ကူးဆက်နိုင်ခြေမြင့်မားသော ရောဂါများမှ ဆီးချိုသွေးချိုရှိသူများ ဘယ်လို ကာကွယ်နိုင်မလဲ
ကူးဆက်နိုင်ခြေမြင့်မားသော ရောဂါများမှ ဆီးချိုသွေးချိုရှိသူများ ဘယ်လို ကာကွယ်နိုင်မလဲ
အသက်အရွယ်၊ကျား မ၊ လူမျိုးမရွေး ဆီးချိုသွေးချိုရောဂါဖြစ်နိုင်ပါတယ်။ ဆီးချိုသွေးချို အမျိုးအစားအပေါ်မူတည်ပြီး အမျိုးအစာ (၁) ( ခန္ဓာကိုယ်မှ အင်ဆူလင် မထုတ်လုပ်နိုင်ခြင်း) (သို့မဟုတ်) အမျိူးအစား (၂) (အင်ဆူလင်ကို ကောင်းစွာအသုံးမချနိုင်ခြင်း) ဆိုပြီးရှိကာ လူ့ခန္ဓာကိုယ်က အင်ဆူလင် နဲ့ သွေးတွင်းဂလူးကို့စ်ပမာဏ ထုတ်လုပ်ခြင်း ဒါမှမဟုတ် အသုံးပြုခြင်းကို သက်ရောက်မှုရှိပါတယ်။ သွေးတွင်း ဂလူးကို့စ် ပမာဏ မညီမျှခြင်း ဆက်လက်ဖြစ်ပေါ်နေပါက သွေးတွင်းသကြားဓာတ်မြင့်မားလာစေပြီး နှလုံး၊ကျောက်ကပ်၊ နာဗ်ကြော တွေနဲ့ အခြားကိုယ်တွင်းအင်္ဂါတွေ အပေါ်ထိခိုက်မှုတွေဖြစ်ပေါ်လာစေနိုင်ပါတယ်။ ဆီးချိုသွေးချိုရောဂါသည် ခန္ဓာကိုယ်တွင်း သွေးစီးဆင်းမှု နဲ့ ကိုယ်တွင်းအင်္ဂါများရဲ့ လုပ်ဆောင်မှုများ အပေါ်သက်ရောက်မှုရှိတဲ့အတွက် သင့်ခန္ဓာကိုယ်ရဲ့ ကိုယ်ခံစွမ်းအားကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။
ဒီအတွက်ကြောင့် ဆီးချိုသွေးချို ရှိသူတစ်ယောက်အနေနဲ့ ကိုယ်ခံစွမ်းအား တိုးမြှင့်စေဖို့အတွက် ကြိုတင်ကာကွယ်ခြင်း နဲ့ အစားအသောက် (သို့မဟုတ်) အခြားအစားထိုးဖြည့်စွက်စာများ (ဥပမာ- Glucerna) တို့ကို အသုံးပြုခြင်းက အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ သတိထားရမယ့် အဓိကအချက်အလက်အချို့ ကိုဆက်လက်ဖော်ပြထားပါတယ်။ 1, 6
Diabetic ketoacidosis (DKA) နဲ့ ကိုယ်ခံစွမ်းအားအပေါ်သက်ရောက်မှု
သွေးတွင်းဂလူးကို့စ် ပမာဏ ကို စောင့်ကြည့်ထိန်းချုပ်မှုမရှိတဲ့အခါမှာ Diabetic ketoacidosis (DKA) ဖြစ်ပေါ်လာနိုင်ပြီး ဆီးချိုသွေးချိုရှိသူတွေအတွက် ပြင်းထန်တဲ့ ကျန်းမာရေးအခြေအနေတစ်ခုဖြစ်ပါတယ်။ DKA ဟာ အမျိုးအစား(၁) ဆီးချိုသွေးချို အခြေအနေရှိသူတွေမှာ ပိုအဖြစ်များပြီး တော့ အမျိုးအစား (၂) ဆီးချိုသွေးချိုရောဂါရှိသူတွေအနေနဲ့လည်း ဖြစ်နိုင်သည့်အတွက် သတိထားရမယ့် အခြေအနေဖြစ်ပါတယ်။ သွေးတွင်းသကြားဓာတ်မှ စွမ်းအင်အဖြစ်အသုံးပြုဖို့အတွက် ခန္ဓာကိုယ်တွင်းမှာ လုံလောက်တဲ့ အင်ဆူလင်ပမာဏမရှိသည့်အခါ စွမ်းအင်ရရှိဖို့ အရံအဖြစ်ရှိနေတဲ့ အဆီကို အသုံးပြုခြင်း ကို DKA လို့ခေါ်ပါတယ်။1, 2 ဒီအခြေအနေမှာ ကီတုန်း(Ketones)လို့ခေါ်တဲ့ အက်ဆစ် အပိုတွေကို ထုတ်လုပ်စေပါတယ်။ ကီတုန်းထုတ်လုပ်မှုများပြားတဲ့အခါမှာ ကျောက်ကပ်ကို ထိခိုက်စေနိုင်ပြီး ကြွက်သားများကိုပျက်စီးစေနိုင်သလို အခြား ကျန်းမာရေးဆိုင်ရာအခြေအနေများကိုလည်း ဆက်လက်ဖြစ်ပေါ်စေနိုင်ပါတယ်။ DKA ဟာ pH level မညီမျှမှုကိုလည်းဖြစ်စေတဲ့အတွက် ကိုယ်ခံအားစနစ်ရှိ ဆဲလ်တွေရဲ့ လုပ်ဆောင်မှုကိုထိခိုက်စေနိုင်ပါတယ်။ အရံအဖြစ်ထားသော အဆီများကိုဆက်လက်အသုံးပြုတဲ့အခါမှာ ခန္ဓာကိုယ်ဟာ ကူးဆက်မှုရောဂါများမှကာကွယ်ဖို့အတွက် အကာအကွယ်များမရှိတော့နိုင်ပါဘူး။ DKA ဖြစ်ပေါ်နေသူတွေဟာ နိုးကြားတက်ကြွမှု မရှိခြင်း၊ အသက်ရှုနှုန်းမြန်ဆန်ခြင်း၊ ရေဓာတ်ခမ်းခြောက်ခြင်း၊ သတိလစ်ခြင်းနဲ့ အမောမခံနိုင်ခြင်းတို့ ခံစားရပါတယ်။ ဆီးချိုသွေးချိုရှိသူတွေဟာ လှုပ်ရှားမှုလုပ်ပေးခြင်း၊ ကိုယ်ခံအားမြှင့်တင်ပေးတဲ့ အစားအသောက်များ စားသုံးခြင်းတို့ ပြုလုပ်ပေးဖို့အရေးကြီးပါတယ် ဘာကြောင့်လဲဆိုတော့ နေမကောင်းဖြစ်တဲ့အချိန်မျိုးမှာ ခန္ဓာကိုယ်က အင်ဆူလင် ကိုအသုံးပြုဖို့ခက်ခဲစေတဲ့ ဟော်မုန်းတစ်မျိုးကိုထွက်ပေါ်စေတာကြောင့်ဖြစ်ပါတယ်၊ ဒီလိုမျိုးကြုံတွေ့ရတဲ့အခါမှာ DKA အခြေအနေကို ပိုမိုဆိုးရွားလာစေနိုင်ပါတယ်။ 1, 2
လွယ်ကူစွာကာကွယ်နိုင်မယ့် နည်းလမ်းများ
ကာကွယ်ခြင်းဟာ ကုသခြင်းထက် အမြဲတမ်းပိုမို ကောင်းမွန်သည့်အလျှောက် မိမိရဲ့သွေးတွင်းသကြားပမာဏကို အမြဲစောင့်ကြည့်နေဖို့လိုအပ်ပါတယ်။ သွေးတွင်းသကြားဓာတ်ကို သတ်မှတ်ထားတဲ့ ပမာဏအတွင်းအမြဲရှိနေအောင်ကြိုးစားနေထိုင်ပြီး လိုအပ်တဲ့ ဆေးဝါးသုံးစွဲမှုများပြုလုပ်ကာ ရံဖန်ရံခါ ဆေးပညာကျွမ်းကျင်သူများနဲ့တွေ့ဆုံဆွေးနွေးပါ။ နေလို့ကောင်းနေပြီး ကျန်းမာနေလျှင်ပင် အဆိုပါအချက်များကို လုပ်ဆောင်သင့်ပါတယ်။ ရေငတ်ခြင်းနဲ့ မကြာခဏ ဆီးသွားခြင်းတို့ဟာ DKA ရဲ့ လက္ခဏာများဖြစ်တဲ့အတွက် အရည်များများသောက်ပေးပါ၊အထူးသဖြင့် ရေ ကိုသောက်ပါ။1, 2
ကျန်းမာစွာနေထိုင်နိုင်ဖို့အတွက် အားကစားပြုလုပ်ခြင်းရောလုပ်နိုင်သလား? ပြင်းထန်တဲ့လှုပ်ရှားမှုခြင်းသည် သွေးတွင်းသကြားဓာတ် နဲ့ ခန္ဓာကိုယ်တွင်း ကီတုန်း (ketone) များကိုမြင့်တက်စေသည့်အတွက် မလုပ်ရန်တိုက်တွန်းထားကြပါပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးသူတွေရဲ့ အကြံဉာဏ်ကိုနားထောင်ပါ။ ဆီးချိုသွေးချိုရှိသူများ ကိုယ်ခံအားကောင်းစေရန် စားသောက်မှုပုံစံမှာ ပြည့်စုံပြီးမျှတတဲ့ စားသောက်မှုပုံစံဖြစ်စေဖို့လည်းလိုအပ်ပါတယ်။1, 2
မိမိရဲ့ သွေးတွင်းဂလူးကို့စ်ပမာဏကို အမြဲထိန်းညှိနေသလိုပဲ၊ အစားအသောက်များကို ပုံမှန်စားနေကြအတိုင်း ဂရုစိုက်ပြီး အချိန်မှန်စားပါ၊ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအသောက်များဖြစ်စေဖို့တော့ လိုအပ်ပါတယ်။ ဆီးချိုသွေးချိုရှိသူတစ်ယောက် ကိုယ်ခံအားတက်စေဖို့အတွက် လိုအပ်တဲ့အာဟာရများကတော့ ကိုယ်ခန္ဓာမှရောဂါများကို တိုက်ထုတ်ပေးသော ပဋိဇီဝပစ္စည်း (antibody) ထုတ်လုပ်စေရန် အရည်အသွေးပြည့်ဝတဲ့ ပရိုတင်းများ၊ အရေပြားနဲ့ တစ်ရှုးကျန်းမာရေးအတွက် ဗီတာမင် အေ တို့ဖြစ်ပါတယ်။ ဆဲလ် ထုတ်လုပ်မှုကို ဇင့် ဓာတ်ကအထောက်အကူဖြစ်စေပြီး ဗီတာမင် ဒီ ကတော့ အဆိုပါ ဆဲလ်တွေရဲ့ ကျန်းမာရေးကို အထောက်အကူပြုပါတယ်။ ဗီတာမင် နဲ့ သတ္တုဓာတ်တွေကို အဆီနည်းသောအသား၊ဥ၊မုန်လာဥနီ၊ ချဉ်သောအသီးများ၊ငါး နဲ့ ပဲအမျိုးမျိုးမှ ရရှိနိုင်ပါတယ်။ သွေးတွင်း ဂလူးကို့စ်ပမာဏဟာ ကစီဓာတ်အပေါ်မှာ မူတည်နေတဲ့အတွက် သွေးတွင်းအချိုဓာတ်အညွှန်းကိန်းနည်းပါးတဲ့ အစားအသောက်များကိုရွေးချယ်ခြင်းက သွေးတွင်းဂလူးကို့စ်ပမာဏ ကိုတည်ငြိမ်စေမှာဖြစ်ပါတယ်( GI- Glycemix Index၊ သွေးတွင်း ဂလူးကို့စ် ပမာဏ ဘယ်လောက်မြန်ဆန်စွာတက်စေလဲ အပေါ်မူတည်ပြီး ၀ မှ ၁၀၀ အထိ အညွှန်း)။ သွေးတွင်းအချိုဓာတ် အညွှန်းကိန်း နည်းတဲ့အစားအသောက်တွေကို ပြရမယ်ဆိုရင် အစေ့အဆံ (whole grain) နဲ့ အုတ် (oats) ပဲဖြစ်ပါတယ်။ အရိုးအရှင်းဆုံးဖော်ပြရရင် သင့် နေ့စဉ်စားသောက်မှုပုံစံမှာ အသီးအရွက်များ၊သစ်သီးများ၊ အဆီနည်းသောအသားများ များစွာပါဝင်မယ်ဆိုရင် မျှတနေပြီလို့ပြောလို့ရပါတယ်။3, 4
ကြိုတင်ကာကွယ်ခြင်းဟာ ကုသမှုရယူပြီးနေထိုင်ခြင်းထက် ပိုကောင်းမွန်ပေမယ့် နေ့စဉ်စားသောက်မှုပုံစံကို ပြုပြင်ခြင်းဟာ သင့်ကြုံတွေ့နေရတဲ့အခက်အခဲပြဿနာတော်တော်များများကို ဖြေရှင်းပေးနိုင်ပါလိမ့်မယ်။ သင့်နေ့စဉ်စားသောက်မှုပုံစံမှာ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အသီးအရွက်များ၊အဆီနည်းသောအသား၊အသီးများနဲ့ သွေးတွင်းအချိုဓာတ်အညွှန်းကိန်းနည်းပါးတဲ့ ကစီဓာတ် အစားအစာများ များစွာပါဝင်နေမယ်ဆိုရင် သင့်ရဲ့ နည်းလမ်းသည် အဆင်ပြေနေပြီဟု ပြောလို့ရပါသည်။
အစားအသောက် အချို့ကိုအစားထိုးဖို့အတွက် အာဟာရဖြည့်စွက်စာများအသုံးပြုနိုင်သလား ဒါမှမဟုတ် အာဟာရဖြည့်စွက်စာများကို တွဲဖက်အသုံးပြုနိုင်ပါသလား?
ရပါတယ်၊ ဆီးချိုသွေးချိုရှိနေသူတွေအတွက် သီးသန့် ထုတ်လုပ်ထားတဲ့အာဟာရဖြည့်စွက်စာများကိုသုံးစွဲနိုင်ပါတယ်။ ဥပမာ-Glucerna မှာ Myo inositol ၄ ဆ^ ပါဝင်ပြီး(အင်ဆူလင်ရဲ့ လုပ်ဆောင်မှုတွေကို အလားတူလုပ်ဆောင်ပေးပြီး၊ အင်ဆူလင် အာရုံခံနိုင်စွမ်းကို တိုးစေဖို့အတွက် အဓိကကျတဲ့ ကစီဓာတ်ဖြစ်ပါတယ်) သွေးတွင်းဂလူးကို့စ်ပမာဏကို ၃ လအတွင်းထိန်းညှိ# စေနိုင်ဖို့အတွက်အဆင့်မြင့် ကစီဓာတ် နည်းစနစ်+ပါဝင်ပါတယ်။ Glucerna ရဲ့ ဖော်မြုလာအသစ်နဲ့ ဖော်စပ်ထုတ်လုပ်မှုမှာ ကိုယ်ခံစွမ်းအားကို အဓိကမြှင့်တင်ပေးတဲ့ အရည်အသွေးမြင့် ပရိုတင်းများ၊ဗီတာမင် အေ၊ ဗီတာမင် စီ၊ ဗီတာမင် ဒီ၊ ဗီတာ အီး နဲ့ ဇင့် တို့ပါဝင်ပါတယ်။
အမေရိကန်နိုင်ငံမှ ဆရာဝန်များထောက်ခံမှုအများဆုံး နံပါတ်(၁) ဆီးချိုသွေးချိုရှိသူများအတွက် အာဟာရပြည့်စွက်ဖော်မြူလာ* တစ်ခုဖြစ်တဲ့ Glucerna ဖြစ်ပြီး မိမိနဲ့ ကိုက်ညီမှုရှိမရှိ သိရှိနိုင်ဖို့ နဲ့ နမူနာ များရရှိနိုင်ဖို့ စုံစမ်းခြင်းများ ပြုလုပ်လိုပါက Glucerna Myanmar ကို ဒီနေ့ပဲ ဝင်ရောက်ကြည့်ရှုလိုက်ပါ။5, 6
References:
- https://www.cdc.gov/diabetes/basics/diabetic-ketoacidosis.html#:~:text=Diabetic%20ketoacidosis%20(DKA)%20is%20a,cells%20for%20use%20as%20energy.
- https://my.clevelandclinic.org/health/diseases/21945-diabetic-ketoacidosis-dka#management-and-treatment
- https://www.nutritionnews.abbott/healthy-living/diet-wellness/how-nutrition-supports-your-immune-system/
- https://health.clevelandclinic.org/glycemic-index/
- https://abbottfamily.com.sg/articles/diabetes/inositol
- https://www.glucerna.com.au/why-glucerna/immunity-health
^ Compared to previous formula of Glucerna
# Sun et al. Asia Pac J Clin Nutr. 2008.
* IQVIA, using the ProVoice Survey, fielded to 14,550 physicians from September 1, 2020 to August 31, 2021
+ Jenkins et al. Diabetologia. 1982
Additional Readings:
The Role of DSF (Playlist)
https://www.facebook.com/watch/453478048178106/211003127017128
Interview with Dr. U Ye Myint
https://www.facebook.com/453478048178106/videos/1043489339441649