ဆီးချိုသွေးချိုကိုတွန်းလှန်ဖို့အတွက် အာဟာရဓာတ်များကိုအသုံးချခြင်း
ဆီးချိုသွေးချိုရှိနေသူများအတွက် စားလို့မရတဲ့အရာတွေအရမ်းများနေတဲ့အခါမှာ ဘာစားလို့ရလဲဆိုတာသိရဖို့က စိန်ခေါ်မှုတစ်ရပ်ဖြစ်လာပါတယ်။ဒါပေမဲ့ အစားအစာစားသုံးခြင်းဟာ ဆီးချိုသွေးချိုကို ထိန်းနိုင်ဖို့နဲ့ ကောင်းမွန်စွာနေထိုင်နိုင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းလည်းဖြစ်နေပါတယ်။ ဆီးချိုသွေးချိုရှိနေသူအတွက် မှတ်သားထားရမယ့် အချက်(၃)ချက်ကတော့ အမြဲတမ်း အစားအစာတိုင်းမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ပုံစံတွေရှိနေခြင်း ၊ကစီဓာတ်ကို တွက်ချက်စားသုံးခြင်းက အဓိပ္ပါယ်မရှိတဲ့အရာမဟုတ်ဘူးဆိုတာ နဲ့ ဆီးချိုသွေးချိုရှိသူများအတွက် ထုတ်လုပ်ထားတဲ့ဖြည့်စွက်စာများ (ဥပမာ-Glucerna) ဟာ လွယ်ကူစွာရနိုင်တဲ့ အာဟာရအရင်းအမြစ်များဖြစ်တယ် ဆိုတာပဲဖြစ်ပါတယ်။1, 5
ကျန်းမာရေးနဲ့ညီညွတ်တဲ့ရွေးချယ်မှုများပြုလုပ်ခြင်းကတကယ်တော့ ရိုးရှင်းပါတယ် သရေစာများရောင်းတဲ့ နေရာ (သို့မဟုတ်) အဖျော်ယမကာ နေရာ (သို့မဟုတ်) ပြုပြင်ထားသော အစားအစာ (Fast Food) ရောင်းသောနေရာများ နဲ့ သန့်စင်ထားသော (refined) အစားအသောက်များကို ဆီးချိုသွေးချိုရှိသူတွေအနေနဲ့ နည်းနည်းသာစားသုံးသင့်ပါတယ်။ အဓိက ကတော့ ဆိုဒါသောက်စရာများ၊ Fast Food များ နဲ့ သန့်စင်ထားတဲ့ ဆန်၊ဂျုံ စတာတွေဟာ သွေးတွင်းအချိုဓာတ်အညွှန်းကိန်းများတာကြောင့်ဖြစ်ပါတယ်(သွေးတွင်း ဂလူးကိုစ့်ပမာဏမြန်ဆန်စွာတက်စေ)။ သရေစာတစ်ခုကို စားချင်လာပြီဆိုရင် အိမ်မှာဒီလိုစားစရာမျိုးလုပ်စားလို့ရလား ဒါမှမဟုတ် ကျန်းမာရေးနဲ့ညီညွတ်တဲ့ ပြည့်ဝတဲ့အစားအစာ၊လတ်ဆတ်သော၊ အဆီနည်းသောစတဲ့ရွေးချယ်စရာတွေနဲ့ အစားထိုးစားလို့ရမလားဆိုတာကိုအရင်စဉ်းစားပါ။ ရွေးချယ်လို့ရမယ်ဆိုရင် အမြဲတမ်းကျန်းမာရေးနဲ့ညီညွတ်တာကိုပဲရွေးချယ်စားသုံးပါ။ 1, 3
ကစီဓာတ်တွက်ချက်စားသုံးခြင်း
ကယ်လိုရီ တွက်ချက်သလိုပဲ ကစီဓာတ်တွက်ချက်ခြင်းဟာလည်း ဆီးချိုသွေးချိုနဲ့ကိုက်ညီမယ့် စားသုံးမှုပုံစံကိုစီမံလို့ရစေမယ့် နည်းလမ်းတစ်ခုဖြစ်ပါတယ်။ သင်စားလိုက်တဲ့ ကစီဓာတ်အမျိုးအစား၊ ပမာဏ စတာတွေကို မှတ်ထားဖို့အတွက် အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။ ကိုယ်ဘယ်လောက်စားနေတယ်ဆိုတာကို သိရမယ်ဆိုရင် စားပွဲတစ်ပွဲမှာ ပိုထည့်ရမလား လျော့ထည့်ရမလားဆိုတာသိနိုင်မှာဖြစ်ပြီး ကျန်းမာရေးနဲ့ကိုက်ညီတဲ့သွေးတွင်း ဂလူးကိုစ့်ပမာဏမှာရှိနေစေဖို့အတွက် သရေစာများလည်း တွက်ချက်ပြီးစားသုံးနိုင်မှာဖြစ်ပါတယ်။ ကစီဓာတ်တွေကို ဂရမ်နဲ့ တွက်ချက်ပြီးတော့ အစားအသောက်တစ်ခုမှာ ဘယ်လောက်ပါသလဲဆိုတာတော့ ကိုယ်ဘယ်လောက်သိသလဲအပေါ်မှာမူတည်ပါတယ်။ အွန်လိုင်းမှာ ဘယ်အစားအစာမှာ ဘယ်လောက်ပါတယ်ဆိုတဲ့ ပမာဏတွေကို ကြည့်လို့ရပြီး မိမိရဲ့အစားအသောက်ဆိုင်ရာကျွမ်းကျင်သူဆီမှာလည်းမေးလို့ရနိုင်မှာဖြစ်ပါတယ်။ ယေဘုယျအားဖြင့်ပြောရရင် အစားအသောက်မှာ သကြား၊ Starch၊ အမျှင်ဓာတ်များပါလျှင် သို့မဟုတ် အသီးများ၊ဂျုံပြောင်း၊အရွက်များ၊ အသားအချို့ နဲ့ နို့ထွက်ပစ္စည်းများမှာ ကစီဓာတ်များပါဝင်ပါတယ်။2, 4
ဆီးချိုသွေးချိုရှိသူတစ်ယောက်အနေနဲ့ အဓိကအစားအစာများမှ ကစီဓာတ် ၄၅ မှ ၆၀ ဂရမ်အထိရရှိအောင်စားသုံးသင့်ပြီး သရေစာများမှ ၁၅ မှ ၂၀ ဂရမ်အထိရအောင်စားသုံးသင့်ပါတယ်။ ချိန်ခွင်များကိုအသုံးမပြုဘဲ ကစီဓာတ် ကိုလွယ်ကူစွာတွက်ချက်နိုင်မယ့် နည်းလမ်းတစ်ခုကတော့ ကျန်းမာသောစားသောက်မှုပုံစံ (healthy meal plate) ကို အသုံးပြုခြင်းပဲဖြစ်ပါတယ်၊ ပန်းကန်တစ်ချပ်မှာ အသီးအနှံနဲ့အရွက်များ ၂ပုံ၁ပုံ၊ ပရိုတင်း ၄ပုံ၁ပုံ၊ Starch နဲ့ ဂျုံ၊ပြောင်း ၄ပုံ၁ပုံ ခန့် ထည့်သွင်းစားသုံးခြင်းဖြစ်ပါတယ်။3, 4
မှန်ကန်တဲ့ကစီဓာတ် အရည်အသွေးနဲ့ ပမာဏကို ရွေးချယ်ခြင်း
ကစီဓာတ်အမျိုးအစားအားလုံးက တစ်ခုနဲ့တစ်ခုမတူညီကြပါဘူး။ အသီးအနှံများနဲ့ အစေ့အဆန်များမှာ အမျှင်ဓာတ်၊ ဗီတာမင်၊ သတ္တုဓာတ်များနှင့် Phytochemicals များ ကြွယ်ဝစွာပါဝင်ပြီး စွမ်းအင်အတွက် အကောင်းဆုံး ကစီဓာတ်အရင်းအမြစ်များဖြစ်ပါတယ်။ အသီးအနှံပါဝင်ပြီးဖုတ်ထားတဲ့ ဆိုင်များမှ မုန့်များဟာဆိုရင် အရသာကောင်းပေမယ့် ကယ်လိုရီများစွာပါဝင်နေတာကိုတွေ့ရပါတယ်။ သင်မစားနိုင်တဲ့အရာကို အာရုံစိုက်နေမယ့်အစား ပိုကြာကြာဗိုက်ဝနေစေပြီး အာဟာရများလည်းကြွယ်ဝတဲ့ အစားအစာများကိုဆက်လက်ဖော်ပြချင်ပါတယ်။ အရည်အသွေးပြည့်မီတဲ့ ကစီဓာတ်များ၏ အဓိကအားသာချက်ကတော့ နှေးကွေးစွာချေဖျက်ရပြီး သွေးတွင်းအချိုဓာတ် အညွှန်းကိန်(သွေးဂလူးကို့စ် ကိုမြန်ဆန်စွာတက်စေခြင်းအပေါ်မူတည်ပြီး ၀ မှ ၁၀၀ အထိ အဆင့်သတ်မှတ်ခြင်း) 2လည်း နည်းပါးနေခြင်းဖြစ်ပါတယ်။ အစေ့အဆန်များ၊ သစ်သီးများနဲ့ ဟင်းသီးဟင်းရွက်များရှိအမျှင်ဓာတ်များကို လူ့ခန္ဓာကိုယ်ဟာ သဘာဝအတိုင်း မချေဖျက်နိုင်တဲ့အတွက် ထို ကစီဓာတ်များကို ဂလူးကို့စ်အဖြစ်သို့ ချေဖျက်ဖို့ အစာချေဖျက်သောအင်ဇိုင်းများ ကအလုပ်လုပ်ရပါတယ်။ ဒီလိုမျိုးအစာချေဖျက်ရခြင်းက သွေးတွင်းသကြားဓာတ်ရောက်ရှိခြင်း ကိုနှေးကွေးစေပြီး ခန္ဓာကိုယ်ရဲ့ အင်ဆူလင်ထုတ်လုပ်ခြင်းအပေါ်မှာ ဖိအားသက်ရောက်မှုနည်းစေတဲ့အတွက် ဆီးချိုသွေးချိုအခြေအနေများကို ထိန်းချုပ်နိုင်စေနိုင်မှာဖြစ်ပါတယ်။3, 4
ဆီးချိုသွေးချိုကိုတွန်းလှန်နိုင်ဖို့အတွက် နောက်ထပ်နည်းလမ်းတစ်မျိုးကတော့ diabetes-specific formula(DSF)(ဆီးချိုသွေးချိုရှိသူများအတွက်သီးသန့်ထုတ်လုပ်ထားသောဖော်မြူလာများ)ကို သင့်ရဲ့ ကာဗိုဟိုက်ဒရိတ်ကြွယ်ဝသောအစားအစာရွေးချယ်ခြင်းမှာ ထည့်သွင်းစားသုံးခြင်းဖြစ်ပါတယ်။ ဥပမာအားဖြင့် Glucerna ဟာဆိုရင် အမေရိကန်နိုင်ငံမှဆရာဝန်များထောက်ခံမှုအများဆုံး ဆီးချိုသွေးချိုရှိသူများအတွက် အာဟာရဖြည့်စွက်ဖော်မြူလာ#တစ်ခုဖြစ်ပြီးတော့ ဆီးချိုသွေးချိုရှိသူများရဲ့ အာဟာရလိုအပ်ချက်များကိုပထမဆုံးစတင်သုံးစွဲတဲ့ နေ့မှာပဲပံ့ပိုး*ပေးနိုင်မှာဖြစ်ပါတယ်။ Myo-inositol ၄ဆ^(အင်ဆူလင်ရဲ့လုပ်ဆောင်မှုအတိုင်း တူညီစွာလုပ်ဆောင်ပေးသော ကစီဓာတ်) ပါဝင်အောင်ထုတ်လုပ်ထားတဲ့အတွက် သွေးတွင်းဂလူးကိုစ့် ပမာဏနဲ့ ဆီးချိုသွေးချိုကို ပိုကောင်းမွန်စွာထိန်းညှိနိုင်စေမှာဖြစ်ပါတယ်။ Glucerna မှာ ဗီတာမင်နဲ့ သတ္တုဓာတ် ၂၈ မျိုးပါဝင်ပြီး နှလုံးကျန်းမာရေးအတွက်အထောက်အကူဖြစ်စေတဲ့ အဆီပေါင်းစပ်ပါ၀င်မှုအပြင် ကိုယ်ခံအားကောင်းစေရန် ကူညီပေးတဲ့ အာဟာရဓာတ်များပါဝင်သည့်အတွက် သွေးတွင်းဂလူးကိုစ့်တုန့်ပြန်မှုကို ၃ လအတွင်း ထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်။++, 5
အာဟာရပြည့်ဝစွာစားသုံးခြင်းက အမျိုးအစား (၂) ဆီးချိုသွေးချိုရှိသူများ မိမိအခြေအနေကို ထိန်းနိုင်ဖို့နဲ့ကိုင်တွယ်နိုင်ဖို့ ကောင်းမွန်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ မှန်ကန်တဲ့ကစီဓာတ် အမျိုးအစားကိုရွေးချယ်ခြင်းက ဆီးချိုသွေးချိုကြောင့်ဖြစ်လာမယ့် ဆိုးကျိုးများကို ကာကွယ်နိုင်မယ့် နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ ဒီကစီဓာတ်တွေဟာ အာဟာရဓာတ်တွေဖြည့်ဆည်းပေးမယ့်အပြင်အချိန်ကြာမြင့်စွာ ဗိုက်ပြည့်နေစေမှာဖြစ်ပါတယ်။ သွေးတွင်းဂလူးကိုစ့်ပမာဏကိုထိရောက်စွာထိန်းညှိနိုင်ဖို့အတွက်~ Glucerna ကိုလည်း အစားအစာ တစ်ခုအနေနဲ့ဖြစ်စေ အဆာပြေ အနေနဲ့ဖြစ်စေ သုံးစွဲနိုင်ပါတယ်(ဥပမာ အာဟာရလိုအပ်မှုအပေါ်မူတည်ပြီး ၁-၃ခွက်၊ Glucerna ၅ဇွန်းနှင့် ရေ ၂၀၀မီလီလီတာ)။6
Glucerna Myanmar ကိုဒီနေ့ပဲဝင်ရောက်လေ့လာပြီး နမူနာများရယူနိုင်ဖို့စာရင်းပေးသွင်းဖို့ဖိတ်ခေါ်ချင်ပါတယ်။
References:
- https://caring2u.com/health_info/nutrition-the-underutilized-tool-in-the-fight-against-diabetes/
- https://www.webmd.com/diabetes/foods-fight-type-2
- https://www.hsph.harvard.edu/nutritionsource/disease-prevention/diabetes-prevention/preventing-diabetes-full-story/
- https://www.healthline.com/nutrition/16-best-foods-for-diabetics#best-foods
- https://glucernamyanmar.com/eng/
~ Chee et al. BMJ Open Diabetes Res Care. 2017; Sun et al. Asia Pac J Clin Nutr. 2008.
# IQVIA, using the ProVoice Survey, fielded to 14,550 physicians from September 1, 2020 to August 31, 2021
* Glucerna has been shown to lower postprandial rises in blood glucose (Devitt et al. J Diabetes Res Clin Metab. 2012; Luo et al. J Diabetes Mellitus. 2012; Mottalib et al. Nutrients. 2016; Davila et al. Nutrients. 2019.)
^ Compared to previous formula of Glucerna
++ Sun et al. Asia Pac J Clin Nutr. 2008.
Additional Readings: