ဆီးချိုသွေးချိုရှိသူများသည် ကစီဓာတ် နှင့် ပတ်သတ်၍ ဘာတွေသိထားသင့်သလဲ။
ဆီးချိုသွေးချိုရှိသူများသည် ကစီဓာတ်နှင့် ပတ်သတ်၍ ဘာတွေသိထားသင့်သလဲ။
အဓိကအားဖြင့်ဆီးချိုသွေးချိုရောဂါအမျိုးအစား (၃)မျိုး ရှိပါသည်။ တစ်ခုမှာ ကိုယ်ဝန်ဆောင်ဆီးချိုသွေးချိုဖြစ်ပြီး ကိုယ်ဝန်ဆောင်နေစဉ် အမျိုးသမီးများ ကြုံတွေ့ရပါသည်။ ကျန်အမျိုးအစား ၁ နှင့် ၂ ဆီးချိုသွေးချိုရောဂါတို့သည် ကျား၊ မ အားလုံးတို့တွင်ဖြစ်ပွားပါသည်။ အမျိုးအစား ၁ သည် ခန္ဓာကိုယ်မှ အင်ဆူလင်လုံလောက်စွာမထုတ်လုပ်နိုင်ခြင်း ဖြစ်ပါသည်။ အမျိုးအစား ၂ သည် အများဆုံးဖြစ်ပွားပြီး ၎င်းသည် ခန္ဓာကိုယ်မှထုတ်လိုက်သော အင်ဆူလင်ကို ကောင်းစွာအသုံးမပြုနိုင်ခြင်းဖြစ်ပါသည်။
မည်သည့်အမျိုးအစား ဆီးချိုသွေးချိုရောဂါမဆို သင့်၏သွေးတွင်း၌ အချိုဓာတ်မြင့်မားပြီး ကျန်းမာရေးဆိုင်ရာနောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်စေနိုင်ပါသည်။ ပျောက်ကင်းအောင်မကုသနိုင်ပါ။ သို့သော် GI (Glycemic Index) နိမ့်သောအစားအစာများ စားသုံးပြီး ဆေးဝါများသောက်သုံး၍ ထိန်းသိမ်းနိုင်ပါသည်။
ကစီဓာတ်
ကစီဓာတ်သည် သင်၏ခန္ဓာကိုယ်အတွက် အဓိက စွမ်းအင်အရင်းအမြစ် ဖြစ်သည်။ ၎င်းတို့မှာ သကြား၊ ကစီဓာတ်များ၊ အသီးအနှံများမှရသောအမျှင်၊ ဟင်းသီးဟင်းရွက်များ၊ အစေ့များ၊ ပဲပင်များ၊ နို့နှင့် အခြားပြင်ဆင်ထားသော အစားအစာတို့ဖြစ်သည်။ သင်စားသုံးလိုက်သော ကစီဓာတ်အမျိုးအစားနှင့် ပမာဏနှစ်မျိုးလုံးသည် သင့်ခန္ဓာကိုယ်၏ သကြားဓာတ်ပမာဏကို အကျိုးသက်ရောက်သည်။ထို့ကြောင့် တစ်နေ့တာအတွက် သင်စားသုံးမည့် ကစီဓာတ်ပမာဏကို ဖြန့်ကျက်ထားရန် လိုအပ်သည်။
အစားစားပြီးနောက် သွေးတွင်းသကြားဓာတ်မြင့်တက်ခြင်းသည် ပုံမှန်ဖြစ်သည်။ ပြောရမည်ဆိုလျှင် ကစီဓာတ်အားလုံးသည် သွေးတွင်းသကြားဓာတ်ပေါ်တွင် သက်ရောက်ပုံခြင်း မတူညီပါ။ အချို့ကစီဓာတ်ပါသော အစားအစာများဖြစ်သည့် ပေါင်မုန့်ဖြူနှင့် အဖြူရောင်ခေါက်ဆွဲ ကဲ့သို့သော အစားအစာများသည် အလျင်အမြန်အစာကြေပြီး သွေးတွင်းသကြားဓာတ်ပမာဏကို မြင့်မားစေနိုင်သည်။ အချို့အစားအစာများ အမျှင်ဓာတ်ကြွယ်ဝသောပေါင်မုန့်နှင့် ပဲကဲ့သို့သော အစားအစာများသည် နှေးကွေးစွာ အစာကြေပြီး သွေးတွင်း သကြားမြင့်တက်မှု လျော့နည်းပါသည်။ ကစီဓာတ်အမျိုးအစားနှင့် ပမာဏပေါ်မူတည်၍ ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာကို ရွေးချယ်ခြင်းသည် သင်၏သွေးတွင်းသကြားဓာတ်ပမာဏကို သတ်မှတ်ထားသည့်အတိုင်း ရရှိစေနိုင်ရန်အထောက်အကူပြုပါသည်။
သွေးတွင်းအချိုဓာတ် အညွှန်းကိန်း
သွေးတွင်းအချိုဓာတ် အညွှန်းကိန်း (GI) သည် အခြားအစားအစာများနှင့် နှိုင်းယှဉ်၍ သင်၏ သွေးတွင်းသကြားဓာတ်ပမာဏ မည်မျှ မြင့်တက်သည် ပေါ်မူတည်၍ အစားအစာများကို အဆင့်သတ်မှတ်သည်။ ၎င်းတို့သည် ၀ မှ ၁၀၀ အထိအတိုင်းအတာဖြင့် အဆင့်သတ်မှတ်ထားသည်။ သင်၏သွေးတွင်းသကြားဓာတ်ကို လျင်မြန်စွာ မြင့်တက်စေနိုင်သည့် အစားအစာများသည် အနည်းငယ်စွာ မြင့်တက်သော အစားအစာများထက် အညွှန်းကိန်းနံပါတ်မြင့်သည်။ သွေးတွင်းအချိုဓာတ် အညွှန်းကိန်း (GI) သည် သင့်အားအစားအစာကို စနစ်တကျရွေးချယ်နိုင်ရန် ကူညီနိုင်ပါသည်။
ကစီဓာတ်ကို ရေတွက်ခြင်း။
ကစီဓာတ်ရေတွက်ရန် မည့်သည့်အစားအစာများတွင် မည်သည့် ကစီဓာတ်ပါဝင်သည်ကို သိရှိရန်လိုအပ်ပြီး သင်စားသောအစားအစာများ၏ ကစီဓာတ်ဂရမ်အရေအတွက်ကိုလည်း ခန့်မှန်းရန်လိုအပ်သည်။ ဤအချက်များသည် များသောအားဖြင့် ရိုးရှင်းသော အစားအစာ အသေးစိတ်မှတ်တမ်းများနှင့် အစားအစာတံဆိပ်များကို ဖတ်ရှုခြင်းတို့ပါဝင်သည်။ အစပိုင်းတွင် ၎င်းတို့သည်အနည်းငယ်ရှုပ်ထွေးသွားနိုင်သည်။ ထို့ကြောင့် သင်၏ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ကျွမ်းကျင်ပညာရှင်နှင့် သင်၏အစားအစာ အစီအစဉ်များကို ဖန်တီးရန်အရေးကြီးသည်။ ၎င်းတို့သည် သင်၏ကိုယ်အလေးချိန်၊ဆေးဝါးများ၊ လေ့ကျင့်ခန်းလုပ်ရိုး လုပ်စဉ်များ၊ သွေးတွင်းသကြားဓာတ်သတ်မှတ်ချက်ပေါ်မှုတည်ပြီး သင့်အားကျန်းမာသောအစားအစာကို ရွေးချယ်ရန် ကူညီပေးနိုင်သည်။ အကောင်းဆုံးအချက်မှာ သင်သည် သင်၏အစားအစာဇယားနှင့် အစားအစာကို ပြောင်းလဲရန်နှင့် ချိန်ညှိရန်လိုအပ်၊ မလိုအပ်ကို သိရှိရန် ၆ လတစ်ကြိမ်တွင် သင်၏ အာဟာရပညာရှင်နှင့် တွေ့သင့်ပါသည်။
Glucerna ထုတ်ကုန်များသည် ဆီးချိုသွေးချိုကို မည်သို့ကူညီနိုင်မည်နည်း။
GI နည်းသောအစားအစာများသည် ဆီးချိုသွေးချိုရှိသူများအတွက် အကောင်းဆုံးဖြစ်သည်။ Glucerna သည် ဆီးချိုသွေးချိုရှိသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်နှင့် ၎င်းတို့၏သွေးထဲရှိ ကလူးကို့စ်အဆင့်ကို သဘာဝအရစီမံရန် အထူးပြုလုပ်ပေးထားပါသည်။ အစာကြေပျက်မှု နိမ့်သောကာဘိုဟိုက်ဒရိတ်နှင့်ထုတ်ထားပြီး ၎င်းသည်သွေးတွင်းသကြားဓာတ်မြင့်တက်ခြင်းမှကာကွယ်ပေးသည်။
References:
- https://glucerna.ca/en/diabetes-101/carbohydrates
- https://www.diabetes.org.uk/diabetes-the-basics/differences-between-type-1-and-type-2-diabetes
- https://nutrition.abbott/au/product/glucerna/features