် အလေ့အကျင့်ယူခြင်း သို့မဟုတ် တိကျသောအရာများအတွက် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာကျွမ်းကျင်သူများနှင့် အလွယ်တကူတိုင်ပင်နိုင်ပါသည်။ အစာစားချိန်များကို ကျော်ခြင်း သို့မဟုတ် ကယ်လိုရီများကို အလွန်အမင်းလျှော့ခြင်းတို့ကြောင့် သွေးတွင်းသကြားဓာတ်ပမာဏ မညီညွတ်မှုကို ဖြစ်ပေါ်စေပြီး အစာစားချင်စိတ်ကို မြင့်တက်စေပါသည်။ လေ့ကျင့်ခန်းပြုလုပ်ပြီး တစ်နေ့တာလုံးအတွက်ကျန်းမာသော အစားအစာများပါဝင်သည့် အစီအစဉ်များနှင့် အတူ လေ့ကျင့်ခန်းပြုလုပ်ခြင်းက သင့်အားကျန်းမာစွာ ပြည့်ဝစွာနေထိုင်နိုင်ရန် ကူညီပေးနိုင်သည်။

ဘာကိုသတိထားရမလဲ

သွေးတွင်းသကြားဓာတ်နည်းခြင်း (Hypoglycemia)သွေးတွင်းသကြားဓာတ်နည်းသော ရောဂါလက္ခဏာများသည် သင်၏အမြင်အာရုံကို သက်ရောက်မှုရှိသည့် အတွက် ဆီးချိုသွေးချိုရှိသူများ ကားမောင်းနှင်ခြင်းမပြုသင့်ဟုဆိုသော အဆိုကို ဖြစ်စေနိုင်သည်။ ဆီးချိုသွေးချိုရှိသူများသည် အစားအစာ၊ လေ့ကျင့်ခန်း၊ ဆေးဝါများနှင့်ကောင်းစွာထိန်းနိုင်ပြီး အမြဲတမ်းလက်ထဲတွင် မုန့်တစ်မျိုးမျိုးကို ဆောင်ထားခြင်းက သွေးတွင်းသကြားဓာတ်နည်းခြင်းကို ကာကွယ်ရန် ကူညီပေးနိုင်ပါသည်။

ကိုယ်ခံအားစနစ် (Immune System)အဘယ်ကြောင့်ဆိုသော် သွေးတွင်းသကြားဓာတ်မြင့်မားခြင်းသည် သင့်ခန္ဓာကိုယ်၏ ခုခံအားစနစ်ကို ကာကွယ်ရန်အားနည်းသောကြောင့် ရောဂါများဖြစ်ပွားပြီး နလံထူရန် ပိုမိုကြာရှည်တတ်သည်။ ဆေးဝါးများနှင့် ကာကွယ်ဆေးများအကြောင်းကို အမြဲလေ့လာပြီး ကျန်းမာနေစေရန်နှင့် ဆီးချိုသွေးချိုရောဂါကို ထိန်းသိမ်းရန် ကောင်းမွန်ပြီး သန့်ရှင်းသောအစားအစာများကို စားသုံးပါ။

အကယ်၍ သင်၏ဆီးချိုသွေးချိုရောဂါကို အစားအစာများ ထိန်းချုပ်စားသုံးခြင်းသည် သင်ဆုံးဖြတ်ထားသည့်အတိုင်း မထိရောက်ပါက အချိုဓာတ်အညွှန်းကိန်းနိမ့်သော ဖြည့်စွက် အာဟာရများကို ရှာဖွေသင့်ပါသည်။ ( အစားအစာများတွင်ပါဝင်သည့် သင်၏သွေးတွင်းသကြားဓာတ်မြင့်မားစေသော အချိုဓာတ်အညွှန်းကိန်းကို ၀ မှ ၁၀၀ ထိသတ်မှတ်ထားသည်။ နံပါတ်မြင့်သော အစားအစာများသည် သွေးတွင်းသကြားဓာတ်ကို လျင်မြန်စွာတက်စေပါသည်။ ) အမျိုးမျိုးသော Glucerna ထုတ်ကုန်များသည် ဆီးချိုသွေးချိုရောဂါ၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်နှင့် ဆီးချိုသွေးချိုရှိသူများ၏ သွေးတွင်းအချိုဓာတ်ပမာဏကို ပုံမှန်ထိန်းသိမ်းရန် သိပ္ပံနည်းကျဖော်စပ်ထားခြင်းဖြစ်သည်။ အစာခြေဖျက်မှုနှေးကွေးသော ကစီဓာတ်နှင့်ဖော်စပ်ထားသောကြောင့် သွေးတွင်းအချိုဓာတ် မြင့်တက်မှုမှ ကာကွယ်ပေးပြီး ပြည့်အင့်မှုကို အချိန်ကြာမြင့်စွာထိန်းပေးထားနိုင်သည်။1,2

References:

  1. https://glucerna.ca/en/diabetes-101/debunking-myths
  2. https://glucerna.ca/en/products
  3. https://apic.org/monthly_alerts/diabetes-infections-and-you/
      1.