ဆီးချိုသွေးချိုရှိသူများအတွက် အကောင်းဆုံးရွေးချယ်ရန် မြန်မာလူမျိုးတို့၏ အကြိုက်များသောအစားအစာများတွင် သွေးတွင်းအချိုဓာတ်အညွှန်းကိန်းကို မည်သို့သတ်မှတ်ထားသနည်း။
ဆီးချိုသွေးချိုရှိသူများအတွက် အကောင်းဆုံးရွေးချယ်ရန် မြန်မာလူမျိုးတို့၏အကြိုက်များသောအစားအစာများတွင် သွေးတွင်းအချိုဓာတ်အညွှန်းကိန်းကို မည်သို့သတ်မှတ်ထားသနည်း။
လူတစ်စုကို စုစည်းရာတွင် အစားအစာသည် ကမ္ဘာလုံးဆိုင်ရာ ဘာသာစကားဖြစ်သည်ဟူသော ပြောဆိုချက်ရှိသည်။ အစားအစာမှ တဆင့် လူတွေသည် ဘယ်လိုကောင်းကောင်းနေထိုင်သည်ကို ကြည့်နိုင်သည်။ ဘက်စုံစားသည်ဖြစ်စေ၊ အစားအစာလျော့စားခြင်း သို့မဟုတ် ဗိုက်ပြည့်စွာစားခြင်းဖြစ်စေ၊ အစားအစာအားလုံးသည် အရသာရှိသော်လည်း ၎င်းတို့အားလုံးသည် ကျွန်ုပ်တို့၏ ကျန်းမာရေးအပေါ်တွင် မည်သို့ သက်ရောက်သည်ကို တူညီစွာ ဖန်တီးထားခြင်းမဟုတ်ပါ။ ကျွန်ုပ်တို့ နှစ်သက်သော မြန်မာ့အစားအစာများကို သွေးတွင်းအချိုဓာတ်အညွှန်းကိန်း (သင်၏သွေးတွင်းအချိုဓာတ် မည်မျှ လျင်မြန်စွာတက်သည်နှင့် ပတ်သက်၍ ၀ မှ ၁၀၀ အဆင့်သတ်မှတ်ချက်) မည်သို့ သတ်မှတ်ထားသနည်း။
မနက်စာ
အခြားယဉ်ကျေးမှုများနှင့် နည်းတူ မြန်မာလူမျိုးများသည် နံနက်စာမှ စတင်၍ တစ်နေ့လျှင် ထမင်း ၃ နပ်ခန့် စားသုံးကြသည်။ သို့သော် မျက်မှောက်ခေတ် အရှိန်အဟုန်မြင့်မားသော လူနေမှုပုံစံကြောင့် ကျွန်ုပ်တို့သည် မနက်စာကို ကျော်သွားလေ့ရှိပြီး အကယ်၍ကျွန်ုပ်တို့စားလျှင် ကစီဓာတ်နှင့် အဆီများသော အစားအစာများ သာြဖစ်နေတတ်သည်။ ဆန်ပြုတ်၊ ပေါက်စီ၊ ကောက်ညှင်းနှင့် နန်းကြီးသုပ် ( နန်းပြားသုပ်) ကဲ့သို့သော မြန်မာနံနက်စာ အစားအစာများသည် အချိုဓာတ်အညွှန်းကိန်း အဆင့် ၃၉ မှ ၈၇ အထိရှိသည်။ ထိုအဆင့်သတ်မှတ်ချက် ကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ အပိုဟင်းပွဲများနှင့် စိတ်ကြိုက်ထည့်စားနိုင်သော အရာများကို ထပ်ထည့်မည်ဆိုပါက ဆီးချိုသွေးချိုရှိသူများအတွက် အများအပြား စားသုံးရန်မသင့်တော်ပါ။ ကြက်ဥကြော်ကဲ့သို့သော အစားအစာတွင် သွေးတွင်းအချိုဓာတ်အညွှန်းကိန်း နည်းသော်လည်း ကိုလက်စထရောမြင့်မားသောကြောင့် အသင့်အတင့် စားသောက်မှုအရွယ်အစားနှင့်သာ မကြာခဏစားသုံးသင့်ရှိသည်။
နေ့လည်စာ
မြို့ပြပုံစံကြောင့် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း မြန်မာရိုးရာအစားအစာများသည် ဆီများခြင်းနှင့် အချိုမှုန့် (Monosodium Glutamate) နှင့်မကင်းပါ။ သွေးတွင်းအချိုဓာတ် အညွှန်းကိန်းသည် ပုံမှန်ထမင်းနှင့်ဟင်းတွင် အနည်းဆုံး ၈၂ ခန့်ရှိသည်။ ၎င်းအညွှန်းကိန်းတွက်ချက်မှုသည် မြန်မာအစားအစာများတွင် တွေ့ရလေ့ရှိသည့် အခြားအရံဟင်းပွဲများမပါဝင်ပါ။ ယေဘုယျအားဖြင့် သွေးတွင်းအချိုဓာတ်အညွှန်းကိန်း ပါဝင်မှုနည်းသော ပစ္စည်းများဖြစ်သည့် ( ဟင်းသီးဟင်းရွက်ကြော်နှင့် ငါးပိရည်တို့စရာများသည် ) ထမင်းပွဲ၏ အဓိကအစိတ်အပိုင်းဖြစ်သော်လည်း အရသာအတွက် ဆိုဒီယမ်နှင့်ဆီပါဝင်မှုမြင့်မားသည်။ သွေးကြောများပျက်စီးခြင်းကြောင့် ဆီးချိုသွေးချိုရောဂါရှိသူများသည် နှလုံးရောဂါဖြစ်နိုင်ခြေ မြင့်မားသောကြောင့် အစားအစာတွင် ဆိုဒီယမ်ပါဝင်မှုကို စောင့်ကြည့်ရန် အရေးကြီးသည်။
ညစာ
တကယ်တော့ သက်ကြီးရွယ်အိုအများစုသည် ညစာကို စောစောစားရန်သို့မဟုတ် အနည်းဆုံးညနေ ၆:၀၀ လောက်မှာစားရန် ပညာရှင်များကပြောကြားကြသည်။ အဘယ်ကြောင့် ဆိုသော် သင်နောက်ကျမှစားလေ သင်၏သကြားဓာတ်မတည်ငြိမ်မှု များလေဖြစ်ပါသည်။ အကယ်၍ သင်သည် မြန်မာ့ညစာစားရန် ဖိတ်ကြားခံရပါက ဖြစ်သည်။ မြန်မာ့ညစာစားပွဲကို ဖိတ်ခဲ့ဖူးရင် အဲဒါကကြွယ်ဝတဲ့အသား၊ ဟင်းနဲ့အခြားဟင်းလျာတွေပါတဲ့ နေ့လည်စာ စားသကဲ့သို့ ပါပဲ။ ကျွန်ုပ်တို့ အဘိုးအဘွားခေတ်က သူတို့မှာ အာဟာရကြွယ်ဝသော ရွေးချယ်မှုများရှိသော်လည်း အခုခေတ်မှာတော့ ပြန်လည်သန့်စင်ထားသော အစေ့အဆံများနှင့်MSG ထည့်သွင်းပြင်ဆင်ထားသော စားအုန်းဆီပါဝင်သည့် အစားအစာများသည် သွေးတွင်းအချိုဓာတ်အညွှန်းကိန်းနည်းသော်လည်း ကိုလက်စထရောမြင့်မားပြီး သွေးပေါင်ချိန်တိုးစေပါသည်။ ဆီးချိုသွေးချိုရှိသူများသည် ခန္ဓာကိုယ်ရှိကိုလက်စထရောပမာဏကို သက်ရောက်စေသော ၎င်းအစားအစာများကို စားသုံးရန်မသင့်တော်ပါ။
ပါးနပ်စွာ ရွေးချယ်မှုများ
လူတစ်ဦးစီ၏ခန္ဓာကိုယ်သည် အလုပ်လုပ်ပုံချင်းမတူညီသော်လည်း ယေဘုယျအားဖြင့် ပုံမှန်အားဖြင့် အစားစားသောအချိန် တစ်သမှတ်တည်းရှိသည်။ အဘယ်ကြောင့်ဆိုသော် အစာစားသည့်အချိန်သည် သင်စားသုံးသောအစားအစာကဲ့သို့ အရေးကြီးသည်။ သင်သည် ဆီးချိုသွေးချိုရှိသူများစားသုံးသောဆန်ကို မစားနိုင်ပါက ထမင်းငှဲ့ချက်ခြင်း သို့မဟုတ် ပြုပြင်မှုနည်းသောဆန်တို့ကို စားသင့်သည်။ အဘယ်ကြောင့်ဆိုသော် ဆန်ကို ပြုပြင်မှု များလေလေ သွေးတွင်းသကြားဓာတ်ကို များလေလေဖြစ်သည်။ စားအုန်းဆီမဟုတ်သော စားသုံးဆီကို ရှာရန်ခက်ခဲသော်လည်း ချက်ပြုတ်သည့်အခါတွင် ၎င်းပမာဏကို လျှော့ချပါ။ အဘယ်ကြောင့်ဆိုသော် အထူးသဖြင့် နေ့လည်စာစားချိန်တွင် ပရိုတင်းသည် သွေးတွင်းအချိုဓာတ်အညွှန်းကိန်း မြင့်မားခြင်းမရှိသောကြောင့် အဆီများသောဝက်သားများ ဆီပြန်ဟင်းများထက် အသားကင်သို့မဟုတ် ပြုတ်ထားသော အသားနှင့် ငါးများကိုရွေးချယ်ပါ။ သင်သည် မြန်မာလူမျိုးဖြစ်သောကြောင့် ငါးပိမပါဘဲ ထမင်းမစားနိုင်လျှင် တစ်ပတ်တွင် ၂ ကြိမ် သို့မဟုတ် ၃ ကြိမ်ထက်ပိုမစားသင့်ပါ။
ဆီးချိုသွေးချိုရှိသူများအတွက် ကန့်သတ်ထားသည့်အစားအစာများတွင် သင့်အတွက် ကျန်ခဲ့သော အာဟာရများကို အစားထိုးရန် နောက်ထပ်အကူအညီလိုအပ်ပါက အာဟာရဖြည့်စွက်စာသည် ရွေးချယ်စရာတစ်ခုဖြစ်သည်။ ဥပမာအားဖြင့် Glucerna မှ ဖြည့်စွက်အာဟာရများသည် ဆီးချိုသွေးချိုရှိသူများအတွက် အထူးလိုအပ်သော ဗီတာမင်၊ သတ္တုဓာတ်များနှင့် အမျှင်ဓာတ်များဖြင့် တွက်ချက်ထုတ်လုပ်ထားသောကြောင့် သင့်လိုအပ်ချက်များနှင့် ဆာလောင်ခြင်းကို ဖြည့်ဆည်းပေးနိုင်သည်။ Glucerna သည် အချို့သောအစားအစာများအတွက် အစားထိုးအစာတစ်ခု သို့မဟုတ် ပါဝင်ပစ္စည်းတစ်ခုအနေဖြင့် သင့်ဆီးချိုသွေးချိုရောဂါထိန်းညှိမှုကို ပိုမို ကောင်းမွန်အောင် ကူညီပေးနိုင်သည်။
References:
- https://www.mmtimes.com/news/food-guide-well-known-nutritionist.html
- https://www.weightlossresources.co.uk/diet/gi_diet/glycaemic-index-asian-non-western-foods.htm
- https://www.unlockfood.ca/en/Articles/Diabetes/Diabetes-and-Healthy-Eating/Eating-well-with-Diabetes-East-Asian-diets.aspx
- https://glucerna.ca/en/products
Supplemental Readings: