အဘယ်ကြောင့် အာဟာရဟာ ဆီးချိုသွေးချို ရှိသူများအတွက် အကောင်းဆုံး အကာအကွယ် ဖြစ်ပါသလဲ။
အဘယ်ကြောင့် အာဟာရဟာ ဆီးချိုသွေးချို ရှိသူများအတွက် အကောင်းဆုံး အကာအကွယ် ဖြစ်ပါသလဲ။
ဆီးချိုသွေးချိုရောဂါနှင့်ပတ်သက်လာလျှင် ဆီးချိုသွေးချို အမျိုးအစား ( ၁ ) သည် သင်၏ခန္ဓာကိုယ်မှ အင်ဆူလင်ကို အနည်းငယ်ကနေ လုံးဝမထုတ်လုပ်နိုင်ခြင်းဖြစ်ပြီး အမျိုးအစား ( ၂ ) သည် သင်၏ခန္ဓာကိုယ်မှ သွေးတွင်းသကြားဓာတ်ကို ကောင်းမွန်စွာ အသုံးမချ နိုင်သည်ကို အများစု သိကြပြီးဖြစ်ပါသည်။ ၎င်းကို မထိန်းနိုင်ပါက ဆီးချိုသွေးချိုသမားများသည် နာတာရှည်ရောင်ရမ်းခြင်းများ ဖြစ်လာနိုင်ပါသည်။ ထို့ကြောင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိရန်အတွက် အကောင်းဆုံးနည်းလမ်းမှာ မှန်ကန်သော အာဟာရ ရရှိခြင်း ဖြစ်ပါသည်။ ဒီနေ့တော့ လတ်ဆတ်သည့် အစားအစာများမှ ကောင်းမွန်တဲ့ အရည်အသွေးရှိ အာဟာရသည် အဘယ်ကြောင့် ဆီးချိုသွေးချို သမားများအတွက် အကောင်းဆုံး ကာကွယ်ခြင်းဖြစ်သည်ကို အောက်တွင်လေ့လာကြပါမည်။
ကောင်းမွန်တဲ့ အာဟာရက သင်ဘာစားသလဲ ဆိုတာကို ခြေရာခံနိုင်စေပါတယ်…
ဆီးချိုသွေးချိုရောဂါကို စီမံခန့်ခွဲရန်အတွက် သင်နှစ်သက်သော အစားအစာအုပ်စုများကို လက်တွေ့ကျကျရွေးချယ်နိုင်စေရန် ကွဲပြားသော အစားအစာများမှ ရွေးချယ်ပါ။ ဆီးချိုသွေးချို ရှိသူများစားသုံးသော အစားအစာများသည် ပေါ့ရွတ်ပြီး အရသာမရှိဟု သင်စိုးရိမ်နိုင်သော်လည်း သင်ဘာစားလိုက်သလဲဆိုတာထက် ဘယ်လောက်စားလိုက်တယ်ဆိုတာက ပိုစိုးရိမ်စရာပါ… သင် အသားအမျိုးမျိုး စားဖြစ်နေသလား၊ အစိမ်းရောင်အစားအစာများ ဘယ်လောက်စားနေသလဲ၊ အကြော်များ၊ သကြားပါသည့် အချိုရည်များစားသောက်ဖြစ်နေသလား ဒါမှမဟုတ် တစ်နေ့တာမှာ ကော်ဖီတစ်ခွက်ထက် ပိုပြီး သောက်ဖြစ်နေသလားကို သင့်ကိုယ်သင် ပြန်မေးကြည့်ပါ။ စတင်ရေတွက်လိုက်ပြီးသည်နှင့် အဆင့်အဆင့်ချိန်ညှိနည်းများကို သိရှိနားလည်လာမှာ ဖြစ်ပါတယ်။
အရည်အသွေးနှင့် အရေအတွက်က ဘာကြောင့် အရေးကြီးတာလဲ
ကံမကောင်းစွာဖြင့် ကာဗိုဟိုက်ဒရိတ်အားလုံးသည် တူညီအောင်ဖန်တီးထားခြင်းမဟုတ်ပါ။ ပစ္စည်းတစ်ခုဟာ သင့်သွေးတွင်းသကြားဓာတ်ကို ဘယ်လောက်မြင့်တက်စေသလဲကို သိရှိရန် အစားအစာရဲ့ အချိုဓာတ်အညွှန်းကိန်း (Glycemic Index- GI) ကို စမ်းစစ်ပါ။ GI သည် အစားအစာများကို ၀ မှ ၁၀၀ အထိသတ်မှတ်ပေးသည်။ အနိမ့်ဆုံးအမှတ်များသည် သွေးတွင်းဂလူးကို့စ်တက်မှုကို နှေးကွေးစေပြီး မြင့်မားသော အမှတ်များသည် သွေးတွင်းဂလူးကို့စ်တက်မှုကို ပိုမိုမြန်ဆန်စေပါတယ်။ သုတေသနပြုလုပ်ခြင်းသည် GI အဆင့်ကို သိရှိရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သော်လည်း ၎င်းကို သိရှိရန် အလွယ်ဆုံးနည်းလမ်းမှာ ပြုပြင်ဖန်တီး ပြင်ဆင်ထားမှု ပိုမိုနည်းပါးလေ GI အဆင့်နိမ့်လေဖြစ်မည်ကို မှတ်သားထားနိုင်ပါတယ်။ ကောင်းမွန်တဲ့ကာဗိုဟိုက်ဒရိတ်များကို အစေ့အဆန်များ၊ သစ်သီးများ၊ ဟင်းသီးဟင်းရွက်များနှင့် ပဲများတွင်တွေ့ရသော်လည်း သကြားကနေရတဲ့ ကာဗိုဟိုက်ဒရိတ်များကို ပြုပြင်ဖန်တီးပြင်ဆင်ထားတဲ့ အစေ့အဆန်များနှင့် ပြန်လည်ပြုပြင်ထားသေားအစားအစာများကနေ ရကြပါတယ်။ အရည်အသွေးအရဆိုလျှင် အာလူးကြော်များသည် အုတ်ဂျုံတစ်ပန်းကန်ထက် GI ပမာဏ နည်းသည်ဟုထင်ရသော်လည်း အုတ်ဂျုံတွင် ပိုမိုမြင့်မားသော အာဟာရဓာတ်နှင့် အမျှင်ဓာတ်များစွာ ပါရှိပါတယ်။ ဆီးချိုသွေးချိုရှိသူများသည် ကိုယ်အလေးချိန်ကိုတက်စေသည့်သကြားမှပြုလုပ်ထားတဲ့ အခြားအာဟာရမပါဝင်သော အစားအစာများ(အချိုရည်၊သကြားလုံး၊ ကိတ်မုန့် စသည်) မှရရှိသည့် ကယ်လိုရီများကို ရှောင်ရှားသင့်ပါတယ်။
ဖြည့်စွက်စာများနှင့် ဆီးချိုသွေးချိုဆိုင်ရာ သီးသန့်ပုံသေနည်းများ
ဆီးချိုသွေးချိုရောဂါကို ထိန်းချုပ်ရန် အဓိကအချက်မှာ ရောဂါကို ရှာဖွေခြင်းနဲ့ စောစီးစွာကုသခြင်းပင်ဖြစ်သည်။ အခြေအနေများကြာရှည်ပါက ဘေးထွက်ဆိုးကျိုးများ အများအပြားရှိလာနိုင်ပါသည်။ အချိန်ကြာလာသည်နှင့်အမျှ နာတာရှည်ရောင်ရမ်းခြင်းသည် ရောဂါပိုးများကို တိုက်ထုတ်ရန် ခုခံအားစနစ်ကို ကျဆင်းစေပြီး အခြားမရှိမဖြစ် လိုအပ်သော ကိုယ်တွင်းအင်္ဂါများ၏ စွမ်းဆောင်ရည်ကို လျော့ကျစေသည်။ အဘယ်ကြောင့်ဆိုသော် သွေးလည်ပတ်မှု အားနည်းခြင်းဟာ ခန္ဓာကိုယ်ခုခံအား ကာကွယ်ရေး ယန္တရားများကို စုစည်းပြီး အာဟာရဓာတ်များကို ဖြန့်ဝေဖို့ အချိန်ပို ကြာစေသောကြောင့်ဖြစ်ပါတယ်။
အစားအသောက်တစ်ခုတည်းမှ တစ်ဆင့်သင့်လျော်သော အာဟာရကို ရရှိခြင်းသည် ဆီးချိုသွေးချိုသမားများအတွက် ရှုပ်ထွေးစေတာကြောင့် ဆီးချိုသွေးချိုသမားများအတွက် သီးသန့်အာဟာရဖော်မြူလာများ၏ အကူအညီကို အသုံးပြုကြပါတယ်။ ဆီးချိုသွေးချိုသမားများအတွက် သိပ္ပံနည်းကျ ဖော်စပ်ထားသော Glucerna သည် GI အဆင့်နိမ့်သည်။ ကျန်းမာရေးစောင့်ရှောက်သူများမှ အကြုံပြုထားသည့် Glucerna သည် သွေးတွင်းဂလူးကို့စ်တုံ့ပြန်မှုကို စီမံခန့်ခွဲရာတွင် ခန္ဓာကိုယ်၏ သဘာဝဖြစ်စဉ်ကို ကူညီပေးနိုင်သည့်စွမ်းရည်ရှိသည်။ ကယ်လိုရီနည်းသော ပရိုတင်းနှင့် အမျှင်ဓာတ် ၂ဆ ပါသောကြောင့် သင့်အားပိုမိုကြာရှည်စွာ ဗိုက်ပြည့်စေခြင်း၊ နှလုံးကျန်းမာစေမည့်အဆီများ၊ ဗီတာမင် ဒီ၊ ကယ်လ်စီယမ်၊ ဇင့်နှင့် သံဓာတ် တို့ပါရှိသောကြောင့် Glucerna သည်ဆီးချိုသွေးချိုသမားများ၏ နေ့စဉ်အာဟာရ လိုအပ်ချက်များကို ဖြည့်ဆည်းပေးပြီး သွေးတွင်းသကြားဓာတ်စီမံခန့်ခွဲရာတွင် အထောက်အကူဖြစ်စေပါသည်။
References:
- https://abbottnutrition.com.my/adult-nutrition/nutrition-the-underutilized-tool
- https://familydoctor.org/condition/diabetes/
- https://diatribe.org/issues/63/learning-curve
- https://www.verywellhealth.com/what-are-the-common-infections-with-diabetes-1087622
.