ဖြည့်စွက်စာ ရွေးချယ်စရာများနှင့် Glucerna : ၎င်းတို့သည်သင့် ဆီးချိုသွေးချိုအတွက် သင့်လျော်ပါသလား?
ဖြည့်စွက်စာ ရွေးချယ်စရာများနှင့် Glucerna : ၎င်းတို့သည်သင့် ဆီးချိုသွေးချိုအတွက် သင့်လျော်ပါသလား?

အာဟာရအတွက် အထူးအစားအစာများသည် သင့်သွေးတွင်းဂလူးကိုစ့်ကို ထိန်းချုပ်နိုင်ရန် အမှန်တကယ်ကူညီပေးနိုင်ပါသလား။ သင့်ရဲ့ရွေးချယ်မှုကကောဘာဖြစ်မလဲ။ ကမ္ဘာတစ်ဝှမ်းရှိ လူ သန်းပေါင်း ၅၀၀ ကျော်သည် ဆီးချိုသွေးချိုကို ခံစားနေရပြီး သင့်အတွက်မှန်ကန်သောအရာကို တွေးတောနေတာ သင်တစ်ယောက်တည်းမဟုတ်ပါဘူး။1 သင့်အပေါ်မူတည်ပြီးတော့ ကျွမ်းကျင်ဆရာဝန်၏အကြံပေးချက်များနှင့်အညီ အာဟာရဖြည့်စွက်စာများတွင် ဗီတာမင်၊ သတ္တုဓာတ်၊ အမျှင်ဓာတ်၊ ပရိုတင်း နှင့် ကစီဓာတ်များ ပါဝင်ပြီး လူတစ်ယောက်ရဲ့ တစ်နေ့တာလိုအပ်ချက်များကို အဓိက ဦးစားပေးသင့်ပါတယ်။ ဆီးချိုသွေးချိုရှိသူများအတွက် သတိထားရမဲ့ အဓိကပါဝင်ပစ္စည်းမှာ ကစီဓာတ်အမျိုးအစားနှင့် ပါဝင်မှုပမာဏတို့ဖြစ်ပြီး ၎င်းသည် သွေးတွင်းအချိုဓာတ်ပမာဏကိုထိခိုက်စေသည့် အဓိကအရာများထဲမှ တစ်ခုဖြစ်သည်။2,3 အာဟာရဖြည့်စွက်စာများအား ဆီးချိုသွေးချိုရှိသူများအတွက် စားသုံးမှုတစ်ကြိမ်တိုင်းတွင် သွေးတွင်းအချိုဓာတ်အညွန်းကိန်း (GI) နည်းပါးစွာပါရှိအောင် ဖော်စပ်ထားကြောင်းသေချာအောင်သတိပြုပါ။ (ဥပမာ Glucerna နဲ့ အသင့်သောက် Glucerna ဘူး )8,9
ဖြည့်စွက်စာရွေးချယ်မှုများ၏ အားသာချက်၊ အားနည်းချက်နှင့် အဓိက ပါဝင်ပစ္စည်းများ
ဖြည့်စွက်စာများသည် ကုသခြင်းမဟုတ်ကြောင်း ဦးစွာနားလည်ထားဖို့ လိုအပ်သော်လည်း သင့်ရဲ့သွေးတွင်းအချိုဓာတ်ကို ထိန်းချုပ်ရန်နှင့် သင့်ရဲ့ ဆီးချိုသွေးချိုအခြေအနေကို ပိုမိုကောင်းမွန်စေရန် အဓိကနည်းလမ်းများထဲမှ တစ်ခုဖြစ်သည်။ ဆီးချိုသွေးချိုရှိသူများအတွက် ရှာဖွေသင့်သည့် ဖြည့်စွက်စာအမျိုးအစားမှာ ပါးစပ်မှ အပြည့်အ၀ (သို့) တစ်စိတ်တစ်ပိုင်း အစာအစားထိုးမျိုး ဖြစ်သင့်ပါသည်။ ဆီးချိုသွေးချိုရှိသူများသည် ဖြည်းညင်းစွာထုတ်ပေးခြင်း (သို့) ဖြည်းညင်းစွာအစာခြေနိုင်တဲ့ ကစီဓာတ်အမျိုးအစားကို အာရုံစိုက်သင့်ပါတယ်။ ဆိုလိုသည်မှာ အရည်အသွေးကောင်းတဲ့ ကစီဓာတ်များမှာ သိသာထင်ရှားတဲ့ အမျှင်ဓာတ်ပါဝင်ပါတယ်။2,3
ဒါကို အစားအစာရှုထောင့်ကနေကြည့်မယ်ဆိုရင် သင်က သွေးတွင်းအချိုဓာတ်အညွှန်းကိန်း (GI) နည်းပါးစွာပါဝင်တဲ့ အစားအစာများကို ရွေးချယ်သင့်ပါတယ်။ စကေးအတိုင်းအတာ (၀) မှ (၁၀၀)တွင် သွေးတွင်း အချိုဓာတ်ကို ဘယ်လောက် မြန်မြန် တက်လာလဲဆိုတာပေါ်မူတည်ပြီး အစားအစာများကို အဆင့်သတ်မှတ်ပါတယ်။ အဆင့်သတ်မှတ်ချက် (၅၅) ထပ်နည်းရင် သွေးတွင်းအချိုဓာတ်အညွှန်းကိန်း(GI) နည်းပါးတယ်လို့ ယူဆနိုင်မှာဖြစ်ပြီး (၆၉) ထပ်နည်းပါက အလယ်အလတ်ဖြစ်ပြီး (၇၀) ထပ်များတဲ့ အစားအစာတွေကတော့ သွေးတွင်းအချိုဓာတ်အညွှန်းကိန်း (GI) များတယ်လို့ သတ်မှတ်နိုင်ပါတယ်။5,6 နောက်ထပ်အရေးကြီးဆုံးအချက်ကတော့ အာဟာရဖြည့်စွက်စွာများတွင် ကိုယ်ခံစွမ်းအားကို အထောက်အကူပြုဖို့ ကူညီပေးနိုင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်များ အချိုးကျ မှန်ကန်စွာ ပေါင်းစပ်ထားဖို့ လိုအပ်ပါတယ်။4 ဘာလို့လဲဆိုရင် ဆီးချိုသွေးချိုခံစားနေရတဲ့ သူဟာ သွေးတွင်း အချိုဓာတ်ပမာဏမြင့်မားနေနိုင်ပြီး ကိုယ်ခံအားဆဲလ်များ၏ ထိရောက်မှုကို ဟန့်တားနိုင်သည့် အာဟာရ ချို့တဲ့မှုအခြေအနေကြောင့်ဖြစ်သည်။4 ၎င်းတို့အနက်မှ အချို့မှာ ပရိုတင်း (ဆဲလ်များ၏ တည်ဆောက်ပုံနှင့် လုပ်ဆောင်ချက်အတွက်)၊ ဗီတာမင် A (ဆဲလ်မျိုးပွားခြင်း နှင့် ကိုယ်ခံအားစနစ်အတွက်) နှင့် Prebiotics (Fructo-oligosaccharides, အူလမ်းကြောင်းကျန်းမာရေးအတွက် FOS) တို့ ဖြစ်သည်။5,8
Glucerna ရဲ့ ကောင်းကျိုးများ
နှစ်ပေါင်း (၃၀) ကျော် သုသေတနပြုလုပ်မှုများ နှင့် လက်တွေ့စမ်းသပ်လေ့လာမှု (၅၀) ကျော်ကို အမှီပြုထားပြီးတော့ Glucerna တွင် တစ်ကြိမ်သောက်သုံးစာတိုင်းအတွက် သွေးတွင်းအချိုဓာတ်အညွှန်းကိန်း (GI) နည်းပါးစွာပါဝင်ပါတယ်။8,9 ဆီးချိုသွေးချိုရှိသူများအတွက် အထူးပြုလုပ်ထားပြီးတော့ အမေရိကန်ရှိ ဆရာဝန်များရဲ့ နံပါတ် (၁) ဆီးချိုသွေးချိုရှိသူများအတွက် အာဟာရဖြည့်စွက်ဖော်မြူလာအဖြစ် ထောက်ခံချက်ရရှိထားပါတယ်။10 အသစ်နှင့် အဆင့်မြှင့်ထားသော ကစီဓာတ်စနစ်ဖြင့် ရောစပ်ထားပြီး15 Myo-inositol ၄12 ဆပါဝင်သောကြောင့် ပိုမိုကောင်းမွန်တဲ့ သွေးတွင်းအချိုဓာတ်ထိန်းညှိမှုကိုရစေမှာပါ။ ဗီတာမင် B အုပ်စုရဲ့ တစ်စိတ်တစ်ပိုင်း၊ Myo-inositol (သို့) Inositol လို့လည်း သိထားတဲ့ (C6H12O6, carbocyclic သကြား) က အင်ဆူလင်လုပ်ဆောင်ချက်ကို အတုယူရန်နှင့် သွေးတွင်း အချိုဓာတ်ပမာဏကို ထိန်းညှိဖို့ကူညီပေးသည့် အရေးကြီးသည့် ကစီဓာတ်ဖြစ်ပါတယ်။7
Glucerna တွင် Oat Fiber နှင့် FOS တို့ပေါင်းစပ်ထားသော ထူးခြားသည့်အမျှင်ဓာတ်နှစ်မျိုး ကြွယ်ဝစွာပါဝင်ပြီး ဗီတာမင်နှင့်သတ္တုဓာတ် 28 မျိုး (ကိုယ်ခံအားအတွက် အာဟာရဓာ ၁၂မျိုး ဖြစ်သည့် ပရိုတင်း၊ ဗီတာမင် A,B6, B12, C,D, E, ဖောလိတ် နှင့် ဆီလီနီယမ်၊ ကြေးနီ၊ ဇင့်နှင့် သံဓာတ်) က သုံးလအတွင်းမှာ သွေးတွင်းအချိုဓာတ်တုံ့ပြန်မှုကိုကောင်းဖို့ ကူညီပေးပါတယ်။13 Glucerna ကို တစ်နေ့လျှင်အနည်းဆုံးနှစ်ကြိမ်သောက်သုံးသင့်ပြီး အဆာပြေ (သို့ ) အစားအစာ အစားထိုး (သို့ ) အစာနှင့်တွဲဖက် သုံးဆောင်နိုင်ပါတယ်။ တစ်ခါသောက်စာအတွက် Glucerna အမှုန့်ကို (၅) ဇွန်းနှင့် ရေကျက်အေး ၂၀၀ မီလီလီတာဖြင့်ဖျော်စပ်ပြီး တစ်နေ့တာအတွင်း သောက်သုံးနိုင်ပါတယ်။ ဘယ်လိုသောက်သုံးရမလဲ မသေချာရင် သင်ရဲ့နေ့စဉ်စားသောက်မှုတွင် Glucerna ကို မည်သို့ ထည့်သွင်းနိုင်သည်ကို သင့်ရဲ့ ဆရာဝန် သို့ အာဟာရအစားအစာဆိုင်ရာပညာရှင်နှင့်တိုင်ပင်ပါ။ သင့်အတွက် ပိုမိုသက်သာလွယ်ကူစေရန် သင်အပြင်မှာရှိနေသည့်အချိန်တွင်လည်း သွေးတွင်းအချိုဓာတ်ကို ထိန်းညှိနိုင်သော Glucerna ကို အသင့်သောက်သုံးနိုင်သည့် ဘူးများဖြင့်လည်း ရရှိနိုင်ပါတယ်။8,9
သင့်မှာ အမျိုးအစား (၂) ဆီးချိုသွေးချို ရှိနေရင် အာဟာရက ၎င်းကိုတိုက်ခိုက်ရန်နှင့်ထိန်းနိုင်ရန် အကောင်းဆုံး ကူညီပေးနိုင်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ မှန်ကန်တဲ့ ကစီဓာတ်နှင့် အာဟာရဖြည့်စွက်စာများကို ရွေးချယ်ခြင်းက ဆီးချိုသွေးချိုကြောင့် ဖြစ်ပေါ်လာသော ပြဿနာများမှ သင့်ကိုကာကွယ်ပေးနိုင်သည့် နည်းလမ်းဖြစ်သည်။ ဆီးချိုသွေးချိုအတွက် အထူးသီးသန့် အာဟာရတစ်မျိုးဖြစ်ပြီး ထူးခြားတဲ့ ပါဝင်ပစ္စည်းများပေါင်းစပ်ထားတဲ့ Glucerna ကို စတင်သောက်သုံးသည့် Day 1 မှ11 သွေးတွင်းအချိုဓာတ်ပမာဏကို ထိရောက်စွာထိန်းညှိနိုင်ဖို့ ကူညီပေးပြီး14 နှလုံးသွေးကြောဆိုင်ရာအန္တရာယ်များကို ထိန်းညှိဖို့စီမံပေးကာ ပုံမှန်ကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးကြောင်း လေ့လာချက်များက သက်သေပြထားပါတယ်။ Glucerna ကို အစားအစာအစားထိုးအဖြစ် သို့မဟုတ် ဆီးချိုသွေးချိုရောဂါကို စီမံထိန်းညှိဖို့ တစ်စိတ်တစ်ပိုင်းအဖြစ် အသုံးပြုနိုင်ပါတယ်။9
Glucerna Myanmar ကိုဒီနေ့ပဲဝင်ရောက်လေ့လာပြီး နမူနာများရယူနိုင်ဖို့ စာရင်းပေးသွင်းဖို့ဖိတ်ခေါ်ချင်ပါတယ်။
References:
- https://worlddiabetesday.org/about/facts-figures/
- https://www.webmd.com/diabetes/diabetes-dietary-supplements
- https://www.uspharmacist.com/article/the-role-of-supplements-in-diabetes-management
- https://diabetes.org/healthy-living/recipes-nutrition/vitamins-diabetes
- https://www.healthline.com/nutrition/blood-sugar-supplements#TOC_TITLE_HDR_4
- https://www.mayoclinic.org/healthy-lifestyle/nutrition-and-healthy-eating/in-depth/glycemic-index-diet/art-20048478
- https://abbottfamily.com.sg/articles/diabetes/inositol
- https://www.glucerna.com.au/why-glucerna/immunity-health
- https://glucerna.ensuremyanmar.com/eng/
- IQVIA, using the ProVoice Survey, fielded to 14,550 physicians from September 1, 2020 to August 31, 2021
- Glucerna has been shown to lower postprandial rises in blood glucose (Devitt et al. J Diabetes Res Clin Metab. 2012; Luo et al. J Diabetes Mellitus. 2012; Mottalib et al. Nutrients. 2016; Davila et al. Nutrients. 2019.)
- Compared to previous formula of Glucerna
- Sun et al. Asia Pac J Clin Nutr. 2008.
- Chee et al. BMJ Open Diabetes Res Care. 2017; Sun et al. Asia Pac J Clin Nutr. 2008.
- Jenkins et al. Diabetologia. 1982.